close
Connect with us

Hi, what are you looking for?

အတွေးအမြင်

၂၀၂၆ မှာ စောင့်ကြည့်ရမယ့် အချက် ၁၀ ချက်

The Economistမဂ္ဂဇင်းအယ်ဒီတာရဲ့ဟောကိန်းများ

-John Doe ရေးသားသည်

အရင်ဆုံးThe Economist မဂ္ဂဇင်းအကြောင်းအရင်ရှင်းပြရမှာပါ။The Economist ဟာအပတ်စဉ် ထုတ်ဝေတဲ့ပုံနှိပ်စာစောင်တစ်စောင်ဖြစ်ပြီးဒစ်ဂျစ်တယ်အနေနဲ့ကတော့နေ့စဉ်သတင်းတွေတင်ဆက်ပါတယ်။

သက်တမ်း ၁၈၀ ကျော်ပြီဖြစ်တဲ့ The Economist ဟာဗြိတိန်မှာအခြေစိုက်တာဖြစ်ပါတယ်။စီးပွားရေး၊ နိုင်ငံရေး၊ပထဝီနိုင်ငံရေး၊နည်းပညာစတဲ့နေရာတွေမှာအာရုံစိုက်ဖေါ်ပြလေ့ရှိပါတယ်။မဂ္ဂဇင်းရဲ့ရပ်တည်ချက်ကတော့လစ်ဘရယ်အတွေးအခေါ်ကိုအခြေခံပါတယ်။

အခုဖေါ်ပြမယ့်အချက်၁၀ချက်ကတော့မဂ္ဂဇင်းဝက်ဆိုက်ရဲ့အယ်ဒီတာချုပ်ဖြစ်ပြီး၊”ရှေ့ကမ္ဘာရဲ့အလားအလာ” (The World Ahead) ဆိုတဲ့ကဏ္ဏကိုကြိုတွေးဆတဲ့အဖွဲ့ရဲ့ခေါင်းဆောင်တစ်ဦးလည်းဖြစ်တဲ့ တွမ်စတန်းဒေ့ရှ်ရဲ့ ကြိုတင်တွက်ဆမှုများဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

တွမ်ကလက်ရှိကမ္ဘာကို ‘ဒေါ်နယ်ထရမ့်ရဲ့ကမ္ဘာ’လို့ဆိုပါတယ်။ထရမ့်ဟာ၂၀၂၅ကိုပြောင်းလဲသူအဖြစ်ဖေါ်ပြခဲ့ပြီး၊အိမ်ဖြူတော်မှာသူရှိနေသရွေ့ဒီအခြေအနေဟာဆက်ရှိနေမယ်လို့ဆိုပါတယ်။

အတူကြည့်ကြရအောင်ပါ။

(၁)အမေရိကန်ပြည်ထောင်စုနှစ်၂၅၀ပြည့်

၁၇၇၆ခုနှစ်မှာအမေရိကန်ပြည်နယ်၁၃ခုဟာဗြိတိန်အုပ်ချုပ်မှုအောက်ကနေလွတ်လပ်ပြီးအမှီအခိုကင်းတဲ့ အမေရိကန်ပြည်ထောင်စုအဖြစ်ကြေညာခဲ့ရာကလွတ်လပ်ရေးစတင်ခဲ့ပါတယ်။၂၀၂၆ခုနှစ်ဆိုရင် နှစ်၂၅၀ပြည့်ပါပြီ။ နှစ်၂၅၀ပြည့်တဲ့အခါမှာတော့တိုင်းပြည်ဟာကြိုတင်ထင်မှတ်ထားတဲ့ပုံစံကနေသွေဖီခဲ့ပါပြီ။

ရီပတ်ဘလင်ကန်တွေနဲ့ဒီမိုကရက်တွေဟာနိုင်ငံရဲ့အတိတ်၊ပစ္စုန်ပ္ပန်၊အနာဂတ်တွေကိုနှစ်၂၅၀ပြည့်မှာ ပုံဖေါ်ပြောဆိုတဲ့အခါမတူညီတဲ့အသံတွေကိုကြားကြရမှာပါ။လာမယ့်နိုဝင်ဘာလမှာတော့အမေရိကန် ပြည်သူတွေဟာ Midterm Elections မှာသူတို့အနာဂတ်အတွက် မဲပေးကြမှာပါ။

