ဇန်နဝါရီ-၁၉ ၊၂၀၂၆။မိုမို/People’s Spring
စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်မှာ စစ်တပ်ရွေး ကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်အချို့ ဖမ်းဆီးခံရတယ်လို့ ဒေသခံသတင်းရင်းမြစ် အချို့က ပြောပါတယ်။
တော်လှန်ရေးအင်အားစုဘက်က ဖမ်းဆီးခဲ့သူတွေဟာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဦးတင်လှရွှေ နဲ့ ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦးလို့ သိရပါတယ်။
“ ဖမ်းဆီးခံထားရတယ်ဆိုတာဟုတ်တယ် ၊ကြားတယ်။ ဘယ်အဖွဲ့ကဖမ်းတယ်ဆိုတာတော့မသိသေးဘူး” လို့ချောင်းဦးမြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

Public Service Announcement
ချောင်းဦးမြို့နယ်မှာ ရွေးကောက်ပွဲကိုဇန်န ဝါရီ ၁၁ ရက်နေ့က ပြုလုပ်ခဲ့ပြီး စစ်တပ်နဲ့တော်လှန်ရေးအဖွဲ့တွေကြားနှစ်ဖက် တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
“ မြို့ပေါ်မှာ ဖမ်းခံရတယ်ကြားတယ်။စစ်ကြောင်း တော့မရှိဘူးလက်နက်ကြီးနဲ့ကတော့ နေ့တိုင်းနီးပါးကို ပစ်နေတာ” ချောင်းဦးမြို့ခံတစ်ဦးက စစ်တပ်ရွေးကောက်ပွဲကော်မရှင် ဖမ်းခံရတဲ့အခြေအနေ ကို ပြောပါတယ်။
စစ်တပ်ကဦးစီးပြီး ပြုလုပ်နေတဲ့ ရွေးကောက်ပွဲက တရားမဝင် အတုအယောင် ဖြစ်ပြီး အဲဒီ့ ရွေး ကောက်ပွဲကို တားဆီးမယ်လို့ ကြေညာထားပါတယ်။
အဲဒါကြောင့် ရွေးကောက်ပွဲလုပ်ဖို့ စစ်တပ်အထိုင်ချတဲ့ ရွာနဲ့ မြို့တွေ ကို ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာရှိပါတယ်။
မကွေးတိုင်းထဲကမြို့သစ် နဲ့ ကံမမြို့တွေမှာလည်း စစ်တပ်ယာဥ်တန်းတိုက်ခိုက်ခံရတာကြောင့်စစ်
တပ်ရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်အပါအဝင် မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးအချို့ သေဆုံးထားပါတယ်။















































