close
Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းမြို့နယ် တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီတပ်ထံက လက်နက်နဲ့ သုံ့ပန်းတွေရရှိဟု ချင်းတပ်ဖွဲ့ပြော

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ထိုးစစ်ဆင်နေတဲ့စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲနေ့တိုင်းဖြစ်ပွားနေကြောင်း ချင်းညီနောင် တာဝန်ရှိသူတဦးဖြစ်တဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

ဖလမ်းမြို့တိုက်ပွဲမှာ ဖမ်းမိတဲ့စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - VOC

ဒီဇင်ဘာ-၃၀၊ ၂၀၂၅။ ဟန်နွေ/People’s Spring

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ထိုးစစ်ဆင်နေတဲ့စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲနေ့တိုင်းဖြစ်ပွားနေကြောင်း ချင်းညီနောင် တာဝန်ရှိသူတဦးဖြစ်တဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

ဖလမ်းမြို့တိုက်ပွဲမှာ ဖမ်းမိတဲ့စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ – VOC

စစ်ကောင်စီတပ်က ၂၀၂၅ အောက်တိုဘာ လကုန်ပိုင်းမှာ ချင်းပြည်နယ်ကို မြေပြင်နဲ့ လေကြောင်းက စစ်အင်အားတွေဖြည့်တင်းပြီး ချင်းညီနောင်သိမ်းပိုက်ထားတဲ့ ဖလမ်းမြို့ကို ပြန်ရဖို့ ထိုးစစ်ဆင်နေတာကို ချင်းညီနောင်(CB)နဲ့ ချင်းပြည်ကောင်စီ(CC) အဖွဲ့ဝင် တော်လှန်ရေးတပ်ဖွဲ့တွေက အတူပူးပေါင်းပြီး စစ်ကောင်စီကို ခုခံတိုက်ခိုက်နေတာပါ။

လတ်တလော စစ်ရေးအခြေအနေကို မေးမြန်းရာ စစ်ကောင်စီတပ်ဟာ တီးတိန်မြို့နယ် သိုင်းငင်းဘက်က နဲ့ ဖလမ်းမြို့နယ် ဝေဘူလဘက်က တဆင့် ဖလမ်းမြို့ကို ဦးတည် စစ်ကြောင်းထိုးနေလို့ နေ့တိုင်း ထိတွေ့မှု ရှိနေတယ်လို့ ဆလိုင်းတင်မီက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ကျနော်တို့ ကာကွယ်ရေးဘက်ကလည်း ချင်းကာကွယ်ရေးတပ်ပေါင်းစုလို့ပြောရမှာပေါ့ ပူးပေါင်းထားတဲ့ CB ရော CCရော အတူတူ တိုက်နေတဲ့ အခြေအနေမှာရှိတယ်။ လောလောဆယ်အထိတော့ တက်နိုင်သလောက်ထိ ဖလမ်းမြို့ထဲ ဝင်လို့မရအောင် ကာကွယ်နေတဲ့ အခြေအနေမှာရှိပါတယ်။ လက်နက်တွေလည်း နေ့တိုင်းလိုလို သိမ်းဆည်းတဲ့ဟာရှိတယ်။ စစ်သုံ့ပမ်းတွေ ဖမ်းထားတဲ့ဟာ ရှိပါတယ်”လို့ ဆလိုင်းတင်မီက ပြောပါတယ်။

စစ်ကောင်စီတပ်ကလည်း လေကြောင်း ပစ်ကူပေးတာ၊ လေကြောင်းကရိက္ခာ ခဲယမ်းချပေးတာတွေရှိတယ်လို့ ဆိုပါတယ်။

” Y12ကနေ အထုပ်အပိုးတွေ အသားခြောက်တွေအထိ သူတို့ ချပေးတယ် စားစရာတွေချပေးတယ်။ လက်နက်တွေချပေးတယ်။ နောက်ပြီးတော့ လေကြောင်းနဲ့ဆို တအားပစ်ကူက တော်တော်များတယ်။နေ့တိုင်း Y12 ရော၊ ဂျက်ရော အများကြီး ရွာတွေကို ပစ်တယ်။ ရွာတွေ အိမ်တွေ ပျက်တဲ့ဟာ တော်တော်များပါတယ်။” လို့ ဆလိုင်းတင်မီက ပြောပါတယ်။

