close
Connect with us

Hi, what are you looking for?

သတင်း

တမူးတွင် တိုက်ပွဲမရှိဘဲ NSCN-K ကတိုက်၍ PDF ၃၀ကျော်​သေဆုံးဆို​သောသတင်းအမှားကိုစစ်​​ကောင်စီဝါဒဖြန့်တယ်လီဂရန်များဖြန့်​ဝေ​နေ

တမူးမြို့နယ်အတွင်း အိန္ဒိယ-မြန်မာနယ်စပ်အနီး၌ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K)တပ်ဖွဲ့ဝင်များက တိုက်ခိုက်၍ PDF တပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးကြောင်း India Today NEက သတင်းမှား​ဖော်ပြခဲ့ပြီးနောက် ပြန်ဖြုတ်ချသွားသော်လည်းစစ်ကောင်စီဝါဒဖြန့်ချိရေးမီဒီယာများက အဆိုပါသတင်းကို ဆက်လက်ဖြန့်ချီနေကြသည်။

စစ်​ကောင်စီဝါဒဖြန့် တယ်လီဂရန်များကဖြန့်ချီ​နေ​​သော သတင်းအမှား

ကဖေး/People’s Spring

တမူးမြို့နယ်အတွင်း အိန္ဒိယ-မြန်မာနယ်စပ်အနီး၌ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K)တပ်ဖွဲ့ဝင်များက တိုက်ခိုက်၍ PDF တပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးကြောင်း India Today NEက သတင်းမှား​ဖော်ပြခဲ့ပြီးနောက် ပြန်ဖြုတ်ချသွားသော်လည်းစစ်ကောင်စီဝါဒဖြန့်ချိရေးမီဒီယာများက အဆိုပါသတင်းကို ဆက်လက်ဖြန့်ချီနေကြသည်။

NSCN-Kနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များသည် မတ်လ ၁၂ ရက်က တိုက်ပွဲဖြစ်ပွားခဲ့PDF တပ်ဖွဲ့တင်၃၂ ဦး သေဆုံးကာ ၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်းခြင်းဟု India Today NE သတင်းဌာနကမတ်လ ၁၃ရက်၌ ဖော်ပြခဲ့ခြင်းဖြစ်သည်။ NSCN-K ဘက်ကမူဗိုလ်ကြီးအဆင့် တစ်ဦး အပါအဝင် ၃ ဦး သေဆုံးခဲ့ကြောင်း India Today NE ကို ကိုးကား၍ ပြည်တွင်းအ​ခြေစိုက် CNI သတင်းဌာနက မြန်မာဘာသာပြန်​ဖော်ပြခဲ့သည်။

ထို့သို့ဖော်ပြပြီးနောက် India Today NE သတင်းဌာနက ပြန်လည်ဖြုတ်ချသွားခဲ့သည်။ သို့သော် CNI ကသတင်းဆက်လက်​ဖော်ပြထားပြီး စစ်ကောင်စီဝါဒဖြန့်ချိရေး တယ်လီဂရန်များက အဆိုပါသတင်းကို မတ် ၁၄ ရက် ညတွင်ဖော်ပြနေကြသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီဝါဒဖြန့် တယ်လီဂရန်များက”နာဂလက်နက်ကိုင်အဖွဲ့ကလည်း ပဒက်ကို ကင်ထားတာ များသားပဲ” ဟု ​ရေးသား၍ CNI ဘာသာပြန်ထားသာ သတင်းကို Screen Shot လုပ်၍ ဝါဒဖြန့်ချီ​နေကြခြင်းဖြစ်သည်။ CNI သတင်းဌာနမှာ ၂၀၂၃ ခုနှစ်မှစ၍ ပြည်တွင်းအ​ခြေစိုက် လုပ်ကိုင်​နေ​သော သတင်းဌာနဖြစ်သည်။

တမူးဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “ဘာတိုက်ပွဲမှာမရှိပါဘူး။ ထမင်သက်သက်လော်ဘီလုပ်နေတာ” ဟု မတ်လ ၁၂ ရက်တွင် တမူး၌ တိုက်ပွဲမရှိ​ကြောင်းပြောသည်။

တမူးမြို့ခံတဦးကလည်း အဆိုပါသတင်းသည်မှားယွင်းနေပြီးတိုက်ပွဲဖြစ်ပွားခြင်းမရှိဟုထပ်မံအတည်ပြု​ပြောကြားသည်။

တမူးမြို့နယ်စပ်တွင် အိန္ဒိယအစိုးရကိုတော်လှန်တိုက်ခိုက်နေသည့် NSCN-K ၊ Naga NSCN-IMအပြင် ကသည်းသူပုန်အဖွဲ့များရှိနေသည်။ ပြီးခဲ့သည့်ဖေဖော်ဝါရီလဆန်းက တမူးမြို့နယ်၊ ကျွန်းပင်သာနှင့် မင်းသာရွာတွင် ကသည်းသူပုန်အဖွဲ့ Meitei PLA ၊ Naga NSCN-IM နှင့် ရှမ်းနီ(SNA)အကူအညီဖြင့် တပ်စွဲထားသည့် စစ်ကောင်စီ စခန်းများကို အဆိုပါစခန်းများကို ​ဒေသခံ PDF များ ၊ ကူကီးအမျိုးသားတပ်မတော်KNA (B)နှင့်ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့သည်။

ယခုရက်ပိုင်းတွင် တမူးမြို့နယ် အတွင်းစစ်ရေးအခြေအနေငြိမ်သက်နေကြောင်းဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကဖေး/People’s Spring စစ်ကိုင်းတိုင်းအတွင်း အိန္ဒိယ-မြန်မာနယ်စပ်၌ အခြေစိုက်ပြီး စစ်အာဏာရှင်တော်လှန်ရေးတွင်ပါဝင်နေသည့် ကူကီးအမျိုးသားတပ်မတော်-မြန်မာပြည်(KNO/KNA-B ) နှင့် ထာဒိုလက်နက်ကိုင်တပ်ဖွဲ့(TCA/TDA)တို့ပူးပေါင်းလိုက်သည်။ ဖေဖော်ဝါရီ ၂၆ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၌ နှစ်ဖက်တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ပူးပေါင်းလိုက်ကြောင်း သတင်းထုတ်ပြန်သည်။ “ကူကီးနဲ့ ထာဒိုက မျိုးနွယ်တူတယ်။ တစ်မိသားစုတည်းတောင် သဘောထားကွဲလွဲတာရှိတယ်။ အခုပေါင်းစည်းလိုက်တာ အံ့ဩရသလို...