close
Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့ ယုဇနပလာဇာစျေးအနီး မီးလောင်

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ယုဇနပလာဇာစျေးအနီးမှာ ဒီကနေ့ (ဇန်နဝါရီ ၁၉) နံနက်က မီးလောင်မှု ဖြစ်ပွါးခဲ့ပါတယ်။

ဓာတ်ပုံ - MFSG

ဇန်နဝါရီ-၁၉၊ ၂၀၂၆။ သုည/People’s Spring

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ယုဇနပလာဇာစျေးအနီးမှာ ဒီကနေ့ (ဇန်နဝါရီ ၁၉) နံနက်က မီးလောင်မှု ဖြစ်ပွါးခဲ့ပါတယ်။

ဒီကနေ့ နံနက် ၁၀ နာရီ ၃၃ မိနစ်အချိန် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၊ နှင်းဆီလမ်း (ယုဇနပလာဇာစျေးနောက်ကျောလမ်း) မှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး Level 2 အဆင့် သတ်မှတ်၍ မီးငြှိမ်းသတ်ခဲ့ရာ ၁၁ နာရီ ၄၂ မိနစ်အချိန်မှာ မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဲဒီမီးလောင်မှုမှာ တစ်နာရီနီးပါးကြာမြင့်ခဲ့ပြီး ကုန်ပစ္စည်းသိုလှောင်ခန်းတစ်ခုက ဝါယာရှော့ဖြစ်ပြီး စတင်လောင်ကျွမ်းတာ ဖြစ်တယ်လို့ မျက်မြင်တွေ့ရှိခဲ့သူ ပြည်သူတစ်ဦးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ ယုဇနပလာဇာနောက်ကျောက စတိုခန်းတစ်ခုက စလောင်တာပါ။ ဝါယာရှော့လို့တော့ ပြောတယ်။ အခန်းတစ်ခန်းလုံးနီးပါး ကုန်သွားတယ်။ မီးက တော်တော်များတယ်။ ဘေးနဲ့ အပေါ်အခန်းတွေ မကူးဖို့ မီးသတ်ကားတွေ တော်တော်ငြိမ်းလိုက်ရတယ်။ မီးက တစ်နာရီနီးပါးကို လောင်တာပါ။ မီးသတ်ကား၊ လူနာတင်ကားတွေ တောက်​လျှောက်လာပါတယ်။ ပလာဇာအရှေ့လမ်းတွေပါ ပိတ်ကုန်တယ်” လို့ မျက်မြင်တွေ့ရှိခဲ့သူက ပြောပါတယ်။

မီးလောင်မှုမှာ လူထိခိုက်မှု မရှိခဲ့ကြောင်း သွားရောက်ကူညီခဲ့တဲ့ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ မီးက တော်တော်ကြာအောင် လောင်ပေမယ့် လူတော့ထိခိုက်မှု မရှိပါဘူး။ ပလာဇာနောက်ကျောဆိုတော့ လမ်းကျဥ်းတဲ့အတွက် မီးငြိမ်းသတ်ရတာနဲ့ မီးသတ်ကား၊ လူနာတင်ကား ဝင်ရတာတွေ ခက်သွားတာပါ။ အရန်မီးသတ်သမားအချို့နဲ့ အပေါ်ထပ်တိုက်ခန်းက လူကြီးအချို့ မီးခိုးမွှန်တာမျိုးတွေရှိလို့ ကူညီပေးခဲ့ပါတယ်” လို့ ၎င်းက ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ သာကေတမြို့နယ် (၁)ဈေးတန်းက တာယာဆိုင်မီးလောင်မှုဖြစ်ခဲ့ပြီး ဆိုင်ခန်းနှစ်ခန်း မီးလောင်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

နိုင်ငံတကာ

လူပေါင်း ၁၅၀ ကျော် သေဆုံးစေခဲ့တဲ့ အိမ်ရာ မီးလောင်မှုကြီးအပြီး ဟောင်ကောင် အာဏာပိုင်တွေဟာ လူ ၁၃ ဦးကို ဖမ်းဆီးထားပြီး ဖြစ်ပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယား နိုင်ငံရဲ့ ဖက်ရှင် ကုန်စည်တွေ ဖြန့်ဖြူးပို့ဆောင်မှု အကြီးဆုံး ရင်းမြစ်နေရာ တစ်ခုမှာ နိုဝင်ဘာ ၁၅ ရက်နေ့က အကြီးအကျယ် မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

သတင်း

မန္တလေးမြို့မှာသီတင်းကျွတ်လပြည့်ညက မီး လောက်မှု နှစ်ခုဖြစ်ခဲ့တာမှာချမ်းမြသာစည်မြို့နယ်ကတနာရီ ကျော်အကြာလောင်ကျွမ်းခဲ့တဲ့မီး​ကြောင့် ဒဏ်ရာရသူ ၅ ဦးဝန်းကျင်ရှိတယ်လို့လူမှုကူညီရေးအသင်း တွေက​ပြောပါတယ် ။