ဧရာဝတီမြစ်ဆုံဒေသခံတဦးနဲ့ မေးမြန်းခန်း
မြစ်ဆုံဆည်စီမံကိန်း ပြန်လည်စတင်ဖို့ အာဏာသိမ်းစစ်တပ်က ပြင်ဆင်မှုတွေ လုပ်ဆောင်လာလို့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ဒေသခံတွေ၊ဖားကန့်ဒေသခံတွေ၊အညာဒေသခံတွေ၊ပြည်ပရောက်မြန်မာတွေအပါအဝင် ဒေသအနှံ့မှာ ပြည်သူတွေက မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ကြောင်းဆန္ဒပြလှုပ်ရှားမှုတွေပြန်လည်ပေါ်ပေါက်လာပြီဖြစ်ပါတယ်။ ဇန်နဝါရီ ၁၀ရက်ကကျရောက်တဲ့ ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားဒေသခံတွေက စီမံကိန်း အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ စစ်တပ် နဲ့ တရုတ်အစိုးရတို့လုပ်ဖို့ စီစဥ်နေတဲ့ ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကိုဖျက်သိမ်းဖို့တောင်းဆိုနေတဲ့မြစ်ဆုံနဲ့ အနီးစပ်ဆုံး ကျေးရွာတရွာက ဒေသခံ အမျိုးသားတဦးကို People’s Spring ကဆက်သွယ်မေးမြန်းထားပါတယ်။ အာဏာသိမ်းစစ်တပ်ကအန္တရာယ်ပြုမှာစိုးတာကြောင့် ဖြေကြားသူဒေသခံရဲ့ လုံခြုံရေးအရအမည်နဲ့ ကျေးရွာအမည်ကို ဖော်ပြခြင်းမပြုပါဘူး။
-ထားမြတ်/People’s Spring
မေး-မြစ်ဆုံဆည်စီမံကိန်း ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေ ပြန်လည်လုပ်ဆောင်နေရတာနဲ့ပတ်သက်ပြီး ရှင်းပြပေးပါလား ။

Public Service Announcement
ဖြေ-ကျနော်က မြစ်ဆုံစီမံကိန်းနဲ့ အနီးစပ်ဆုံးရွာကပေါ့။အဲဒီက ဒေသခံ တယောက်ဖြစ်ပါတယ်။ကျနော့်အမြင်ပြောမယ်ဆိုရင်တော့ ကျနော်တို့လည်း သတင်းတွေကြားတယ်နော။အဲဒါပြန်စဖို့ သတင်းတွေ တက်လာတော့ ကျနော်တောင်မှ ရွာကလူတွေကိုပြောနေသေးတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီ စီမံကိန်းက ပြန်စလာမယ်ဆိုရင် တကယ်လို့ တရုတ်တွေ ဝင်လာတာ အလုပ်သမားတွေ ဝင်လာရင်တော့ ဘာပဲဖြစ်ဖြစ် ကျနော်တိုက လမ်းမှာသစ်တွေ၊ဝါးတွေ ခုတ်ပြီးမှတော့ ကျနော်တို နည်းနည်းတော့ ကန့်ကွက်ရမယ့် သဘောရှိတယ်။ ပြောချင်တာက ကျနော်အနေနဲ့အဲဒါကိုပြန်စမယ်ဆိုတာလုံး၀ သ
