ဗိုလ်လက်ျာ
တပ်ရင်းမှူး
ရွှေဘိုခရိုင်တပ်ရင်း ၉၇၀၆ (ဒေါင်းနီတပ်ရင်း)
⦿ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု SRA ဖွဲ့စည်းလိုက်တဲ့အပေါ်အမြင်သဘောထား။

Public Service Announcement
ဗိုလ်လက်ျာ – အဓိက SRA ဖွဲ့စည်းတဲ့အပေါ်မှာ ကျွန်တော်တို့အနေနဲ့ ဝမ်းမြောက်ဝမ်းသာနဲ့ ကြိုဆိုရမယ့် အနေအထားရှိတယ်။ ဘာလို့လဲဆိုတော့ တော်လှန်ရေး ရေချိန်ကလည်းမြင့်လာတယ်။ လိုအပ်တဲ့ အချိန်ကာလတစ်ခုမှာ ဒီလိုမျိုး အင်အားကောင်းတဲ့ အဓိက စစ်ရေးရည်မှန်း ချက်တွေ ကောင်းတဲ့ အဖွဲ့ အစည်း (၁၉) ဖွဲ့ကနေပြီးတော့ စုစည်းပြီးတော့ SRA ဆိုပြီးတော့ ဖွဲ့စည်းတယ်။ ဒီထက်ပိုပြီးတော့ အများကြီး အလုပ်လုပ်နိုင်မယ်လို့လည်း ကျွန်တော့်အနေနဲ့ ယုံကြည်တယ်ပေါ့နော်။ ဒါပေမဲ့ တစ်ခုရှိတာကတော့ အဲဒီမှာက အခက်အခဲတွေတော့ အများကြီးရှိတာပေါ့။ အဖွဲ့တခုနဲ့ တခု ကြားထဲမှာက ကိုယ်ပိုင်နိုင်ငံရေးရည်မှန်းချက်တွေ၊ နိုင်ငံရေးမျှော်မှန်းချက်တွေ၊ စစ်ရေးရည်မှန်းချက်တွေရှိတာပေါ့နော်။ အဲဒီဟာတွေကို ကိုယ့်တပ်ရဲ့ အလံဆိုတာထက် တော်လှန်ရေး အောင်နိုင်ခြင်းအလံ အောက်မှာအတူတူ Negotiation ကောင်းကောင်းလုပ်ပြီးတော့ ညှိုနှိုင်း ဆောင်ရွက်မှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ အခုနက ဆရာအောင်စံရှားပြောသွားသလိုပဲ Joint Command ကောင်းကောင်းနဲ့ တည်ဆောက်နိုင်မယ်ဆိုရင်တော့ ပိုပြီးတော့ ကောင်းမွန်တဲ့ အရွေ့တစ်ခုကို တွန်းနိုင်မယ်လို့ ယုံကြည်မိပါတယ်။
⦿ စုဖွဲ့မှုနဲ့တိုက်ပြီးသိမ်းထားတဲ့နယ်မြေတွေ ပြန်လက်လွှတ်ရတဲ့အခါ တိုင်းရင်းသားတော် လှန်ရေးတပ်တွေနဲ့ PDF ကြား မဟာမိတ်ဆက်ဆံရေးထိခိုက်မှုရှိသလား။
ဗိုလ်လက်ျာ – အဓိကက ကျွန်တော်တို့အညာတပ်ရင်းတပ်ဖွဲ့တွေအနေနဲ့ ရှမ်းမြောက်မှာ စစ်ဆင်ရေးတွေပူး ပေါင်းဆောင်ရွက်ရတဲ့ဟာပေါ့နော်။ ဒါကတော့ တကယ်တမ်းကျတော့ ကျွန်တော်တို့ အညာ PDFတွေနဲ့ တိုင်းရင်းသား ERO တွေရဲ့ကြားက တကယ်သမိုင်းဝင်ဆက်ဆံရေး တခုလို့ ပြောလို့ရတယ်ပေါ့နော်။ ကျွန်တော် တစ်ယောက်တည်း စိတ်ဆန္ဒအရ ပြောရမယ်ဆိုရင်တော့ မြို့တွေပြန်ပေးလိုက်ရတာရှိတယ်။ အခုဆိုရင် တောက်လျှောက် စကစထိုးလို့ ပြန်ပေးလိုက်ရတာတွေရှိတယ်။ ဒီလိုမျိုးဖြစ်နေတဲ့ အခြေအနေကို သူတို့ကို ကိုယ်ချင်းစာပေးလို့ရတယ် နားလည်ပေးလို့ရတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာလည်း တရုတ်ရဲ့ဖိအားပေါ့နော်။ တရုတ်ရဲ့ ဖိအားကို လွန်ဆန်နိုင်ဖို့ ခဲယဉ်းတယ်ပေါ့။ ကျွန်တော်တို့ ရှမ်းမြောက်မှာရှိနေတဲ့ အချိန်အတွင်းကို တောက်လျှာက် ဒီအပြစ်မဲ့ပြည်သူတွေကို လေယဉ်တွေနဲ့ တောက်လျှောက်ဗုံးကြဲနေတဲ့အခြေအနေလည်းရှိတာပေါ့ စကစအနေနဲ့က။ အဲလိုမျိုး အခြေအနေတွေကြားထဲကနေပြီးတော့ သူတို့မှာလည်း နိုင်ငံရေး အခက်အခဲအကျပ်အတည်းတွေ ကြားထဲကနေပြီးတော့ သဘောတူညီချက် တွေလုပ်လိုက်ရတဲ့ သဘောလို့ ကျွန်တော်ထင် တယ်ပေါ့နော်။
နောက်တစ်ခုက အဲဒီဟာက မဟာမိတ်ဆက်ဆံရေးအပေါ်တော့ အဲလောက်ကြီးတော့ ဆိုးရွားစေမယ်လို့ ကျတော်မမြင်ဘူး။ ဒါပေမဲ့ တခုရှိတာကတော့ ကျတော်တို့ မိုးကုတ်မှာဖြစ်သွားတဲ့ အခြေအနေလေးကတော့ နည်းနည်းတော့ပြောစရာဖြစ်တာပေါ့။ တပ်ဆုတ်ပြီဆိုရင်လည်း ကျွန်တော်တို့ တပ်ပြန်ဆုတ်တာမျိုးရှိတယ်။ အဲတော့ ဒီတပ်တွေလာမှ ခေါ်သွင်းတဲ့ ပုံစံမျိုးတွေ သက်ရောက်တယ်ဆိုတာကြတော့ ကိုယ်ကိုယ်တိုင် ရှမ်းမြောက်မှာ စခန်းသိမ်းတွေ အများကြီးလုပ်ပြီးတော့ ရဲဘော်တွေကလည်း အများကြီး အညာဘက်ကရဲဘော်တွေ အများကြီးသွေးမြေကျပြီး ပေးဆပ်ပြီးမှ ဖြစ်တဲ့အတွက် များစွာတော့ စိတ်မကောင်းဖြစ်ရတယ် ပေါ့နော်။ အဲဒီအတွက်ကို ကျွန်တော်ခုနက ကနဦးပြောသလိုပဲ သူတို့အနေနဲ့ MNDAA ပဲဖြစ်ဖြစ်၊ TNLA ပဲဖြစ်ဖြစ် နိုင်ငံရေးအခက်အခဲ အကြပ်အတည်းကြောင့် သာသူတို့ဆုံးရှုံရတဲ့ အခြေအနေ ပြန်ပေးရတဲ့ အခြေအနေလေးတွေရှိတယ်လို့ ကျတော်မြင်တယ်။
တော်လှန်ရေး တလျှောက်နောက်ပိုင်းတွေမှာလည်း သူတို့အနေနဲ့ ဘယ်လိုပူးပေါင်းပါဝင်လို့ရလဲ ဆိုတဲ့ အစီအမံတွေလည်း ရှိမယ်လို့ ကျတော်တို့ယုံကြည်ပါတယ်။ တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း သူတို့ပူးပေါင်းပါဝင်မယ်လို့ ကျတော်တို့ ယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုက်ရိုက်အနေနဲ့ဆိုလည်း သူတို့ စကစ ဒီကျည်ပေါက်လာတဲ့အခါတွေ၊ စကစ ထိုးစစ်လုပ်လာတဲ့အခါတွေဆိုရင် သူတို့အနေနဲ့ ပြည်သူတွေလိုလားတောင့်တနေတဲ့ 