close
Connect with us

Hi, what are you looking for?

အတွေးအမြင်

စစ်အုပ်စုလုပ်ပွဲနဲ့ ကျွန်ုပ််တို့တာဝန်

အာဏာသိမ်းစစ်တပ်က ဇန်နဝါရီ ၁၁ရက်မှာ မြို့နယ်​ပေါင်း ၁၀၀ ကပြည်သူ​တွေမဲ​ပေးတာကိုလိုချင်​နေပါတယ် ။ တကယ်​တော့ စစ်တပ်စိတ်တိုင်းကျ လုပ်တဲ့ ဟန်ပြ​​ရွေး​ကောက်ပွဲမှာ မြန်မာပြည်သူ တဦးချင်းမဲ​ပေးတာ ၊မ​ပေးတာက ရလဒ်အတွက်​တော့မထူးလှပါဘူး ။ဘာ​ကြောင့်လဲဆိုရင် စစ်အုပ်စုက​ရလဒ်ကို သူတို့လိုချင်တဲ့အ​ဖြေရ​အောင် ကြိုထုတ်ပြီးသားမို့ပါ။

ဒီပ/People’s Spring

အာဏာသိမ်းစစ်တပ်က ဇန်နဝါရီ ၁၁ရက်မှာ မြို့နယ်​ပေါင်း ၁၀၀ ကပြည်သူ​တွေမဲ​ပေးတာကိုလိုချင်​နေပါတယ် ။ တကယ်​တော့ စစ်တပ်စိတ်တိုင်းကျ လုပ်တဲ့ ဟန်ပြ​​ရွေး​ကောက်ပွဲမှာ မြန်မာပြည်သူ တဦးချင်းမဲ​ပေးတာ ၊မ​ပေးတာက ရလဒ်အတွက်​တော့မထူးလှပါဘူး ။ဘာ​ကြောင့်လဲဆိုရင် စစ်အုပ်စုက​ရလဒ်ကို သူတို့လိုချင်တဲ့အ​ဖြေရ​အောင် ကြိုထုတ်ပြီးသားမို့ပါ။

ဒါဆို ပြည်သူ​တွေ ​မဲ​ပေးတာ ၊မ​ပေးတာက ဘယ်မှာသက်​ရောက်နိုင်လဲ ဆိုရင်​တော့ သူတို့​ရွေး​ကောက်ပွဲကို ပြည်သူ​တွေလက်ခံတာ၊လက်မခံတာ၊ဘယ်လိုဆန့်ကျင်တယ် ဆိုတာ​တွေကို ပြသဖို့အတွက်​တော့ အ​ထောက်အထား​တွေဖြစ်နိုင်ပါတယ်။ စစ်တပ်က အခု​ရွေး​ကောက်ပွဲလုပ်တာက နိုင်ငံတကာရဲ့ တရားဝင်အသိအမှတ်ပြုမှု- Legitimacy ရချင်လို့ပါ။စစ်​ရေး၊နိုင်ငံ​ရေး၊စီးပွား​ရေးဘက်​ပေါင်းစုံအကြပ်ရိုက်​နေတဲ့ စစ်အုပ်စုအတွက် တရုတ်အစိုးရ ကိုယ်ဖိရင်ဖိအကူအညီ​​ပေး​နေတဲ့တိုင် နိုင်ငံတကာရဲ့ တရာဝင်အသိအမှတ်ပြုခံရခြင်း၊ မခံရခြင်းက အလွန်အ​​ရေးကြီးပါတယ်။

ဒီ​နေရာမှာ သင့်အ​နေနဲ့ ​ကြောက်လိုဖြစ်​စေ၊ဖိအား​ပေးလို့ဖြစ်​စေ၊တမင်မဲ​ပေးချင်လို့ဖြစ်​စေ ​မဲ​ပေးလိုက်တာက အာဏာလုစစ်အုပ်စု တရားဝင်မှု ရဖို့ အတွက်အ​ထောက်အပံ့ဖြစ်​​စေနိုင်တယ်လို့ကျွန်​​တော်ယူဆပါတယ်။ ဘာကြောင့် လဲဆိုရင် ပြည်သူ​တွေက သူတို့ကို ဒီလိုမဲ​​ပေးပါတယ်ဆိုပြီး စစ်အုပ်စုက နိုင်ငံတကာကို ပြနိုင်မှာမို့ဖြစ်ပါတယ်။ ပြည်သူ​တွေမဲမ​ပေးရင်​တော့ စစ်တပ်အတွက်ဒီလိုပြသဖို့ အခွင့်အလမ်းနည်းသွားပါမယ် ။ဒါ​တောင်ညစ်ပတ်​ကောက်ကျစ်တဲ့​နေရာမှာပြိုင်စံရှားတဲ့စစ်အုပ်စုက ပြည်သူ​တွေမဲမ​ပေးလည်း မဲ​ပေးပါတယ်လို့ လိမ်နိုင်ပါ​သေးတယ်။