ဘောမတူတဲ့သဘော ပြောချင်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီအချိန်ထိ ရပ်ဆိုင်းထားရတယ်ဆိုတာက ကောင်းတဲ့အလားအလာ။အခု ပြန်စမယ်ဆိုရင်တော့ မြစ်ဆုံက ကျနော်တို့ ကချင်ပြည်နယ်သာမက တနိုင်ငံလုံးအတွက် အရမ်းအရေးကြီးတဲ့ မြစ်ချောင်းပေါ့နော်။ အဲဒါကြောင့်မို့လို့ ကျနော်တို့လည်း အရင်တုန်းကအတိုင်း ကန့်ကွက်သွားမှာပေါ့။ မြစ်ဆုံစီမံကိန်း Dam ပြန်လုပ်ဖို့က ကျနော်တို့က လုံး၀ သဘောမတူဘူးလို့ပဲ ပြောချင်တာပေါ့။အဲဒါကြောင့် စီမံကိန်း စတော့မယ် သတင်းတွေ ကြားတဲ့အခါကျနော်တို့လည်းတက်နိုင်သလောက်တော့ တကယ်လို့ စလာမယ်ဆို ကျနော်တို့လည်း အစီအစဉ်တော့ရှိတာပေါ့။
မေး-စီမံကိန်းကိုဘာကြောင့် ကန့်ကွက်ရတယ်ဆိုတာ ပြောပြပေးပါလား။
ဖြေ-ကျနော် အချက် သုံးချက်လောက်ပြောချင်တာပေါ့။ပထမ အချက်က ဒီမြစ်ဆုံစီမံကိန်း ရေအားလျှပ်စစ် စီမံကိန်း ပြန်စဖို့က ကျနော်တို ဒေသခံတွေကလုံး၀မလိုလားဘူးပေါ့။ အဲဒါက ပထမအချက်။ နောက်ပြီး ဒုတိယ အချက်က ဒီမြစ်ဆုံစီမံကိန်းရဲ့ အခြေအနေကို ကျနော်တို စဉ်းစားတဲ့အချိန်မှာ လေ့လာတဲ့အချိန်မှာ ကျနော်တို တွေ့ရတာပေါ့ ကျနော်တို ဒေသခံတွေရော၊ကျနော်တို့ ပြည်သူပြည်သားတွေအတွက်ရော ဘာမှ အကျိုးမရှိဘူး လို့ကျနော်တိုက အဲဒီလိုမြင်တယ်။ တတိယက အခု နိုင်ငံရေး ဒီလောက်ရှုပ်ထွေးနေတဲ့အချိန်မှာ ဒီလိုမျိုး စီမံကိန်းတွေ ပြန်စမယ်ဆိုရင် ကျနော်တို ပြည်သူလူထုတွေက ဒေသခံတွေက ဘာပြောရမှန်းမသိ ဘယ်အစိုးရကို အားကိုးရမှန်းမသိအဲဒီလို ဖြစ်တဲ့အတွက်ကြောင့် ဒီလိုမျိုး နိုင်ငံရေးအခြေအနေ မကောင်းနေတဲ့အချိန်မှာ ဒီလိုမျိုး စီမံကန်းတွေ ပြန်ဝင်လာတယ်ဆိုတာက ကျနော် ၊ကျမတို့ ပြည်သူလူထုအတွက် လုံး၀ မကောင်းဘူး။အဲဒါကြောင့်ဘာပဲဖြစ်ဖြစ် ဒီစီမံကိန်း တကယ်လို့ စလာမယ်ဆိုရင်တော့ ကျနော်တို့လည်း တက်နိုင်တဲ့ဘက်က ဘာပဲဖြစ်ဖြစ် ကန့်ကွက်သွားမယ်ဆိုတာ ပြောပြချင်တာပေါ့။
မေး-အာဏာသိမ်းစစ်တပ်က ရှေ့ဆက်တိုးပြီး စီမံကိန်းပြန်လုပ်ဖို့ ကြိုးပမ်းလာရင်ရော။
ဖြေ-ကန့်ကွက် တယ်ဆိုတာထက် တကယ်လို့ စီမံကိန်း ဝင်လာရင် ဘယ်လိုမျိုး ပြန်စမယ်ဆိုတာ ကျနော်တို့ အတွင်းထဲမှာ အားလုံး ဆွေးနွေးပြီးသား စီမံကိန်းတွေ ဆွဲပြီးသား အဲဒါတွေကရှိတယ်။ ဝင်လာမယ် ပြန်စမယ်ဆိုရင် ဘာပဲဖြစ်ဖြစ် ကျနော်တို့က တက်နိုင်တဲ့ဘက်က ရပ်တည်ပြီးမှ ကန့်ကွက်သွားမယ်။
မေး-မြစ်ဆုံဆည်ပြန်လုပ်မယ်လို့ အသံတွေအပေါ် KIO/KIA ရဲ့သဘောထား ဘယ်လို ကြားသိရပါသလဲ။
