■မြင်းခြံပျူဒုခေါင်းဆောင်စိန်လွင်ကိုအမျိုးသမီး ၃ ဦးနဲ့အတူပုဂံညောင်ဦးကိုအပန်းဖြေရန်ထွက်လာစဥ်ဖမ်းဆီးခဲ့တာဖြစ်
ဇန်နဝါရီ-၁၅၊၂၀၂၆။ရဲခေါင်၊ရှိန်း/ People’s Spring
မြင်းခြံပြည်သူ့စစ် ခေါင်း ဆောင်သီတာယုမွန်ရဲ့ အမျိုးသား စိန်လွင်ကို မူးယစ် ဆေးဝါး တွေနဲ့ အတူဖမ်းမိထားတယ်လို့ မြင်းခြံခရိုင်တပ်ရင်း၃ ( တောင်သာ) တာဝန်ရှိသူက ပြောပါတယ်။
ပုဂံညောင်ဦးကိုအပန်းဖြေသွားမယ်ဆိုပြီးထွက်လာစဥ်ဇန်နဝါရီလ၁၄ရက်နေ့၊မနက်ပိုင်းမှာမြင်းခြံ-ပုဂံလမ်းပိုင်းမှာတခြား ၃ ဦးနဲ့အတူကားပေါ်မှာ မူးယစ် တွေနဲ့အတူ ဖမ်းမိတာလို့ စုံစမ်းသိရပါတယ်။

Public Service Announcement
“ စိန်လွင် နဲ့အတူ WY တွေ ပိုက်ဆံတွေ KTV က ကောင်မလေးတွေပါတယ်။ကောင်မလေးပြောကြားချက်အရဆိုပုဂံဘုရားဖူး သွားမယ်ပြောခေါ်လာတာတဲ့” လို့ဖမ်းဆီးခဲ့တဲ့ဖြစ်စဥ်မှာပါဝင်ခဲ့သူတစ်ဦးကပြောပါတယ်။
အမျိုးသားဖြစ်သူ ဖမ်းဆီးခံရပြီးတဲ့ နောက် မြင်းခြံ ပျူတွေ က မြင်းခြံမြို့ပေါ်က KTVနဲ့ စင်တင် ဆိုင်တွေကို ကား၃စီးနဲ့ အင်အားသုံးပြီး ၎င်းအမျိုးသားကို ရှာဖွေတာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
“ (ဇန်နဝါရီ ၁၄)မနက်ကတော့ မြင်းခြံ မြို့ပေါ် မှာရမ်းနေကြတယ်။KTV တိုင်းကိုလည်း လိုက်မွှေနေတယ်” လို့ မြင်းခြံမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။
“ ယုန်တောင်ပြေး၊ခွေးမြောက်လိုက်တွေဖြစ်နေတာ။ဖမ်းတာတနေရာရှာတာကတလွဲတွေ” လို့ တပ်ရင်း (၃)တာဝန်ရှိသူကပြောပါတယ်။
စစ်ဆေး မေးမြန်းမှုရလဒ်အရ သီတာယုမွန်ရဲ့ အမျိုးသားဟာ မြင်းခြံပြည်သူ့စစ်ဒုခေါင်းဆောင်ဆိုတဲ့ ဝန်ထမ်းကဒ်ရှိသလို ဒုခေါင်းဆောင်အနေအနေနဲ့ သူ့လက်မှတ်၊ဝန်ခံချက်တွေလည်းရှိတယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၃)ကထုတ်ပြန်ထားပါတယ်။
စိန်လွင်ဟာ မြင်းခြံမြို့နယ်မှာ ပျူစောထီး ဒုတိယ ခေါင်းဆောင်အဆင့်ဖြစ်ပြီး စစ်တပ်စစ်ကြောင်းထိုးရင် အတူလိုက်ပါခဲ့သူလို့ သိရပါတယ်။

ဒါ့အပြင် သီတာယုမွန်နဲ့ တအိမ်တည်းနေထိုင်တာမရှိပဲ ၎င်းလက်အောက်ခံပျူတွေနဲ့ စကား ပြောတာကိုလည်း သီတာယုမွန်က တားမြစ်ထားတယ်လို့ ဆိုပါတယ်။လက်ရှိမှာဆက်လက်စစ် ဆေး နေဆဲဖြစ်ပြီး ဥပဒေအရ အရေးယူသွားမယ်လို့ တာဝန်ရှိသူကပြောပါတယ်။
ပြီးခဲ့တဲ့လ (ဒီဇင်ဘာ ၂၇ရက်)က မြင်းခြံမြို့အနီးမှာသီတာယုမွန်ရဲ့နောက်လိုက်ပျူစောထီး အမျိုးသမီး ၃ ဦးကို ထနောင်းမြေစစ်ကြာင်းနဲ့ မြင်းခြံခရိုင် အမှတ်(၁) တပ်ရင်း တို့ဖမ်းဆီးနိုင်ခဲ့ပါသေးတယ်။
အဲဒါအပြင် ၂၀၂၅ နိုဝင်ဘာ ၂၉ ရက်က သီတာယုမွန်ရဲ့တပ်သားတွေ လိုက်ပါလာတဲ့ကားကို ညောင်ဦး-မြင်းခြံလမ်းပိုင်းတနေရာမှာ ကြားဖြတ်တိုက်
ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေရရှိခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သီတာယုမွန် နဲ့ စိန်လွင်တို့ က မြင်းခြံမြို့နယ်မှာ စစ်တပ်ရဲ့ လက်အောက်ခံ လက်နက်ကိုင်အဖွဲ့တစ်ခု ဖွဲ့စည်းပြီး ဒေသတွင်း စိုးမိုးဖို့ ကြိုးပမ်းခဲ့တယ်လို့ ဒေသခံတွေက ထုတ်ဖော်ထားပါတယ်။
အဲဒါအပြင် မြင်းခြံ၊နွားထိုးကြီး နဲ့ တောင်သာ မြို့နယ်တွေမှာလည်း စစ်တပ်စစ်ကြောင်းနဲ့အတူ နယ်မြေရှင်းလင်းမှုတွေမှာ အရပ်သားတွေကို PDF လို့ စွပ်စွဲ သတ်ဖြတ်တာ နဲ့ ဒေသခံ နေအိမ်တွေကို စစ်တပ်အလိုကျ မီးရှို့တာတွေ ရှိတယ်လို့ သိရပါတယ်။တဆက်တည်းမှာပဲစစ်တပ်က သီတာယုမွန်ကို စွမ်းဆောင်ရည်ဂုဏ်ထူးဆောင်တံဆိပ် တွေ ပေးထားပါတယ်။

















