ဖလမ်းမြို့နယ်အတွင်း တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရ ကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူထံသို့လည်း ဆက်သွယ်မေးမြန်းထားပါတယ်။

The Voice of Chinland – VOC ရဲ့ ဖော်ပြချက်အရ ဒီဇင်ဘာ ၂၉ရက် ညနေပိုင်းက ဖလမ်းမြို့နယ်Khuangli ကျေးရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီတပ်က ၃ဦးသေဆုံးကာ ၄ဦး အရှင်ဖမ်းမိခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ် ၁၀လက်နဲ့ ကျည်တွေ သိမ်းရခဲ့တယ်လို့ ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူဖော်ပြပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၂၈ရက်က စစ်တပ်ရွေးကောက်ပွဲနေ့မှာလည်း ဖလမ်းမြို့နယ် Zathlir ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့လူနေအိမ်အချို့ ပျက်စီးခဲ့တယ်လို့ဖော်ပြထားပါတယ်။

ဒီဇင်ဘာ ၂၇ရက်က ဖလမ်းမြို့အနီး Khuangli နဲ့ Sumhrang ကျေးရွာဘက်မှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးမှုရှိသလို လက်နက် ၂လက်နဲ့ ကျည်အချို့ သိမ်းရခဲ့တယ်လို့ VOCက ဓာတ်ပုံမှတ်တမ်းနဲ့အတူ ဖော်ပြပါတယ်။

ဒီဇင်ဘာ ၂၃ရက်ကလည်း ဖလမ်းမြို့အနီး Sumhrang ကျေးရွာ တောင်ကြောကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို ချင်းပူးပေါင်းတပ်က တန်ပြန်ထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီဘက်က အရာရှိ အပါအဝင် ၃ဦးသေဆုံးပြီး လက်နက်နဲ့ ကျည်တွေ သိမ်းရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီဇင်ဘာ ၂၃ရက်မှာဘဲ ဖလမ်းမြို့နယ် Haimual ရွာကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့လို့ နေအိမ်ပျက်စီးမှု ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုဝင်ဘာ-၂၆၊၂၀၂၅။အိမ်သွင်/People’s Spring ဖားကန့်မှာ မနေ့ညပိုင်းမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်သုံးပန်းအများအပြားကို KIA ၊KPDF ပူးပေါင်းတပ်က ဖမ်းမိခဲ့ပါတယ်။ ဆန်းကြွယ်နဲ့ ရှရော်ခရွာကို စစ်တပ်စစ်ကြောင်းဝင်လာလို့ ည၇နာရီခန့်ကစပြီး ညနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့တာလို့​ဒေသခံအချို့က​ပြောပါတယ်။ “ စစ်ကြောင်းဝင်လာလို့ပိတ်ဆော်တာပါ။စစ်တပ်ဘက်က လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ပါ ချတာ။ လေယာဉ်လည်းလာတယ်။ တိုက်ပွဲမှာတော့ ပစ(စစ်မှုထမ်းသင်တန်းဆင်း)တွေပါ...

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ဖမ်းမိခဲ့တဲ့ စစ်သုံ့ပန်းတွေထဲက တပ်ရင်မှူးတစ်ဦးနဲ့မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် ၁၃ဦး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

၁၀၂၇ စစ်ဆင်ရေးအတွင်း ဖမ်းဆီးခဲ့တဲ့ စစ်ကောင်စီသုံ့ပန်းတွေအနက် ဗိုလ်မှူးအဆင့် သုံးဦးအပါအဝင် သုံ့ပန်း ၄၅ဦးကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က စစ်ကောင်စီထံ ပြန်လွှဲပေးလိုက်ပါတယ်။

သတင်း

စစ်ကောင်စီစစ်ကြောင်းပျက်ပြီး ဆုတ်ခွာထွက်ပြေးသွားတဲ့ ကနီမြို့နယ်၊ ချောင်းမရွာတိုက်ပွဲမှာ ဆေးကြောင်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းစစ်သားသစ်​​တွေကို ကာကွယ်ရေးတပ်တွေဖမ်းမိခဲ့ပါတယ်။