ဖြေ-KIA တွေအနေနဲ့ကျနော်တို့ကြည့်မယ်ဆိုရင်တော့ သူတို့KIO ဗဟို အစိုးရက ဘယ်လိုမျိုးဆိုတာလဲမသိရသေးဘူး။မသိသေးဘူးဆိုတာက သတင်းထဲမှာတော့ကန့်ကွက်တာလည်းမပြောမကန့်ကွက်တာလည်းမပြောဘူးပြည်သူလူထုရဲ့ စိတ်သဘောထားလို့ပဲ သူတို့ပြောတယ်လေနော်။ စာထုတ်ပြန်တာလည်းမတွေ့ဘူး။ ဒါပေမဲ့ အနီးစပ်ဆုံး မြို့နယ်၊ တိုက်နယ်ကတာဝန်ရှိတဲ့ လူကြီးတွေ မေးကြည့်တဲ့အခါ စကားပြောကြည့်တဲ့အခါ KIO/KIA အစိုးရကကျနော်တို့နယ်ဘက်မှာဘာမှ အကြောင်း ကြားတာ ဒီလိုမျိုး စီမံကိန်းရှိလာတယ်နော် အဲဒါကြောင့် တကယ်လို့ ဝင်လာပြီဆို မင်းတို့ ဘယ်လိုမျိုးလုပ်ပါ ဘာညာကွိကွ အဲဒီလို အမိန့်ချပေးတာတို့ သူတို့ကို ညွှန်ကြားတာတို့ က ဘာမှ မကြားရဘူးလို့။ ကျနော်တို့လည်း မြို့နယ် အုပ်ချုပ်ရေးမှူးတွေနဲ့ တိုက်နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ ဒီမြစ်ဆုံနဲ့အနီးစပ်ဆုံးအခုလောလောဆယ်ကတပ်ရင်း(၄)ပေါ့။ တပ်ရင်း(၄) တို့ တပ်ရင်း(၃) အဲဒီကလူကြီးတွေ စကားပြောကြည့်ရင်တော့ သူတို့က ဘာမှသတင်းတွေ မကြားဘူးလို့ KIO/KIA အနေနဲ့တော့အဲဒီလိုမျိုး ဒေသခံတွေ ကြားနေရတာပေါ့။
မေး-စီမံကိန်းလုပ်ဖို့ဒေသခံတွေကို လာစည်းရုံးတဲ့ အခြေအနေတွေ ကြုံရပါသလား။
ဖြေ-ကျနော်တို့က ဒီမြစ်ဆုံနဲ့ အနီးစပ်ဆုံးရွာပေါ့ ဟိုဘက်ကတန်ဖဲ၊ အောင်မြင်သာ၊ ကျိန်ခရန် ၊ ဒီဘက်ကမ်းကြတော့ မလိယာန်… အဲဒီ ဘက်က ရွာသူရွာသားတွေကိုအရင်တုန်းကလို စီမံကိန်းနဲ့ပတ်သက်ပြီးမှ အမြင်ဖွင့် ဘာဖွင့် လာပြီး သူတို့ ဟောပြောပွဲတွေ လုပ်တဲ့အချိန်မှာ ကျနော်တို့ကို မေးတဲ့ မေးခွန်း နှစ်ခုတော့ အမြဲတမ်းရှိတာပေါ့။မေးခွန်းတခုက ဘာလဲဆိုတော့ မင်းတို့ ရေအားလျှပ်စစ် မလိုချင်ဘူးလား မီးအား မလိုချင်ဘူးလား မီးမလိုချင်ဘူးလား ပေါ့။ အဲဒါကြောင့်ကျနော်တို့လည်း ဖြေခဲ့တယ်လေ ။ လိုချင်ပါတယ် မီးတော့ လိုချင်ပါတယ် ဒါပေမဲ့ ဒီမြစ်ဆုံစီမံကိန်းက ငါတို့အတွက်မီးရဖို့ ကတော့ မမြင်နိုင်ဘူးပေါ့။ မီးရဖို့ဆိုရင် ဒီလိုမျိုးစီမံကိန်းအကြီးကြီးမဟုတ်ဘဲနဲ့ အခြားနည်းလမ်းတွေ အများကြီးလုပ်လို့ရတဲ့ ဥစ္စာတွေလည်းရှိပါတယ်လို့။အဲဒါကြောင့်မို့လို့ ဒီလိုမျိုး ပြည်သူလူထု မကြိုက်တဲ့ စီမံကိန်းကိုတော့ ကျနော်တို့ ဘယ်လိုမှထောက်ခံလို့မရဘူးလို့။ မီးတော့ လိုချင်ပေမယ့် အခုအချိန်မှာက အစိုးရအခုလက်ရှိ အစိုးရလည်း ကျနော်တို့ကို အာမခံချက်ပေးနိုင်တဲ့ဟာမရှိဘူးလို့ အဲဒီလိုမျိုး တချက်ပြောတာပေါ့။ နောက်ပြီး တချက်က ဒီလိုမျိုး စီမံကိန်းကို လာတဲ့ အချိန်မှာ ကျနော်တို့ ဒေသခံတွေရဲ့ ဒီပစ္စည်းဥစ္စာ အကုန်လုံးဆုံးရှုံးရတာပေါ့။ခြံတွေရော၊ဝါးတွေရော လမ်းဖောက် ဘာဖောက်ညာဖောက် စီမံကိန်းအတွက် အဲဒါတွေလျော်ကြေးတွေဘာတွေလည်းမရခဲ့ဘူးလေနော်။ အစိုးရ မကောင်းတဲ့အတွက်ကြောင့်မို့လို့။ ကောင်းတဲ့ အစိုးရ ပေါ်ပေါက်တဲ့နေ့မှာကျတော့ လုပ်သင့်ရင်တော့ အဲဒီအချိန်မှပဲ လုပ်ရမယ်လို့ အဲဒီလိုမျိုး ဖြေတဲ့စကား အမြဲတမ်းဖြေနေတဲ့ စကား နှစ်ခုရှိတယ်လေနော်။
မေး-အခု မြစ်ဆုံအနီးဝန်းကျင်မှာရွှေတူးတာတွေရှိတယ်လို့ ကြားရတယ်။
ဖြေ-ရှိတယ်။ ရှိတယ်။ အဲဒါကိုလည်း အရမ်းပြောချင်တာ။ မြစ်ဆုံစီမံကိန်း မလုပ်ရင်တောင် အဲဒီ အနီးအနားတ၀ိုက် မှာရွှေကျင်တဲ့လူ ရွှေတူးဖော်တဲ့လူကဘက်ဟိုးစက်ယန္တရားတွေနဲ့ တော်တော်လေး တူးနေကြတာပဲ။ အဲဒါကိုကျနော်တို့လည်းအနီးစပ်ဆုံး အခုက အစိုးရလုပ်တာလားဘာလားတော့ ကျနော်တို့လည်း မသိဘူး။ဒါပေမဲ့လောပန်းတွေက မြစ်ဆုံရဲ့ အနီးအနားတ၀ိုက်မှာ အကုန်လုံး ရွှေတူးရွှေဖော် စက်ယန္တရားနဲ့ပေါ့နော် အဲဒါတွေလုပ်နေတာ အများကြီးတွေ့ပါတယ်။ ကျနော်တို့ ရွာနားမှာလည်း တူးနေကြတာ။ သူတို့ကို မေးကြည့်လိုက်တော့ သူတို့လည်းကုန်းဘက်မဟုတ်ဘဲ ချောင်းမှာပဲ ရွာကလူကြီးတွေရပ်ရွာအုပ်ချုပ်ရေးကနေ တိုင်းပေးတဲ့အဲဒီမှာပဲ လုပ်တယ်လို့ လောပန်းတချို့တွေက အဲဒီလို မျိုးပြောတာ။ အနီးအနားတ၀ိုက်မှာ သူတို့ ရွှေတူးတာလည်းရှိတယ်လို့ အဲဒါ ပြောပြတာလေ။
မေး- ဦးယွပ်ဇော်ခေါင်တို့ကုမ္ပဏီလား။ (ဦးယွပ်ဇော်ခေါင် ဟာ စစ်ကောင်စီခန့် လက်ရှိ ကချင်ပြည်နယ်ဝန်ကြီးချုပ် ခက်ထိန်နန်နဲ့ ခမည်းခမတ် တော်စပ်သူဖြစ်သလို ၂၀၂၂ မှာအာဏာသိမ်းစစ်ကောင်စီက သီရိပျံချီဘွဲ့ပေးအပ်ခံ့သူဖြစ်ပါတယ်။ အရင်က အစိုးရနဲ့ KIO/KIA အကြား ဆွေးနွေးပွဲတွေဖြစ်ဖို့ ကြားဝင်ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုးစောင့်အဖွဲ့(PCG) အဖွဲ့ ခေါင်းဆောင်လည်းဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ကချင်အမျိုးသားတွေ အထွဋ်အမြတ်ထားရာနေရာ သမိုင်းဝင်မြစ်ဆုံဒေသမှာ ရွှေတူးဖော်နေတဲ့ သူဌေးတဦးဖြစ်ပါတယ်။)