1027 Part 3 ပေါ့နော်။ ဒီလိုမျိုးတွေလည်း ဖြစ်ကောင်းဖြစ်လာနိုင်တဲ့ အခြေအနေတွေရှိလာနိုင်တယ်။ နောက်တစ်ခုက ဘယ်လိုလဲဆိုတော့ ကျွန်တော်တို့ စစ်ရေးစစ်သင်တန်းတွေ၊ နောက်တခုက ခဲယမ်းတွေအထောက်အပံ့တွေကလည်း နောက်ကွယ်က ပြီးတော့ သူတို့ ကူညီ ထောက်ပံ့နိုင်မယ်ဆိုတဲ့ဟာမျိုးတွေလည်း ဖြစ်နိုင်ချေရှိပါတယ်။ ဒါတွေကတော့ တိတိကျကျ ပြောဖို့တော့ ခဲယာဉ်းတာပေါ့နော်။ အဲတော့ကျတော့ ကျတော်တို့ တပ်ရင်းအနေနဲ့ပေါ့နော်။ ကျတော်တစ်ဦးတစ်ယောက်တည်းအနေနဲ့ ပြောရမယ်ဆိုလိုရှိရင်လည်း လက်ရှိအခြေအနေ ပြန်ပေးလိုက်ရတဲ့ အခြေအနေ၊ နိုင်ငံရေးအခြေအနေ အကျပ်အတည်းတွေကြောင့်မို့ ဆိုတဲ့ဟာကို ကျတော်တို့ ကောင်းကောင်း နားလည်တာဖြစ်တဲ့အတွက် မဟာမိတ်ဆက်ဆံရေးအနေနဲ့ကတော့ ကျတော်တို့ လျော့ကျသွားမှာတော့ မဟုတ်ပါဘူးဗျ။
⦿ အညာက တော်လှန်ရေးတပ်တွေရဲ့ စစ်ရေးအတွေ့အကြုံ၊ လက်နက်တပ်ဆင်နိုင်မှု၊ အမိန့်စီးဆင်းမှု စတဲ့အခြအနေတွေဘယ်လိုရှိပါသလဲ။
ဗိုလ်လက်ျာ – အမှန်အတိုင်း ပွင့်ပွင့်လင်းလင်းပြောရရင် အညာမှာ နည်းနည်းရှုပ်ထွေးတယ်ပေါ့နော်။ ရှုပ်ထွေးတဲ့အတိုင်းအတာတွေရှိတယ်။ အဖွဲ့အစည်းတွေလည်း အရမ်းများတယ်ပေါ့နော်။ MOD ရဲ့ တပ်ရင်းတပ်ဖွဲ့တွေရှိတယ်။ နောက်တစ်ခုက Local PDF တွေရှိတယ်။ နောက်တခုက ဘယ်လို ပြောမလဲ။ ကိုယ့် Structure နဲ့ ကိုယ်သွားနေတဲ့ လက်ရှိ SRA မှာပါနေတဲ့ တစ်ချို့ အဖွဲ့အစည်းတွေလိုမျိုး သူ့ရပ်တည်ချက်နဲ့သူ နေနေတဲ့ အဖွဲ့အစည်းတွေလည်းရှိတယ်။ လက်ရှိအခြေအနေ အညာမှာဆိုလို့ရှိရင် ကျွန်တော်တို့ တိုက်ခိုက်ရေး စွမ်းရည်တွေက ရဲဘော်တွေအားလုံးမှာ အတိုင်းအတာတခုအထိ Level တခုအထိ ရှိတယ်ပေါ့နော်။ ကျွန်တော် တို့နွေဦးတော်လှန်ရေးအစ စစချင်းတုန်းက တူမီးကနေစခဲ့တယ်။ တူမီးကနေစခဲ့ပြီးတော့ ကျွန်တော်တို့ တစ်တောင့်ထိုး၊ တစ်ထောင့်ထိုးကနေ အခုလက်ရှိအခြေအနေဆိုလို့ရှိရင် စစ်လက်နက်တပ်ဆင်နိုင်မှုတွေက ကောင်းမွန်တဲ့ အနေအထားတခုမှာ ရှိတယ်ပေါ့နော်။ ရန်သူ့လက်နက် ကိုယ့်လက်နက် ဆိုတဲ့အနေအထားမျိုးလည်းရှိတယ်။ ကျတော်တို့ လွန်ခဲ့တဲ့ လေးငါးခြောက်ရက်လောက်တုန်းက တစ်ချို့စစ်ကြောင်းတွေ ရွှေဘိုခွင်ထဲမှာ ပြုတ်သွားတာတွေရှိတယ်။ နောက်တစ်ခုက ပျက်သွားတဲ့အထိ ရှိတယ်ပေါ့နော်။
