close
Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

လူနေဧရိယာတွေထဲ ထိုင်းတပ်တွေ နေရာယူထားလို့ စစ်ရှောင်တွေ နေရပ်မပြန်နိုင်ကြောင်း ကမ္ဘောဒီးယား စွပ်စွဲ

ထိုင်းစစ်တပ်ဟာ နယ်စပ်မှာ အရပ်သား ဧရိယာတွေထဲ ကျူးကျော် ဝင်ရောက် တပ်စွဲနေပြီး နှစ်ဖက် အပစ်ရပ် သဘောတူညီမှုကို အကဲစမ်းနေကြောင်း ကမ္ဘောဒီးယားက စွပ်စွဲခဲ့ပါတယ်။

ထိုင်းစစ်တပ်ဟာ နယ်စပ်မှာ အရပ်သား ဧရိယာတွေထဲ ကျူးကျော် ဝင်ရောက် တပ်စွဲနေပြီး နှစ်ဖက် အပစ်ရပ် သဘောတူညီမှုကို အကဲစမ်းနေကြောင်း ကမ္ဘောဒီးယားက စွပ်စွဲခဲ့ပါတယ်။

အရှေ့တောင်အာရှ ဒေသတွင်း အိမ်နီးချင်း နှစ်နိုင်ငံဟာ နယ်စပ် တင်းမာမှုတွေကို အကြောင်းပြုပြီး မနှစ်တုန်းက နှစ်ကြိမ် စစ်ဖြစ်ခဲ့ပါတယ်။ ဒုတိယအကြိမ် သီတင်းသုံးပတ်လောက် ကြာခဲ့တဲ့ စစ်ရေး ပဋိပက္ခ အပြီး ဒီဇင်ဘာ ၂၇ ရက်မှာတော့ နှစ်နိုင်ငံ အပစ်ရပ် သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ကမ္ဘောဒီးယား ပိုင်နက်ထဲက လူနေဧရိယာ တချို့မှာ ထိုင်းစစ်သားတွေ ဆက်ပြီး တပ်စွဲထားတာကြောင့် စစ်ရှောင် ဒေသခံတွေ နေရပ်ပြန်လို့ မရဘဲ ဖြစ်နေတယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီး ပရက်ခ် ဆွတ်ခွန်းက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

ဖနွမ်ပင်မြို့တော်မှာ ဇန်နဝါရီ ၁၃ ရက်နေ့က Reuters သတင်းဌာနရဲ့ အင်တာဗျူးကို လက်ခံ ဖြေကြားခဲ့ရာမှာ ဆွန်ခွန်းက ထိုင်းတပ်တွေဟာ ကမ္ဘောဒီးယား ပိုင်နက်ထဲက အရပ်သား ဧရိယာတွေမှာ ဆက်ပြီး နေရာယူထားကြောင်း၊ နယ်စပ်တလျှောက် အနည်းဆုံး ၄ နေရာလောက်မှာ ထိုင်းက ကျူးကျော်ထားကြောင်း မှတ်ချက် ပေးသွားပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာ နှစ်ဖက် နယ်စပ်အခြေအနေက တည်ငြိမ်နေသယောင် ရှိပေမယ့် အန္တရာယ်တချို့လည်း ကျန်နေကြောင်း၊ ထိုင်းအနေနဲ့ အပစ်ရပ် သဘောတူညီမှုပါ ကတိကဝတ်တွေကို အပြည့်အဝ လေးစားလိုက်နာစေလိုကြောင်း သူက ဆိုပါတယ်။

ဒါပေမဲ့ ထိုင်းစစ်တပ်နဲ့ အစိုးရ အရာရှိတွေကတော့ ကမ္ဘောဒီးယားဖက်က အဲဒီ စွပ်စွဲမှုတွေဟာ အခြေအမြစ် မရှိဘူးလို့ တုံ့ပြန်ထားပါတယ်။ လက်ရှိ ထိုင်းစစ်သားတွေ ဖြန့်ကျက် နေရာယူထားတာဟာ ပဋိပက္ခတွေကို လျော့ကျစေဖို့ ရည်ရွယ်ထားတဲ့ အပစ်ရပ် သဘောတူညီမှုရဲ့ သတ်မှတ်ချက်တွေအတိုင်း အတိအကျဖြစ်ပြီး နယ်မြေကျူးကျော် သိမ်းယူတာမျိုး မဟုတ်ဘူးလို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

ဒီဇင်ဘာလတုန်းက ရက် ၂၀ ကြာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း ထိုင်းက တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲခဲ့သလို ကမ္ဘောဒီးယားကလည်း လက်နက်ကြီးတွေနဲ့ အပြင်းအထန် ပစ်ခတ်ခဲ့ပါတယ်။ အဲဒီ စစ်ရေးပဋိပက္ခအတွင်း နှစ်နိုင်ငံ စုစုပေါင်း လူ ၁၀၁ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူ ၅ သိန်းလောက် နေရပ်စွန့်ခွာခဲ့ရကြောင်းလည်း သိရပါတယ်။

ကိုးကား: Reuters
ဓာတ်ပုံ – Reuters

𝗣𝗲𝗼𝗽𝗹𝗲’𝘀 𝗦𝗽𝗿𝗶𝗻𝗴
https://www.facebook.com/LuduNwayOo/subscribe/
𝗬𝗼𝘂𝗧𝘂𝗯𝗲 – https://www.youtube.com/@peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 – https://www.facebook.com/LuduNwayOo/
𝗪𝗲𝗯𝘀𝗶𝘁𝗲 – /
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 – https://t.me/peoplespring

ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews

ထိုင်း #ကမ္ဘောဒီးယား

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒရုန်းတွေ စေလွှတ်ပြီး အပစ်ရပ် သဘောတူညီချက်ကို ချိုးဖောက်တယ်ဆိုတဲ့ ထိုင်းရဲ့ စွပ်စွဲချက်ကို ကမ္ဘောဒီးယားက ငြင်းဆန်ခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံကြား အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုတွေ ဆက်ပြီး လုပ်ဆောင်နေသလို တစ်ချိန်တည်းမှာပဲ ထိုင်းကလည်း ကမ္ဘောဒီးယားနဲ့ နယ်စပ်တလျှောက်မှာ ဗုံးကြဲ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်အစိုးရရဲ့ အရှေ့တောင်အာရှရေးရာ အထူးကိုယ်စားလှယ်က ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား အပစ်အခတ် အမြန်ဆုံး ရပ်စဲဖို့ တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံကြား အပစ်အခတ် ရပ်စဲရေးကိစ္စ ဆွေးနွေးဖို့ ချိန်းဆိုထားပေမယ့် ထိုင်းစစ်တပ်ဟာ ကမ္ဘောဒီးယား နယ်မြေထဲမှာ တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ ကမ္ဘောဒီးယားက ထုတ်ပြန်ပါတယ်။