close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုင်ငံရဲ့ အဓိပတိကို တိုက်ခိုက်မှု မှန်သမျှ စစ်ကြေညာမှုလို့ သတ်မှတ်မယ်လို့ အီရန် သမ္မတပြော

အဓိပတိကြီး အယာတိုလာ အလီ ခါမေနီကို တိုက်ခိုက်တဲ့ ဘယ်လို လုပ်ရပ်မျိုးမဆို အီရန်နဲ့ အလုံးစုံ စစ်ပွဲကြီး ဖြစ်ပွားတဲ့ အခြေအနေဆီ ဦးတည်သွားလိမ့်မယ်လို့ အီရန် သမ္မတက သတိပေးခဲ့ပါတယ်။

ဓာတ်ပုံ - EPA

အဓိပတိကြီး အယာတိုလာ အလီ ခါမေနီကို တိုက်ခိုက်တဲ့ ဘယ်လို လုပ်ရပ်မျိုးမဆို အီရန်နဲ့ အလုံးစုံ စစ်ပွဲကြီး ဖြစ်ပွားတဲ့ အခြေအနေဆီ ဦးတည်သွားလိမ့်မယ်လို့ အီရန် သမ္မတက သတိပေးခဲ့ပါတယ်။

သမ္မတ မာဆွတ် ပက်ဇက်ရှ်ခန်းက နိုင်ငံရဲ့ ဘာသာရေးခေါင်းဆောင် အဓိပတိကြီး ခါမေနီအပေါ် ရန်လိုတဲ့ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု မှန်သမျှဟာ အီရန်ကို စစ်ကြေညာခြင်းအဖြစ် မှတ်ယူနိုင်ကြောင်း ဇန်နဝါရီ ၁၈ ရက်နေ့က ပြောကြားခဲ့ပါတယ်။

အီရန်နိုင်ငံမှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေက အင်အားသုံး ဖြိုခွင်းလို့ လူတွေ ထောင်နဲ့ချီ သေဆုံးခဲ့တဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခါမေနီဟာ နိုင်ငံကို မှန်မှန်ကန်ကန် အုပ်ချုပ်နိုင်စွမ်း မရှိလို့ အီရန်မှာ ခေါင်းဆောင် အပြောင်းအလဲ ဖြစ်သင့်နေပြီလို့ ပြောကြားခဲ့ပါတယ်။

အမေရိကန်ဟာ လဆန်းပိုင်းတုန်းကလည်း ဗင်နီဇွဲလား ပိုင်နက်ထဲထိ ဝင်ရောက်ပြီး သမ္မတ နစ်ကိုလက်စ် မာဒူရိုကို ဖမ်းဆီးခဲ့ဖူးတာကြောင့် ခါမေနီကိုလည်း အလားတူ စစ်ဆင်ရေးမျိုးနဲ့ ပစ်မှတ်ထားလာမလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် ပက်ဇက်ရှ်ခန်းက အီရန်ကတော့ ခေါင်းဆောင်ဖြစ်သူ ရန်ပြုခံရရင် ငြိမ်နေမှာ မဟုတ်ဘဲ စစ်တိုက်မှာလို့ လူမှုကွန်ရက် မီဒီယာ Xကနေ သတိပေးသွားခဲ့တာ ဖြစ်ပါတယ်။

အစောပိုင်းမှာ ခါမေနီက ဆန္ဒပြပွဲတွေအတွင်း လူတွေ ထောင်နဲ့ချီ သေဆုံးခဲ့တဲ့ သတင်းတွေကို အတည်ပြု ဝန်ခံခဲ့ပြီး အဲဒီနောက်ကွယ်မှာ သွေးထိုး မြှောက်ပင့်ပေးနေတဲ့ ထရမ့်ဟာ ရာဇဝတ်ကောင်တစ်ဦး ဖြစ်နေတယ်လို့ ထိုးနှက်ခဲ့ပါတယ်။

ထရမ့်က အီရန်နိုင်ငံဟာ လွဲမှားတဲ့ စီမံအုပ်ချုပ်မှုအောက်မှာ အရမ်း အခြေအနေ ဆိုးနေကြောင်း၊ ခါမေနီ လုပ်ခဲ့ဖူးသမျှ အကောင်းဆုံး တစ်ခုဆိုလို့ ဆန္ဒပြသူ ၈၀၀ လောက်ကို ကြိုးပေး ကွပ်မျက်မယ့် ကိစ္စကို ပယ်ဖျက်ခဲ့တာ တစ်ခုသာရှိကြောင်း ထရမ့်က ပြီးခဲ့တဲ့ သီတင်းပတ်ကုန် Politicoနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

အမေရိကန် အခြေစိုက် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားမှု သတင်းအေဂျင်စီ (HRANA)ရဲ့ အဆိုအရ အီရန်မှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း သေဆုံးသူ ၃၉၀၀ ကျော်ထိ ရှိခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

သတင်း

မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ လူထောင်နဲ့ချီ သေဆုံးခဲ့ကြောင်း အီရန် အစိုးရ ခေါင်းဆောင်က ဝန်ခံခဲ့ပါတယ်။

သတင်း

မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ လူထောင်နဲ့ချီ သေဆုံးခဲ့ကြောင်း အီရန် အစိုးရ ခေါင်းဆောင်က ဝန်ခံခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ကို တိုက်ခိုက်တော့မယ်လို့ ကောလာဟလတွေပျံ့နှံ့နေချိန်မှာပဲအမေရိကန်ဟာအရှေ့အ လယ်ပိုင်း ဒေသတွင်းမှာရှိတဲ့စစ်စခန်းတွေက တပ် ဖွဲ့ဝင် တချို့ကို ရုပ်သိမ်းပြီး ရွှေ့ပြောင်းနေစေခဲ့ပါတယ်။

သတင်း

အဲဒီ ကိန်းဂဏန်းကို ဇန်နဝါရီ ၁၃ ရက် ညပိုင်းမှာ အီရန် အာဏာပိုင်တွေဖက်က အတည်ပြု ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အီရန် အစိုးရကတော့ အခုလို သွေးချောင်းစီး သေကြေမှုတွေရဲ့ နောက်ကွယ်မှာ အကြမ်းဖက် အင်အားစုတွေရဲ့ သွေးထိုး လှုံ့ဆော်မှုတွေက အဓိက အကြောင်းရင်း ဖြစ်ခဲ့ကြောင်း...