ဖြေ-ယွပ်ဇော်ခေါင်တို့ ကုမ္ပဏီကတော့ ကျိန်ခရမ်ဘက်ကမ်းပေါ့။ ဒီမြစ်ဆုံအောက်မှာ တောက်လျှောက် က တူးနေကြတယ်။ဒါပေမဲ့တပိုင်တနိုင် လောပန်းတွေပဲ ဟုတ်တယ်။ အခု အဲဒီမှာ ကျနော်တို့ အမျိုးလောပန်းတွေလည်းပါတယ်လေ။ အဲဒါလည်းကျနော်တို့မေးကြည့်တယ်လေ။သူတို့က သူတို့ရဲ့ ဒီရွှေတူးဖော်တဲ့ တိုင်းကနေ ထောက်ခံစာယူတာက စကာကျောက် ခဲကျောက် ထုတ်လုပ်ဖို့ စီမံကိန်းနဲ့ ဝင်တယ်လို့ပဲပြောတာပဲ။ ယွပ်ဇော်ခေါင်နဲ့တော့ကျနော်တို့ကအဆက်အသွယ်တော့မရှိဘူး။ ဒါပေမဲ့ဒီဘက်ကမ်းကလောပန်းတွေနဲ့တော့ အဆက်အသွယ်ရှိတယ်။ သူတို့က စကာကျောက်ထုတ်လုပ်ရေး စီမံကိန်း ပါမစ်ယူပြီးမှ လုပ်တယ်လို့ ကြားတယ်။
မေး-မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး တရုတ်အစိုးရရဲ့ ရည်မှန်းချက်က လျှပ်စစ်ဓာတ်အား ရရှိရေးအတွက်ပဲလား အခြားရည်ရွယ်ချက်တွေ ပါနိုင်လား ဘယ်လိုမြင်ပါသလဲ။
ဖြေ-မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီးမှ တရုတ်တွေရဲ့ စီမံကိန်း ပြောချင်တာက ရေအားလျှပ်စစ် ရရှိရေးပဲလား။ ရေအားလျှပ်စစ် စီမံကိန်းလားဆိုရင်တော့ ကျနော်တို့လည်း အဲဒီလောက်တော့ မမြင်ဘူး။ဒါပေမဲ့ ကျနော်တို့ မြင်တဲ့အမြင်ကအသံကြားတာပေါ့ အရင်တုန်းက ပထမစီမံကိန်း ဝင်ကတည်းက အခုအချိန်ထိ ကျနော်တို့ မြင်တဲ့အမြင်သဘောပြောမယ်ဆိုရင်တော့ အခု လောလောဆယ်ဒီမြစ်ဆုံ အနီးအနားတ၀ိုက်မှာတော့ ရွှေတွေ ဘာတွေ သယံဇာတက တော်တော်လေး ပေါများတယ်လို့ ကျနော်တို့မြင်တယ်။ဒါပေမဲ့ဒါတွေကတော့ စီးပွား
ရေးအမြင်နဲ့ မမြင်လို့ ပြောလို့မရဘူး။ ဒါပေမဲ့ တရုတ်တွေရဲ့ စီမံကိန်းက ဘာပဲဖြစ်ဖြစ် နိုင်ငံရေးပါတယ်လို့။ မြန်မာနိုင်ငံမှာ မတည်မငြိမ်ဖြစ်နေတဲ့ ဒီမြန်မာနိုင်ငံ ရဲ့အထက်မြန်မာမြောက်ပိုင်းမှာတော့ ကချင်လူထုတွေနဲ့ KIO/KIAတွေနဲ့ ဗမာစစ်တပ်ပေါ့ အရင်ကတည်းကဒီနေ့အထိစစ်ဖြစ်နေတယ်။
