close
Connect with us

Hi, what are you looking for?

သတင်း

စကစ-၁၉ဌာနချုပ်မှ ထွက်ပြေးလာသူ သုံးဦးကို ရေးဘီလူးကယ်တင်

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကစ-၁၉)မှ ထွက်ပြေးလာသူ သုံးဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကစ-၁၉)မှ ထွက်ပြေးလာသူ သုံးဦးအား ရေးဘီလူးအဖွဲ့နှင့်အတူ တွေ့ရစဉ်။ ဓာတ်ပုံ - ရေးဘီလူး

ဇူလိုင်-၂၀၊ ၂၀၂၅။ရဲခေါင်/People’s Spring

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကစ-၁၉)မှ ထွက်ပြေးလာသူ သုံးဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ထွက်ပြေးလာသူသုံးဦးသည် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေဖြင့် အဓမ္မတပ်သားစုဆောင်းခံရသူများဖြစ်ကြောင်း အသိပေးသည်။

“သူတို့တွေက ဇူလိုင် ၆ ရက်ကစ ပြေးတယ်။ကျွန်တော်တို့ဆီကို ဇူလိုင် ၁၈ ရက်မှာ ရောက်တယ်။အချိန်က ကြားကြားထဲမှာ သူတို့ဒုက္ခရောက်ကာလ များခဲ့တယ်သူတို့က ကျွန်တော်တို့နဲ့ချိတ်ဆက်ပြီး ထွက်ပြေးလာခဲ့တာ မဟုတ်ဘူး။သူတို့ပြေးလာရင်း ကျွန်တော်တို့ ရပ်ဝန်းထဲရောက်မှ ကယ်ထုတ်ပေးရတာဖြစ်တယ်”ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ဖြစ်စဥ်အပေါ် ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ကယ်တင်ခဲ့သူသုံးဦးသည် စစ်ကောင်စီ၏ စစ်မှုထမ်းအပတ်စဥ်(၆)မှ အောင်စိုးမင်း၊အပတ်စဥ်(၇)မှ ဝေယံအောင်နှင့် ပြည့်ဖုန်းစံ တို့ဖြစ်သည်။

၎င်းတို့အနက် နှစ်ဦးမှာ ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့ရာတွင် စစ်ကောင်စီက စစ်မှုထမ်းတပ်သားအဖြစ် စုဆောင်းခံရသူဖြစ်သည်ဟု ဆိုသည်။

အခြေစိုက်တပ်များစွာရှိသည့် ရေးမြို့နယ်တွင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေဖြင့် အဓမ္မစုဆောင်း ထားသည့် တပ်သားသစ်များဖြင့် အားဖြည့်နေကြောင်း ရေးမြို့တွင် စစ်ရေးဖော်ဆောင်နေသော ရေးဘီလူးက ပြောထားသည်။

ရေးမြို့နယ်တွင် စစ်ကောင်စီ၏ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၁၉)နှင့် လက် အောက်ခံ တပ်ရင်းများဖြစ်သည့် ခလရ-၆၁၊ ခလရ -၂၉၉၊ ခမရ -၃၄၃ ၊ ခမရ -၅၈၆၊ ခမရ -၂၈၇တပ်ရင်းနှင့် အမှတ်(၃၁၆)အမြောက်တပ်ရင်း (အမတ-၃၁၆)တို့ ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ရေးမြို့နယ်ရှိ အမှတ်-၃၄၃ခြေမြန်တပ်ရင်း (ခမရ ၃၄၃)တပ်ဝင်းရှိ စခန်းကုန်းတစ်ခုကို သိမ်းပိုက်ရရှိ ကြောင်း ရေးဘီလူး တပ်ရင်း ခေါင်ဆောင်က လူထုနွေဦး သို့ပြောသည်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့တွင် အမှတ်(၅၈၆)ခြေမြန်တပ်ရင်း (ခမရ-၅၈၆)မှ ကားအား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအရာရှိ အပါအဝင် သုံးဦးသေဆုံးကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က လူထုနွေဦးသို့ပြောသည်။

သတင်း

ပြည်သူ့စစ်အင်အား ၃၀ခန့်ရှိသည့် လင်းဦးပြည်သူ့စစ်အဖွဲ့ကို နိုဝင်ဘာ ၂၃ရက် နံနက် ၈နာရီ ၄၅ မိနစ်ခန့်တွင် ရေးဘီးလူးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သတင်း

ယခင်ကလည်း ရေးဘီလူးအဖွဲ့၏ တိုက်ခိုက်မှုကြောင့် ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်သားများ၊ ရေးမြို့နယ်ရှိ ရဲစခန်းမှူးနှစ်ဦး နှင့် စစ်ကောင်စီထောက်တိုင်များ သေဆုံးထိခိုက်မှုများရှိခဲ့ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။

Facebook