close
Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမှာ ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရ၊ လက်နက်ခဲယမ်းတွေ သိမ်းရတယ်လို့ ဗျူဟာ(၅၂) ပေါ်ဦးစစ်ကြောင်းပြော

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က စစ်ကောင်စီစိုးမိုးနယ်မြေမှာ ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းတွေသိမ်းရတယ်လို့ ဗျူဟာ(၅၂) ပေါ်ဦးစစ်ကြောင်း တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ကန့်ဘလူမြို့နယ်၏မှာ ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့တဲ့ ရဲဘော်တွေနဲ့သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ ဓာတ်ပုံ − ပေးပို့

စက်တင်ဘာ−၈၊ ၂၀၂၅။ဇော်ဝင်း/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က စစ်ကောင်စီစိုးမိုးနယ်မြေမှာ ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းတွေသိမ်းရတယ်လို့ ဗျူဟာ(၅၂) ပေါ်ဦးစစ်ကြောင်း တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ဒီကနေ့(စက်တင်ဘာ ၈ ရက်) နံနက်၆ နာရီခွဲမှာ ကန့်ဘလူမြို့နယ်က ဝက်တိုးနဲ့ ကားဘိုကျေးရွာကြားမှာ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“နယ်မြေအတွင်းရှိတဲ့ တော်လှန်ရေးအင်းအားတွေ စုပေါင်းညီညွှတ်စည်းစည်းလုံးလုံး လုပ်ဆောင်မှုကြောင်း ရလာတဲ့ အောင်ပွဲပါ။စကစ ၁၀ ယောက်သေတယ်”လို့ အထက်ပါတာဝန်ရှိသူက တိုက်ပွဲနဲ့ပတ်သက်လို့ ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုမှာ MA-1 တလက်၊G3-တလက် ၊ကာဘိုင် နှစ်လက် ၊ပြောင်းချော တလက်နဲ့ စစ်အသုံးအဆောင် ပစ္စည်းတစ်ချို့ကို သိမ်းရတယ်လို့လည်း ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာန ဗျူဟာ (၅၂) ပေါ်ဦးစစ်ကြောင်း ၊တန့်ဆည်မြို့နယ် ပကဖ ၊ကန့်ဘလူခရိုင်လှုပ်ရှား ပကဖ ၊ပြည်သူ့လွပ်မြောက်ရေးတပ်မတော် PLA ၊ရေဦးမြို့နယ် ပကဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဝက်တိုးနဲ့ ကားဘိုကျေးရွာ​ဟာ ကန့်ဘလူမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတာဖြစ်ပြီး စစ်ကောင်စီ လက်အောက်ခံ ပျူစောထီး အားကောင်းတဲ့ ဒေသတွေ ဖြစ်ပါတယ်။

လက်ရှိ ကန့်ဘလူမြို့နယ်ထဲက ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းကို ပြန်ထိန်းချုပ်ဖို့ စစ်ကောင်စီတပ်က အင်အား ၃၀၀ခန့်နဲ့ စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတံတားမှာ ပေါ်တာဆွဲမှုတွေကြောင့် ကုန်ကားတွေအပါအဝင် ခရီးသည်အများစုဟာ ဇက်ဆိပ်ကနေ ဖြတ်သန်းတာတွေများလာပြီးတဲ့နောက် စစ်တပ်က ဇက်ဆိပ်ကနေ စောင့်ပြီး ပေါ်တာဆွဲတာ နေတယ်လို့ ခရီးသည်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်မှာ လှည့်ကင်းထွက်လာတဲ့ စစ်အုပ်စုကိုတိုက်ခိုက်ခဲ့ရာ ခုနစ်ဦးသေပြီး လက်နက်အချို့ရရှိခဲ့တယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ဒီကနေ့ (စက်တင်ဘာ ၇)မှာ "Our Ambassador Our Voice" စာသားဖြင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ထောက်ခံကြောင်း အသီးသီး ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူ မြို့နယ် ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းပေါ်မှာ အထိုင်စခန်းတွေတည်ဆောက်နေတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတယ်လို့ ကန့်ဘလူခရိုင်တပ်ရင်း (၃)တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Trending

Facebook