close
Connect with us

Hi, what are you looking for?

သတင်း

ခမရ(၅၈၆)တပ်ရင်းမှ အရာရှိနှင့် တပ်သားအချို့၏ ကားကို ရေးဘီလူးအဖွဲ့ တိုက်ခိုက်

မွန်ပြည်နယ်၊ ရေးမြို့တွင် အမှတ်(၅၈၆)ခြေမြန်တပ်ရင်း (ခမရ-၅၈၆)မှ ကားအား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအရာရှိ အပါအဝင် သုံးဦးသေဆုံးကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က လူထုနွေဦးသို့ပြောသည်။

​ရေဘီလူးတပ်ဖွဲ့ဝင်များ(ပုံ​ဟောင်း) ဓါတ်ပုံ-​ရေးဘီလူး

မတ်-၂၆၊၂၀၂၅။ရဲခေါင်/People’s Spring

မွန်ပြည်နယ်၊ ရေးမြို့တွင် အမှတ်(၅၈၆)ခြေမြန်တပ်ရင်း (ခမရ-၅၈၆)မှ ကားအား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအရာရှိ အပါအဝင် သုံးဦးသေဆုံးကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က လူထုနွေဦးသို့ပြောသည်။

ခမရ(၅၈၆)တပ်ရင်းမှ အရာရှိနှင့် တပ်သားအချို့သည် အစည်းအဝေးပြုလုပ်ရန် ခမရ(၅၈၇) တပ်ရင်းသို့ Vigo ကားအဖြူ ဖြင့် လာမည်ဟု သတင်းရပြီးနောက် ယနေ့(မတ်လ ၂၆ ရက်)နံနက်ပိုင်းက ရေး-မော်လမြိုင် လမ်းမကြီးပေါ်တွင် တိုက်ခိုက်ခဲ့ခြင်းဟု အသိပေးသည်။

“၅၈၇ မှာ အစည်းအဝေးရှိတယ်ဗျ။သတင်းက အပိုင်ရလို့ စောင့်ပစ်တာဗျ။စုံနံသာ ကျေးရွာမှာ ကျွန်တော်တို့ တက်နေကြ လမ်းကြောင်းကို သူတို့က ကင်းပုန်းဝပ်တာတော့ရှိတယ်။ထိသွားတာ တပ်ရေးအရာရှိ ပါမယ်။နောက် တပ်သားနှစ်ဦးပါတယ် ကြားတယ်။အလောင်းတွေကို ၅၈၇ တပ်ကို ယူသွားတယ်လို့သိရတယ်”ဟု ရေးဘီလူးခေါင်းဆောင်က တိုက်ခိုက်ခဲ့သည့်ဖြစ်စဥ်ကို ရှင်းပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီအရာရှိနှင့်တပ်သားအချိုသေဆုံးမှု ဖြစ်စဥ်ကိုမူ လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ခမရ(၅၈၆)တပ်ရင်းသည် ရေးမြို့၏ တောင်ဘက်ခြမ်း မော်လမြိုင်-ရေး ကားလမ်းဘေးတွင်ရှိကာ ခမရ(၅၈၇)တပ်ရင်းသည် ရေးမြို့နယ်၏ အလယ်ပိုင်းတွင် အခြေစိုက်ထားသည်။

ယနေ့တိုက်ခိုက်ခံရသည့် ဖြစ်စဥ်ကြောင့် ကွမ်ဒူးနှင့် နှင်းစုံ ကျေးရွာတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အချို့သည် ရေးမြို့နယ်တောင်ပိုင်းသို့ အင်အားဖြည့်တင်းမှုများလုပ်ဆောင်ခဲ့ကြောင်း လည်း ရေးဘီလူးခေါင်းဆောင်က ဆိုသည်။

ရေးမြို့နယ်တွင် စစ်ကောင်စီ၏ အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၁၉)နှင့် လက် အောက်ခံ တပ်ရင်းများဖြစ်သည့် ခလရ-၆၁၊ ခလရ -၂၉၉၊ ခမရ -၃၄၃ ၊ ခမရ -၅၈၆၊ ခမရ -၂၈၇ နှင့် အမှတ်(၃၁၆)အမြောက်တပ်ရင်း (အမတ ၃၁၆)တို့ရှိသည်။

ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်စခန်းနှင့် တပ်ရင်းများကို တိုက်ခိုက်မှုအရှိန်မြှင့်တင်မည်ဖြစ်၍ တပ်ရင်းအနီး နေထိုင်သူများအနေဖြင့် ကြိုတင်ရွှေ့ပြောင်းရန်လည်း ရေးဘီလူးအဖွဲ့က တိုက် တွန်းထားသည်။

ယခုမတ်လ ၂၃ ရက်က မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ် ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်တွင် အထူး စုံစမ်းစစ်ဆေးရေးဌာန (စသုံးလုံး)အရာရှိသုံးဦး တိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိ ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း(၇၈၀၅)တပ်ခွဲ (၄)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့စစ်အင်အား ၃၀ခန့်ရှိသည့် လင်းဦးပြည်သူ့စစ်အဖွဲ့ကို နိုဝင်ဘာ ၂၃ရက် နံနက် ၈နာရီ ၄၅ မိနစ်ခန့်တွင် ရေးဘီးလူးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သတင်း

ယခင်ကလည်း ရေးဘီလူးအဖွဲ့၏ တိုက်ခိုက်မှုကြောင့် ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်သားများ၊ ရေးမြို့နယ်ရှိ ရဲစခန်းမှူးနှစ်ဦး နှင့် စစ်ကောင်စီထောက်တိုင်များ သေဆုံးထိခိုက်မှုများရှိခဲ့ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။

သတင်း

ရေးဘီလူးအဖွဲ့သည် ဇွန်လ ၂၀ရက်ကလည်း ရေးမြို့နယ် ကျောက်မိချောင်းရွာမှ စစ်ကောင်စီ ၏ စစ်မှုထမ်းဟောင်းတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့သည်ဟုဆိုသည်။ ၎င်းသည် ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ကြောင်း ရေးဘီလူးအဖွဲ့က အသိပေးထားသည်။

သတင်း

အလားတူ မွမ်းမံသင်တန်းပြီးမြောက်ခဲ့သော အထူးလက်ဖြောင့်ရဲဘော် (၃၀) ဦးအား KNU တပ်မဟာ (၆)၊တပ်မဟာ(၄) နယ်​မြေရှိ တပ်ရင်းတပ်ဖွဲ့အသီးသီးနှင့် စစ်ကြောင်းများတွင် စစ်ဆင်ရေးတာဝန်များ ပေးအပ်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။

Facebook