အောက်လွှတ်တော်ကိုဒီမိုကရက်တွေစီးမိတယ်ဆိုရင်တောင်မှာထရမ့်ဟာသူ့ရဲ့အနိုင်ကျင့်(Bullying)တဲ့အကျင့်တွေ၊ကုန်သွယ်ခွန်တွေနဲ့အစိုးရအာဏာတွေကိုဆက်ကျင့်သုံးနေဦးမှာပါ။

(ဒီနေရာမှာတွမ်စတန်းဒေ့ရှ်ဟာအမေရိကန်ပြည်ထောင်စုကိုတည်ထောင်ပြီးနှစ်၂၅၀အပြည့်အကြာမှာ ဒေါ်နယ်ထရမ့်ရဲ့စပွန်ဆာနဲ့တိုင်းပြည်ဟာစည်းလုံးမှုပြိုကွဲသွားပြီလို့ဆိုလိုချင်တယ်လို့အခုဆောင်းပါးရှင်ကထင်ပါတယ်)

(၂)ပထဝီနိုင်ငံရေး

နိုင်ငံခြားရေးကိုစောင့်ကြည့်လေ့လာသူတွေအကြားမှာအယူအဆတွေလည်းကွဲပြားလှပါတယ်။ အမေရိကန် နဲ့ တရုတ်ဦးဆောင်တဲ့အုပ်စုတွေအကြားမှာစစ်အေးတိုက်ပွဲသစ်ဆင်နွဲနေတယ်ဆိုတာမျိုး၊ ဒါမှမဟုတ် အမေရိကန်၊ရုရှနဲ့တရုတ်တို့ဟာကမ္ဘာကြီးကိုသူတို့လုပ်ချင်သလိုလုပ်ဖို့အတွက် သဘောတူညီထားတယ်ဆိုတာမျိုးအယူအဆတွေဖြစ်ပါတယ်။ဘယ်တစ်ခုကိုမှမယုံပါနဲ့။

ထရမ့်ဟာဗီဇအသိကိုအခြေခံပြီးအပေးအယူပုံစံကိုပိုသဘောကျသူပါ။ကြီးမားတဲ့ပထဝီနိုင်ငံရေးဆိုင်ရာဗျူဟာတွေကိုသဘောကျသူမဟုတ်ပါဘူး။ခေတ်ဟောင်းကမ္ဘာ့ရဲ့စည်းမျဉ်းအခြေခံစနစ်ဟာ တဖြည်းဖြည်းပျောက်ကွယ်မယ့်ပုံရှိနေပါတယ်။ဒါပေမယ့် “မဟာမိတ်အဖွဲ့တွေ” ကတော့ကာကွယ်ရေး၊ကုန်သွယ်ရေးနဲ့ရာသီဥတုပြောင်းလဲလာမှုလိုကိစ္စတွေမှာဆက်လက်တိုက်ပွဲဝင်နေကြဦးမှာပါ။

(ဒီနေရာမှာ”မဟာမိတ်အဖွဲတွေ”ဆိုတာကတော့ နေတိုး နဲ့ ဥရောပနိုင်ငံတွေလို့ယူဆပါတယ်)

(၃)စစ်နဲ့ငြိမ်းချမ်းရေး

ကံကောင်းမယ်ဆိုရင်တော့ဂါဇာကလှုပ်လီလှုပ်လှဲ့ငြိမ်းချမ်းရေးကတည်မြဲနေဦးမှာပါ။ယူကရိန်း၊ဆူဒန် နဲ့ မြန်မာမှာတော့ပဠိပက္ခတွေကဆက်လက်တည်ရှိနေဦးမှာပါ။ရုရှနဲ့တရုတ်တို့ကတော့မြောက်ဥရောပနဲ့တောင်တရုတ်ပင်လယ်ကိစ္စတွေမှာအမေရိကန်ပြည်ထောင်စုရဲ့သူ့မဟာမိတ်တွေအပေါ်ထားရှိတဲ့ သံဓိဌာန်ကိုစမ်းသပ်ကြပါလိမ့်မယ်။စစ်နဲ့ငြိမ်းချမ်းရေးကိုခွဲခြားထားတဲ့မျဉ်းကြောင်းကပိုပြီးမှုန်ဝါးလာတာနဲ့အမျှ အာတိတ်ဒေသ၊အာကာသ၊ပင်လယ်ကြမ်းပြင်နဲ့ဆိုက်ဘာနယ်ပယ်တွေမှာတင်းမာမှုတွေပိုမို မြင့်တက်လာမှာပါ။

