close
Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံအင်းအရှေ့ဘက်ကမ်းကျေးရွာများ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၊ ဒေသခံ ငါးဦးသေဆုံး

ကရင်နီပြည်နယ်၊ လွိုင်ကော်၊လွိုင်လင်လေးနှင့် မိုးဗြဲမြို့ရှိ စစ်ကောင်စီ၏ အမြောက်တပ်များ၏ ပစ်ခတ်မှုကြောင့် ပြည်သူငါးဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(ဇူလိုင်၁၉ရက်) ထုတ်ပြန်သည်။

စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် နေအိမ်ပျက်စီးမှုနှင့် လက်နက်ကြီးကျည်အပိုင်းအစအား တွေ့ရစဉ်။ ဓာတ်ပုံ - KNDF

ဇူလိုင်-၁၉ ၊၂၀၂၅။ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ လွိုင်ကော်၊လွိုင်လင်လေးနှင့် မိုးဗြဲမြို့ရှိ စစ်ကောင်စီ၏ အမြောက်တပ်များ၏ ပစ်ခတ်မှုကြောင့် ပြည်သူငါးဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(ဇူလိုင်၁၉ရက်) ထုတ်ပြန်သည်။

ဇူလိုင် ၁၈ ရက် နေ့လယ် ၁၂နာရီခန့်က အရပ်သားပြည်သူများရှိရာ ဖယ်ခုံမြို့နယ် အင်းအရှေ့ဘက်ကမ်းရှိ ကျေးရွာများသို့ စစ်ကောင်စီက လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် ဖယ်ခုံအင်းအရှေ့ဘက်ကမ်းရှိ ကျေးရွာခြောက်ရွာသို့ တာဝေးပစ်လက် နက်ကြီးများဖြင့် အဆက်မပြက် ပစ်ခက်တိုက်ခိုက်ခဲ့၍ ကျေးရွာနှစ်ရွာမှ အမျိုးသမီးနှစ်ဦး ၊ အမျိုးသားသုံးဦး စုစုပေါင်း ငါးဦးသေဆုံးခဲ့ကြောင်း KNDFက အသိပေးသည်။

Public Service Announcement

Public Service Announcement

“အပြစ်မရှိတဲ့ပြည်သူတွေ ဘယ်နှစ်ယောက် ထပ်သေပေးရဦးမလဲ။ပြည်သူ့မျက်ရည်တွေ မြင်အောင် ကြည့်ပေးကြပါဦး”ဟု စစ်ကောင်စီ၏ လက်နက်ကြီးထိမှန်ခဲ့သူများကို ကယ်ဆယ်ကုသခဲ့သူတစ်ဦးက ပြောသည်။

ထို့အပြင် ထိခိုက်ဒဏ်ရာရသည့် အရပ်သားခုနစ်ဦးအပြင် နေအိမ်များနှင့် ဘာသာရေးအဆောက်အအုံအချို့ ထိခိုက်ပျက်ဆီးမှုများရှိခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်စစ်ကြောင်းများနှင့် တော်လှန်ရေးတပ်များသည် လွိုင်ကော်- ကုန်းသာ – မိုးဗြဲလမ်းမကြီး တစ်လျှောက်ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဟုလည်း KNDFက ပြောသည်။

စစ်ကောင်စီတပ်များသည် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများအား ရန်သူသဖွယ် ပစ်မှတ်ထား၍ လက်နက်ကြီးများ ၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်တိုက်ခိုက်ကာ စစ်ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှ ပေါ်ပေါ်ထင်ထင် ကျူးလွန်လုပ်ဆောင်နေကြောင်းလည်း KNDFက ဖော်ပြသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ရေးအသိ၊ လုံခြုံရေးသတိကို အထူးဂရုပြု နေထိုင်သွားလာရန်လည်း KNDFက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူများကို အဓမ္မစစ်သားစုဆောင်းပြီးရှေ့တန်းစစ်မြေပြင်များသို့ ပို့ဆောင်နေသည့် စစ်ကောင်စီက ထွက်ပြေးသွားသူများအား ပြန်လည်ဖမ်းဆီးပြီး ရှေ့တန်းစစ်မြေပြင်များ၌ အသုံးချနေကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)ထံ အလင်းဝင်လာသည့် တပ်သားများက ပြောသည်။

အတွေးအမြင်

မြန်မာ့လေတပ်ရဲ့ ဝေဟင်ပစ်ဗုံးတွေတီထွင်ထုတ်လုပ်ရာမှာ နောက်ကွယ်ကနေ ထဲထဲဝင်ဝင်ပါဝင်နေတဲ့ လက်မည်းကြီးကို မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M)က လေ့လာစုံစမ်းဖော်ထုတ်လိုက်ပါတယ်။

သတင်း

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးရှေ့တွင် ပြည်ပရောက်မြန်မာများ စုပေါင်း၍ (၇၈) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားနှင့် အာဏာသိမ်းစစ်ကောင်စီအား ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့ (ဇူလိုင် ၁၉) ပြုလုပ်ခဲ့သည်။

သတင်း

တပ်သားသစ်များအနေဖြင့် စစ်အာဏာရှင်များ၏ အလိုကျ တာဝန်ထမ်းဆောင်ခြင်းမပြုဘဲ အလင်းဝင်ကြရန် KNU နှိုးဆော်