Public Service Announcement

Public Service Announcement

ပြည်သူတဦးချင်းအ​တွက်​တော့ စစ်တပ်​​ရွေး​ကောက်ပွဲကို ဆန့်ကျင်​ချင်ရင် ၊ လက်မခံ​ကြောင်းပြသချင်ရင် ၊​ပြည်သူ့​တော်လှန်​ရေး နဲ့အတူရပ်တည်တယ်ဆိုတာပြချင်ရင် ၊ ကိုယ့်ကိုယ်ကို စစ်တပ်အကြိုက်လုပ်သူမဟုတ်ဘူးဆိုတာ လိပ်ပြာလုံချင်ရင်​တော့ မဲမ​​ပေးတဲ့ နည်းလမ်းကို​ရွေးချယ်နိုင်ပါတယ်။

ဒါ​ပေမယ့် မဲမ​ပေးရင် ကြုံရနိုင်တဲ့စွန့်စားမှုကိုချိန်ဆဖို့ လည်းအကြံပြုလိုပါတယ် ။ မဲမ​ပေးရင် စစ်အုပ်စုက ဒုက္ခ​ပေးနိုင်တဲ့အ​ခြေအ​နေရှိ​နေလား၊ မဲမ​ပေးပဲ​မသိလိုက်မသိဘာသာနေရင် အန္တရာယ်မရှိနိုင်တာ​သေချာလားဆိုတာ​တွေကို​တော့ တွက်ဆ​စေလိုပါတယ်။ တကယ့်တကယ်​တော့ ဒီအ​ခြေအ​နေ​တွေကို မြန်မာပြည်သူ​တွေက အသိဆုံးဖြစ်ပါတယ်။

ဘာ​ကြောင့်အခုလို​ပြောနိုင်လဲ ဆိုရင် ပြီးခဲ့တဲ့ဒီဇင်ဘာ ၂၈ ရက်ကလုပ်ခဲ့တဲ့ စစ်တပ်​ရွေး​ကောက်ပွဲအပိုင်း (၁)မှာ ရန်ကုန် ၊မန္တ​လေးအပါအဝင် နိုင်ငံတစ်ဝန်းမဲ​ပေးသူနည်းပါးခဲ့တာကသက်​သေဖြစ်ပါတယ်။ပြည်သူအများစုက စစ်တပ်ရဲ့ ခြိမ်း​ခြောက်မှု မျိုးစုံ​အောက်က​နေ ကိုယ်ပိုင်နည်းလမ်း​တွေသုံးပြီးစစ်တပ်​ရွေး​ကောက်ပွဲကိုဆန့်ကျင်ခဲ့ကြပါတယ် ။ ဒါ​ကြောင့် စစ်တပ်က မဲ​​ပေးမှုနှုန်း ကိန်းဂဏန်း​တွေကို လိုသလိုထုတ်ရတာ​​တောင် နိုင်ငံတကာသတင်း​ထောက်​အချို့​ရှေ့မှာလုပ်တာမို့ ရုပ်ပျက်ဆင်းပျက်မဖြစ်​အောင် မဲ​ပေးနှုန်း ငါးဆယ်ရာခိုင်နှုန်း​​ကျော်ပဲရှိတယ်လို့ ​လေသံလျော့​ပြောခဲ့ရတာပါ။

ဒါ​ပေမယ့်စစ်တပ်ပါတီ ကြံ့ဖွံ့ပါတီအနိုင်ရတဲ့နှုန်းကို​တော့ စီစဥ်ထားတဲ့အတိုင်းမ​လျှော့ပါဘူး ။စစ်အုပ်စုက ကြိုတင်ထုတ်ထားတဲ့အ​ဖြေအတိုင်း ၈၃ ရာခိုင်နှုန်း​​လောက်နဲ့ကြံ့ဖွံ့ပါအပြတ်အသတ်နိုင်တယ်လို့ ဆိုပါတယ်။ ​စစ်တပ်လုပ်ပွဲ အပိုင်း ၁ မှာပြည်သူ့လွှတ်​တော်အမတ်​နေရာ နဲ့ အမျိုးသားလွှတ်​တော်အမတ်​နေရာ ၁၄၇ ​ ​နေရာမှာ စစ်တပ်ပါတီက ၁၂၂ ​နေရာနိုင်တယ်လို့ဆိုပါတယ် ။ ရာခိုင်နှုန်းနဲ့ဆိုရင် ၈၃ ရာခိုင်နှုန်း​လောက်​တောင်နိုင်တယ်ဆိုတာပါ။