(မြန်မာပါလာတာကိုသတိချပ်ပါ။အနည်းဆုံးတော့သူတို့တွေးခေါ်မှုမှာမြန်မာကိုမချန်ခဲ့ဘူးဆိုတာကပဲ ဝမ်းသာစရာပါ)

(၄)ဥရောပအတွက်ပြဿနာများ

ဒီအခြေအနေတွေအားလုံးဟာဥရောပအတွက်စမ်းသပ်မှုပါပဲ။ဥရောပဟာ ကာကွယ်ရေးအသုံးစရိတ်တွေတိုးမြှင့်မှဖြစ်မှာပါ။အမေရိကန်ကိုဘေးဖယ်ထားရပါမယ်။ခြိုးခြံချွေတာရေးကလက်ယာစွန်းပါတီတွေအပေါ်ထောက်ခံမှုကိုအားပေးနိုင်ပေမယ့်လည်းစီးပွားရေးဖွံ့ဖြိုးမှုကိုပိုအာရုံစိုက်ပြီးလိုငွေပြမှုတွေကိုလည်းထိန်းချုပ်ရပါလိမ့်မယ်။

လွတ်လပ်တဲ့ကုန်သွယ်မှုနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေမှာဦးဆောင်သူအဖြစ်ဥရောပဟာ ဆက်ရှိနေမှာပါ။ဒါတွေအားလုံးကိုတပြိုင်နက်လုပ်ဖို့ဆိုတာကတော့မလွယ်ကူလှပါဘူး။

(၅)တရုတ်အတွက်အခွင့်အလမ်း

တရုတ်မှာလည်းသူ့ပြဿနာတွေနဲ့သူပါ။ငွေကြေးမာကျောလာတာ၊စီးပွားရေးတိုးတက်မှုကျဆင်းလာတာနဲ့စက်မှုလုပ်ငန်းတွေဖောင်းပွလာတာတွေဖြစ်ပါတယ်။ဒါပေမယ့်သမ္မတဒေါ်နယ်ထရမ့်ရဲ့ ”အမေရိကန်ပထမ”ဆိုတဲ့မူဝါဒကကမ္ဘာကိုတရုတ်ကလွှမ်းမိုးဖို့အခွင့်အလမ်းတွေအကြီးအကျယ်ပေးနေပါတယ်။သူဟာပိုယုံကြည်စိတ်ချထိုက်တဲ့မိတ်ဖက်ဖြစ်ဆိုတာကိုပုံဖေါ်ပေးနေတာပါ။

(၆)စီးပွားရေးဆိုင်ရာစိုးရိမ်စရာများ

အခုအချိန်အထိတော့ထရမ့်ရဲ့ကုန်သွယ်ခွန်ပြဿနာကအများကထင်ထားသလောက်အမေရိကန် စီးပွားရေးကိုဒုက္ခပေးတာမတွေ့ရသေးပါဘူး။ဒါပေမယ့်ကမ္ဘာလုံးဆိုင်ရာဖွံံဖြိုးမှုကိုတော့ဒုက္ခပေးပါလိမ့်မယ်။ငွေချေးစာချုပ်ဈေးကွက်ကပျက်စီးလာနေပါတယ်။လာမယ့်မေလမှာဗဟိုဘဏ်ဥက္ကဌအပြောင်းအလဲလုပ်မယ့်အပေါ်မူတည်ပါတယ်။ဗဟိုဘဏ်ကိုနိုင်ငံရေးအတွက်အသုံးချတာဟာအင်မတန် အန္တရာယ်ကြီးလှပါတယ်။