ပြည်တွင်းစစ်ဖြစ်နေတဲ့အချိန်မှာ မတည်မငြိမ် ဖြစ်နေတဲ့အချိန်မှာ တိုက်ပွဲ ပြင်းထန်တဲ့အချိန်မှာ ဒီလိုမျိုး စီမံကိန်းတွေလုပ်တယ်ဆိုတာက ဒါကကျနော်တို့မမြင်နိုင်တဲ့ နိုင်ငံရေးလျှို့ဝှက်ချက်တွေပါတယ်လို့ မြင်တာပေါ့။ တရုတ်တွေကရေအားလျှပ်စစ် မီးရရှိရေးအတွက်သာမဟုတ်ဘဲနဲ့တခြား နိုင်ငံရေးနဲ့ပတ်သက်တဲ လျှို့ဝှက်တဲ့ စီမံကိန်း တွေလည်း ပါနိုင်ပါကောင်းတယ်လို့ မြင်တာပေါ့နော်။ နောက်ပြီး သူတို့ စီမံကိန်းတခုက ကျနော်တို့ကိုလည်း လာပြောတယ်လေ မင်းတို့ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီးမှ ဘာတွေလိုအပ်သလဲ။ရွာမှာတွေလည်း စီမံကိန်းတွေတော့ ချပေးတယ်လေ နွားမွေးမြူရေး စီမံကိန်းတို့ စိုက်ပျိုးရေး တခြားစိုက်ပျိုးရေး၊ တ
ချို့တွေက ယက်ကန်းစင်တို့ ဘာတို့ အဲဒီလိုမျိုး တွေလည်း သူတို့ စီမံကိန်းတွေချပြီးမှာ ကျနော်တို့ ရွာခံတွေကိုသူတို့လုပ်ပေးတာရှိတယ်။ အဲဒါကြောင့်မို့လို့ သူတို့ရဲ့စီမံကိန်းကိုတော့ ဂဃနဏ ဘာလဲဆိုတာတော့မသိနိုင်ဘူးလေ။ဒါပေမဲ့ အများပြည်သူအနေနဲ့ ကြည့်မယ်ဆိုရင် ဒါက နိုင်ငံရေးပါတယ်လို့။ အဲဒါကြောင့်မို့လို့ တရုတ်တွေရဲ့ စီမံကိန်းကကျနော်တို့ မြန်မာနိုင်ငံအထက်ပိုင်းက တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်ရေးမှာ နည်းနည်းထိခိုက်စရာတွေလည်းရှိမလား အဲဒီလိုမျိုးတွေတော့ကျနော်တို့ နည်းနည်းစဉ်းစားရတယ်လေ။
မေး-မြစ်ဆုံအရေးနဲ့ ပတ်သက်ပြီး နိုင်ငံတဝန်းက ပြည်သူတွေကိုဘာပြောလိုပါသလဲ။
ဖြေ-ဒီမြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီးမှ ကျနော့်အမြင်ပြောမယ်ဆိုရင်တော့ ပြည်သူလူထုတွေရဲ့ အသက်သွေးကြောဖြစ်နေတဲ့ဧရာ၀တီမြစ်ကိုတော့ကျနော်တို့က လုံး၀ ထိန်းသိမ်းဖို့ လိုတယ်လို့။ ဒေသခံတွေတင်မကဘဲနဲ့ မြန်မာနိုင်ငံ တနိုင်ငံလုံး ဒီဧရာ၀တီမြစ်ကို မီခိုပြီးမှ နေနေတဲ့ ပြည်သူလူထု အားလုံးကိုလည်း ဒီမြစ်ဆုံက အနီးစပ်ဆုံးရွာက ရွာခံ တယောက်အနေနဲ့ ပြောချင်တယ် တိုက်တွန်းချင်တယ် ပေါ့။ ဒီမြစ်ဆုံစီမံကိန်း မဖြစ်မြောက်အောင် ကျနော်တို့အားလုံးစိတ်တူကိုယ်တူ အားလုံး ခံစားချက်တူ ကန့်ကွက်သွားရအောင်လို့။ ပြည်သူလူထုအားလုံးကိုလည်း မြစ်ဆုံနဲ့ အနီးစပ်ဆုံးဒေသခံတယောက် အနေနဲ့ အဲဒီလိုမျိုးတိုက်တွန်းချင်တာပေါ့။
လူထုနွေဦး-ကျေးဇူးတင်ပါတယ်။

















