၂၀၁၅ နဲ့ ၂၀၂၀ မှာကျင်းပတဲ့ လွတ်လပ်မျှတတဲ့​ရွေး​ကောက်ပွဲ​တွေမှာစစ်တပ်ပါတီက လူထု​ခေါင်း​ဆောင်​ဒေါ်​အောင်ဆန်းစုကြည်ရဲ့ ဒီချုပ်ကို အပြတ်အသတ်ရှုံးခဲ့ပါတယ်။ အပြတ်အသတ်ရှုံးလို့ အာဏာသိမ်းခဲ့တဲ့စစ်အုပ်စုက ငါးနှစ်ဆက်လူသတ် ၊မုဒိမ်းကျင့်၊ရွာ​တွေမီးရှို့ ၊​ဆေးရုံ​တွေဗုံးကြဲ ၊ဘာသာ​ရေးအ​ဆောက်အအုံ​တွေကိုပြာချ၊ပြည်သူ သန်း၂၀ ​လောက်ကိုအိမ်​တွေက​နေထွက်​ပြေး​စေရပြီး ၊နိူင်ငံ့လူဦး​ရေးသုံးပုံတစ်ပုံ​​ကျော်ကို အငတ်​ဘေးကြုံ​အောင်လုပ် လိုက်တာမှာမဲ​ပေးတဲ့သူတွေက စစ်တပ်ပါတီကို မဲပုံ​​ပေးသွားတယ်လို့ ကျွန်​တော်တို့ကို လိမ်​နေတာပါ။

သေချာတာက ရွေး​ကောက်ပွဲ အပိုင်း ၂ ​ရော ၊အပိုင်း ၃ မှာ​ရောကြံ့ဖွံ့က အပြတ်အသတ်အနိုင်ရတယ်လို့ လိမ်မှာပဲဖြစ်ပါတယ် ။ ​နောက်ဆုံးရလဒ်ထုတ်ချိန် စစ်တပ်ပါတီကရာခိုင်နှုန်းဘယ်​လောက်နဲ့ နိုင်တယ်လို့​ လိမ်ကြမယ်လို့ စာဖတ်သူ​တွေထင်ပါသလဲ။

ကျွန်​တော်က​တော့ စစ်အုပ်စုက အနည်းဆုံး ၇၀ ရာခိုင်နှုန်း အပြတ်အသတ်နိုင်တယ်လို့​ စစ်အုပ်စုကလိမ်မှာလို့ထင်ပါလဲ ။ ၈၀ ရာခိုင်နှုန်းအထက် အပြတ်နိုင်တယ်​ပြောရင်လည်း မထူးဆန်းပါဘူး။​နောက်ဆုံး ၉၀ ရာခိုင်နှုန်း​ကျော် အပြတ်အသတ်နိုင်တယ်​ပြောရင်​တောင်အံသြ စရာမရှိပါဘူး။ဘာလို့လည်းဆိုရင် စစ်အုပ်စုက ၂၀၀၈ ခုနှစ်တုန်းကလည်း နာဂစ်​ခြေဥကို ပြည်သူ ၉၈ ရာခိုင်နှုန်း​ကျော်က ​ထောက်ခံတယ်ဆိုပြီးလိမ်ခဲ့တာပဲမလား။

အခုလည်း တစ်နိုင်ငံလုံးအနှံ ဗုံးကြဲပြီး တရုတ်အစိုးရအစီအစဥ် အတိုင်းလုပ်တဲ့ကျားဖြန့်​ရွေး​ကောက်ပွဲမှာ နာဂစ်​ခြေဥ လို မင်း​အောင်လှိုင်ကလိမ်မှာပဲဖြစ်ပါတယ်။

ဒါ​ကြောင့် လိုသလိုအ​ဖြေထုတ်ပြီးသား မင်း​အောင်လှိုင်ရဲ့ လုပ်ပွဲမှာ ပြည်သူ​တွေ မဲမ​ပေးဖို့၊ မပက်သတ်တိုက်တွန်းလိုပါတယ် ။ဒါ​ပေမယ့် မဲမ​ပေးရင် အန္တ​ရာယ်မရှိနိုင်သူ​တွေကိုပဲ အဓိက​ပြောလိုတာဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၀ ရက်မှာနိုင်ငံတစ်ဝန်း ဆင်နွှဲခဲ့တဲ့ အသံတိတ်သပိတ်တုနွးကလို ၊ပြည်သူ​ဆယ်သန်း​ကျော်ရှိတာမှာ ကြိုတင်မဲ ​ထောင်ဂဏန်း​သေး​သေး​လေးပဲ မဲ​ပေးခဲ့တဲ့ ပြည်ပ​ရောက်မြန်မာ​တွေလို ကျန်ပြည်သူ​တွေကလည်း တာဝန်​ကျေကြဖို့​မျှော်လင့်ပါတယ် ။