(၇) AI

AIအတွက်အခြေခံအဆောက်အဦတွေတည်ဆောက်မှုမှာအကြီးအကျယ်သုံးစွဲနေမှုကအမေရိကန်စီးပွားရေးရဲ့အားနည်းမှုကိုပြနေပါတယ်။ဒီပူဖေါင်းကပေါက်ထွက်သွားမလားဆိုတာမေးခွန်းထုတ်စရာပါ။စီးပွားရေးအပေါ်အကျိုးသက်ရောက်မှုတွေရှိလာနိုင်ပါတယ်။ဘွဲ့ရလူငယ်တွေအတွက်အလုပ်အကိုင် အကြပ်အတည်းတွေဖြစ်လာနိုင်ပါတယ်။

(၈) ရာသီဥတု

အပူချိန်မြင့်တက်လာမှုကို၁.၅ဒီဂရီအထိကန့်သတ်ထားတာဟာမဖြစ်နိုင်တော့ပါဘူး။ထရမ့်က “ပြန်လည်ပြည့်ဖြိုးနိုင်တဲ့စွမ်းအင်” (Renewal Energy)သုံးစွဲမှုကိုမုန်းတီးလို့ပါပဲ။ ကမ္ဘာ့တောင်ပိုင်း မှာတော့”သန့်ရှင်းတဲ့နည်းပညာ” (Clean Tech)တွေတအားတိုးတက်လာနေပါတယ်။ သူတို့ ဆက်ကြိုးစားကြမှာပါ။ထရမ့်နဲ့ပြဿနာမတက်အောင်တော့တိတ်တိတ်လုပ်ကြရပါလိမ့်မယ်။

(၉) အားကစား

အားကစားကိုနိုင်ငံရေးနဲ့ခွဲထုတ်ဖို့တော့ကြိုးစားကြတာပါပဲ။၂၀၂၆မှာတော့မဖြစ်နိုင်ပါဘူး။ကမ္ဘာ့ဖလားဘောလုံးပွဲကိုသဘောထားတင်းမာနေကြတဲ့ကနေဒါ၊အမေရိကန်ပြည်ထောင်စုနဲ့မက္ကစီကိုတို့ပူးတွဲ ကျင်းပကြမှာပါ။ပရိသတ်တချို့ လာချင်မှလာပါလိမ့်မယ်။

Las Vegasမှာလုပ်မယ့်”စွမ်းဆောင်ရည်မြင့်တင်ထားတဲ့ကစားပွဲ” (Enhanced Games)ကပြဿနာ ရှိလာနိုင်ပါတယ်။ကစားသမားတွေကစွမ်းဆောင်းရည်မြှင့်တင်တဲ့ဆေးဝါးတွေသုံးစွဲခွင့်ရကြပါပြီ။ ပြဿနာဘယ်လောက်တက်မလဲကြည့်ကြရပါမယ်။

(၁၀) Ozempic လိုဝိတ်လျှော့ဆေးတွေပိုကောင်းလာမယ်

ပိုကောင်းပြီးပိုဆေးချိုတဲ့ဝိတ်လျှော့ဆေးတွေလာကြတော့မှာပါ။ထိုးဆေးအပြင် ဆေးပြားပုံစံနဲ့ပါ လာမှာပါ။ဒီဆေးဝါးတွေသုံးစွဲမှုဟာအားကစားသမားတွေကြားမှာလည်းကျင့်ဝတ်ဆိုင်ရာအငြင်းပွားမှုတွေရှိနိုင်ပါတယ်။

အထက်မှာဖေါ်ပြခဲ့တဲ့အချက်တွေကတော့The Economist အယ်ဒီတာတွမ်စတန်းဒေ့ရှ်ပြောတဲ့ အနှစ်ချုပ်တွေပါပဲ။အချက်တော်တော်များများဟာလိမ္မော်ရောင်ဆံပင်နဲ့သမ္မတဒေါ်နယ်ထရန့်ရဲ့စိတ်ရူးပေါက်မှုအပေါ်မှာမူတည်နေတာကိုတွေ့ရမှာပါ။

၂၀၂၆ မှာကမ္ဘာကြီးကံကောင်းပါစေလို့ပဲဆုတောင်းကြရပါမယ်။ ။

ဆက်စပ်သတင်းများ