ဒါတွေကလည်း ကျွန်တော် အရှေ့ကိုပြန်ပြီး ပြောရမယ်ဆိုရင် စောနက ကနဦး ကျွန်တော်တို့ ရှမ်းမန်းစစ်ဆင်ရေးတွေ၊ ကျတော်တို့ ၁၀၂၇ စစ်ဆင်ရေးတွေ ကနေရခဲ့တဲ့ မဟာမိတ်တွေ ဆီကနေရခဲ့တဲ့ စစ်ရေးအတွေ့အကြုံတွေ၊ နောက်တခုက ဒီဟာတွေနဲ့ ကျတော်တို့ ပေါင်းစပ်ပြီးတော့ ညီညီညွတ်ညွတ်နဲ့ သွားခဲ့တယ်။ လက်ရှိ ကျတော်တို့ဆိုရင်လည်း ရွှေဘိုခရိုင်အတွင်းမှာရှိတဲ့ တပ်ရင်းတွေ ကျတော်တို့ စုဖွဲ့မှုလုပ်ကြတယ်ပေါ့။ ကျတော်တို့ ပေါင်းစည်းပြီးတော့ လုပ်နေတာတွေ ရှိတယ်။ အဲတော့ ကျွန်တော်တို့ သိတာတစ်ခုက ကျွန်တော်တို့ မပူးပေါင်းလို့မရဘူး။ ကျွန်တော်တို့သည် မှန်တယ် MOD အောက်ကတပ်ရင်းတပ်ဖွဲ့တွေပဲ။ အားလုံးကတော့ ကျွန်တော်တို့ MOD အောက်မှာရှိနေကြတာမှန်တယ်။ ဒါပေမယ့် တဖွဲ့နဲ့ တဖွဲ့ ကြားထဲမှာ သူ့ရဲ့ သီးခြားရပ်တ ည်ချက်လေးတွေရှိတယ်။ ရပ်တည်ချက်လေးတွေ ရှိတာဖြစ်တဲ့အတွက် ပေါင်းစည်းဖို့ဆိုတဲ့ဟာက ဘယ်လိုပြောမလဲ အဖွဲ့အစည်း နှစ်ခုသုံးခု ပေါင်းတယ်ဆိုရင်တောင်မှ ခက်ခဲတဲ့ အခြေအနေဖြစ်တယ်ပေါ့နော်။ အဲဒီနေရာမှာ ကျတော်တို့ ဘာနဲ့သွားပြီးတော့ စကားပြောရမလည်းဆိုလို့ရှိရင် စောနက ကနဦးကျတော်ပြောခဲ့သလို တော်လှန်ရေးအောင်မြင်ဖို့ဆိုတဲ့ အခြေအနေ အလံတော်တစ်ခုအောက်မှာမှ ကျတော်တို့ရဲ့ ကိုယ်ပိုင်ဘက်တံဆိပ်တွေ ပြောရမယ်ဆိုရင် ဒီဟာတွေကို ထားခဲ့ပြီးတော့ ကျွန်တော်တို့ မတူညီတာတွေ ကောင်းမွန်တဲ့ဟာတွေကို စုစည်းပြီးတော့ အားလုံညှိနှိင်းဆောင်ရွက်ပြီးတော့ ကျွန်တော်တို့ အစုအဖွဲ့ကို သွားရတဲ့ အခြေအနေဖြစ်တာပေါ့။
နောက်တခုက တော်လှန်ရေးမှာ အင်မတန်အရေးကြီးပါတယ်။ ဒီစစ်ကိုင်းနဲ့ မကွေးပေါ့နော်။ စစ်ကိုင်းနဲ့မကွေးသည် ဗမာတော်လှန်ရေးရဲဘော်တွေ အများစု ရှိတဲ့နေရာပေါ့နော်။ ကျတော်တို့ PDF တွေအများစုရှိတဲ့နေရာတွေ ဖြစ်တယ်ပေါ့။ နောက်တခုက ဒီနေရာတွေမှာလည်း တော်လှန်ရေးက အင်မတန် အားကောင်းလာတဲ့ အရွေ့တွေရှိတယ်။ အရွေ့တွေရှိတာနဲ့အညီ စကစ အနေနဲ့ မြေပြင်စစ်ကြောင်းတွေမှာ အကွဲကွဲအလဲလဲနဲ့ ရှုံးနိမ်နေရတဲ့ ရင်ဆိုင်နေရတဲ့ အတိုင်းအတာတွေရှိတော့ အပြစ်မဲ့ပြည်သူတွေကို တောက်လျှောက်အညာမှာ ဗုံးကြဲ သတ်ဖြတ်တာမျိုးတွေရှိတယ်။ အဓိက သူတို့က ကျတော်တို့တော်လှန်ရေးရဲဘော်တွေ နဲ့ ပြည်သူတွေနဲ့ ကြားထဲကို သွေးခွဲရေးလုပ်ငန်းစဉ်တွေပေါ့။ သွေးခွဲရေးဆိုတဲ့ဟာမှာ Online ပေါ်ကလည်းဖြစ်ရင်ဖြစ်မယ်။ မြေပြင်မှာလည်း သူတို့ လက်တွေ့ပြပြီးတော့ ဗုံးကြဲသတ်ဖြတ်တာမျိုးလည်း ရှိမယ်ပေါ့နော်။ ပြောချင်တဲ့သဘောကတော့ မင်းတို့ဒီမှာနေရင် မအေးချမ်းဘူး။ ဒီလိုမျိုးရင်ဆိုင်ရမယ်ဆိုတဲ့ သဘောတရားကို မီးမောင်းထိုးပြတယ်ပေါ့။ ရက်စက်ယုတ်မာတဲ့ သဘောထားတွေရှိတယ်ပေါ့နော်။
အဲတော့ လက်ရှိအညာမှာ အဖွဲ့တွေက အများကြီးရှိတာဖြစ်တဲ့အတွက် MOD အနေနဲ့လည်း ဒိထက်ပိုပြီးတော့ ကောင်းမွန်တဲ့ Chain of Command (COC) ကို ကောင်းကောင်းတည်ဆောက်နိင်ပြီး ကောင်းမွန်တဲ့ အရွေ့တစ်ခုကို ပိုပြီးတော့တည်ဆောက်နိုင်မယ်။ ပြီးတော့ နောက်တခုက တပ်တွေ တပ်ရင်းတစ်ခုနဲ့ တစ်ခုကြားထဲမှာလည်း ယုံကြည်မှုတွေတည်ဆောက်နိုင်ပြီးတော့ အားလုံး မှာ စုဖွဲ့မှုကောင်းကောင်း ကျစကျစ်လစ်လစ်နဲ့ လုပ်နိုင်မယ်ဆိုလို့ရှိရင် ကျတော်တို့ ပြောက်ကျားစစ်တွေကနေပြီးတော့ အထွေထွေထိုးစစ်ပေါ့နော်။ အားလုံး ပါဝင်မယ့် စစ်ကိုင်းတိုင်းတစ်တိုင်းလုံး၊ မကွေးတိုင်းတစ်တိုင်းလုံးဆိုင်ရာမှာ အားလုံးညီညီညွတ်ညွတ်နဲ့ ချမယ်ဆိုရင် ကျတော်တို့ စကစကို မြန်မြန်အမြစ်ဖြုတ်နိုင်မှာ ဖြစ်တယ်ပေါ့နော်။
အားလုံးကသိတယ်။ ဒါပေမယ့် ပူးပေါင်းဖို့ခက်တယ်ပေါ့နော်။ အကုန်လုံး ကျတော်တို့ ဖြစ်စေချင်တာက ERO တွေရော အကုန်လုံး MOD ရောပေါ့နော်။ ဘာကြောင့်ပေါင်းပြီးတော့ အထွေထွေထိုးစစ်ကြီး တစ်နိုင်ငံလုံး မြန်မြန်ပြီးသွားအောင်။ ဒီနှစ်ပေါင်း (၇၀) လောက်ရက်စက်ယုတ်မာနေတဲ့ အကျင့်ဆိုး ဘယ်လိုပြောမလည်း ဆိုးသွမ်းးနေတဲ့ စစ်တပ်ကို အမြစ်ဖြတ်ချေမှုန်းဖို့ဆိုရင် ကျတော်တို့ညီညွတ်လိုက်လို့ရှိရင် ဒီဟာမြန်မြန်ပြီးနေပြီ။ ဘာတွေက အတားအဆီးဖြစ်နေတာလဲဆိုတဲ့ ဟာကို တစ်ခါတစ်လေ စဉ်းစားမိတယ်ပေါ့နော်။ အဲတော့ ညီညီညွတ်ညွတ်နဲ့ ပေါင်းပြီးလုပ်လိုက်မယ်ဆိုရင် အညာမှာလည်းလွတ်မြောက်မှာဖြစ်သလို တနိုင်ငံလုံးအတွက်လည်း တစ်တိုင်းပြည်လုံးအတွက်လည်း ကျတော်တို့လိုချင်တဲ့ ကျွန်တော်တို့ပြည်သူတွေတောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီအခြေအနေကို ကျွန် တော်တို့ရောက်ရှိမှာ ဖြစ်တယ်ပေါ့နော်။ လက်ရှိအခြေအနေ အရဆိုလိုရှိရင်လည်း ကနဦး ကျွန်တော်ပြောသလိုပဲ ရန်သူ့လက်နက် ကိုယ့်လက်နက်ဆိုတဲ့ အနေအထားမှာ အားကောင်းတဲ့ တပ်တွေအဖြစ် အညာမှာလည်းရှိနေပြီဆိုတာရယ် နောက်တစ်ခုက ရဲဘော်တွေအနေနဲ့ကလည်း တိုက်ရည်ခိုက်ရည် တွေကလည်း စခန်းသိမ်းတိုက်ပွဲတွေ နောက်တစ်ခုက မြို့သိမ်းတိုက်ပွဲတွေမှာလည်း အတွေ့အကြုံအများကြီးရှိခဲ့တာဖြစ်တဲ့အတွက် ကောင်းမွန်တဲ့ ထောက်ပံ့မှုဆိုင်ရာ အထောက်အပံ့တွေသာရပြီးတော့ ရင်ဆိုင်ရမယ်ဆိုရင်တော့ ကျတော်တို့ ပိုပြီးတော့ အရွေ့တစ်ခုကို ပိုတွန်းနိုင်မယ်လို့ ယုံကြည်ပါတယ်။
⦿ တော်လှန်ရေးတပ်ပေါင်းစုနဲ့ အောင်ပွဲခံနိုင်ဖို့ ဘာတွေများအကြံပြုချင်ပါသလဲ။
ဗိုလ်လက်ျာ – အခုလက်ရှိဆိုရင် ကျတော်တို့ MOD အောက်က တပ်ရင်းတပ်ဖွဲ့တွေရှိတယ်။ SRA လို အဖွဲ့အစည်းတွေရှိတယ်။ အဲမှာမှ နောက်ထပ် Local PDF တွေရှိတယ်။ ERO တွေရှိတယ်ပေါ့နော်။ အားလုံးက ကိုယ့်နေရာ ကိယ့်ဒေသ လွတ်မြောက်ဖို့ မဟုတ်ပဲနဲ့ ဘုံရန်သူဖြစ်တဲ့ စကစကို အမြစ်ဖြုတ်ဖို့ဆိုရင် အရေးကြီးတဲ့ စစ်ရေးရည်မှန်းချက်တွေ၊ အရေးကြီးတဲ့ တကယ့်မဟာဗျူဟာမြောက်တဲ့ စကစ ကို ဖြုတ်ချနိုင်လောက်တဲ့ စစ်ရေးရည်မှန်းချက်တွေ၊ စစ်ရေးမဟာဗျူဟာတွေ ချမှတ်ပြီးတော့ လုပ်ဆောင်မယ်ဆိုရင်တော့ မြန်မြန်ဆန်ဆန်နဲ့ ပြည်သူတွေအားလုံး လိုချင်တောင့်တနေတဲ့ စစ်အာဏာရှင် အမြစ်ပြတ် ချုပ်ငြိမ်းသွားမယ်လို့ ယုံကြည်တယ်လို့ ပြောချင်ပါတယ်။
“ တပ်ပေါင်းစုနဲ့အောင်ပွဲခံနိုင်ဖို့ စိန်ခေါ်ချက်နဲ့အခွင့်အလမ်းတွေ” စကားဝိုင်းဆွေးနွေးပွဲမှာ ရွှေဘိုခရိုင်တပ်ရင်း ၉၇၀၆ (ဒေါင်းနီတပ်ရင်း) တပ်ရင်းမှူး၊ ဗိုလ်လက်ျာရဲ့ ဆွေးနွေးချက်တွေထဲက အချို့ကို ကောက်နှုတ်တင်ဆက်လိုက်ပါတယ်။
“ အတွေးအခေါ်လမ်း” စကားဝိုင်းဆွေးနွေးပွဲတွေကို People’s Goal နဲ့ People’s Spring တို့က ပူးပေါင်းစီစဥ် တင်ဆက်နေတာဖြစ်ပါတယ်။
စကားဝိုင်းဆွေးနွေးပွဲ အပြည့်အစုံကို Comment Box မှာပေးထားတဲ့ Link ကနေ ဝင်ရောက်ကြည့်ရှုနားဆင်နိုင်ပါတယ်။
















