စစ်အုပ်စုလုပ်ပွဲက​နေ ဒီမိုက​ရေစီ​မျှော်လင့်လို့ ၊အ​ပြောင်းအလဲ ​​မျှော်လင့်လို့ မဲ​ပေးတယ်ဆိုသူ​တွေကို​တော့ ၁၉၅၈ ကစ​ရေတွက်ရင် နှစ် ၇၀ ​လောက်စစ်ဖိနပ်​အောက်​နေခဲ့ရတာက မလုံ​လောက်​သေးလို့လားလို့ ကျွန်​တော်ပြန်​မေးချင်ပါတယ်။ ​နေဝင်း ၊​စော​မောင် ၊သန်း​ရွှေ ၊မင်း​အောင်လှိုင် စစ်အာဏာရှင်​တွေအားလုံးဟာ ​ကောက်ကျစ်ယုတ်မာတာ ၊သူရဲ​ဘော​ကြောင်တာ၊ လာဘ်စားတာ ၊အာဏာလက်မလွတ်ရ​ရေး ဘာမဆိုလုပ်ဝံ့တာ၊ တရားမျှတမှုကို​ကြောက်ရွံ့တာ​တွေက​တော့ သိပ်မကွာလှပါဘူး ။

ဒါ​ပေမယ့် စစ်အာဏာရှင်အားလုံးထဲမှာ မင်း​အောင်လှိုင်က​တော့ ပြည်သူ​တွေကို အသတ်ဆုံး၊စစ်ရာဇဝတ်မှုအများဆုံးကျူးလွန်ထားသူပါ။မင်း​အောင်လှိုင် ဦး​ဆောင်တဲ့ စစ်အုပ်စုရဲ့ ငါးနှစ်ခန့်အတွင်း စွမ်း​ဆောင်မှု​တွေ ​က ကမ္ဘာ​ပေါ်မှာ ဘိန်းစိုက်ပျိုးမှုအများဆုံး ၊ ကမ္ဘာတစ်ဝန်းပတ်လိမ်​နေတဲ့ ကျားဖြန့်လုပ်ငန်း​တွေအများဆုံး ၊ ကမ္ဘာ​ပေါ်မှာမလုံခြုံဆုံး ၊ အဂတိလိုက်စားမှုအများဆုံး ၊ အင်တာနက်ဖြတ်​တောက်ပိတ်ဆို့မှုအဆိုးဆုံး ၊အငတ်​ဘေးကြုံတဲ့ နိုင်ငံသားအများဆုံး ၊ကမ္ဘာ​ပေါ်မှာမလုံခြုံဆုံး စတဲ့ မ​ကောင်းတဲ့ ညွှန်းကိန်းအားလုံးမှာ ထိပ်ဆုံး​ရောက်သွားပါတယ် ။

ဒီတစ်ကြိမ်မှာ မင်း​အောင်လှိုင်နဲ့ တရုတ်အစိုးရအကြိုက် မံ​ပေးပြီး တရားဝင်မှုသွား​ပေးရင် ​ဆွေစဥ်မျိုးဆက် စစ်ကျွန်တင်မကပဲ တရုတ်ကျွန်ပါခံကြရမယ်အ​ခြေအ​နေပါ ။

ဒါ​ကြောင့် ​စစ်အာဏာရှင်အဆက်ဆက် စစ်ရာဇဝတ်မှု​တွေ မ​ရေတွက်နိုင်​အောင် ကျူးလွန်ခဲ့ကြ​ပေမယ့် ကင်းလွတ်ခွင့်ရခဲ့တဲ့ အာဏာရှင်​တွေကို ​နွေဦး​တော်လှန်​ရေးမှာ​တော့ ကင်းလွတ်ခွင့်ထပ်​ပေးလို့မရ​တော့ပါဘူး ။ ဒါ​ကြောင့် ဒီမိုက​ရေစီရဖို့ မင်း​အောင်လှိုင်နဲ့ စစ်အုပ်စုအကြိုက် မဲ​ပေးရရမှာ မဟုတ်ပဲ သူတို့ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှု​တွေအတွက် တရားမျှတမှုပြန်​ပေးရမှာပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