ဇူလိုင်-၁၆၊၂၀၂၅၊ရဲခေါင်/People Spring
မကွေးတိုင်း၊ ပခုက္ကူမြို့လေယာဉ်ကွင်းအနောက်ဘက်ခြမ်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ခလရ(၂၅၄)တပ်ရင်းက အရာရှိတစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးတယ်လို့ Southern Ye sagyo PDF တာဝန်ခံ ကိုအောင်မောင်းက ပြောပါတယ်။
မနေ့က(ဇူလိုင် ၁၅ ရက်) ညနေ ၃နာရီကဖြစ်ပွားတဲ့ တိုက်ပွဲအတွင်းမှာ Southern Yesagyo Local တပ်ပေါင်းစု ပင်မစစ်ကြောင်းနဲ့ ထိပ်တိုက်မတိုးဘဲ အရံကင်းအဖွဲ့က ထိပ်တိုက်တွေ့ဆုံ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“လက်နက်ကတော့ မရဘူးဗျ။ ကျနော်တို့ ပင်မစစ်ကြောင်းနဲ့မတွေ့ဘဲ အရန်ကင်းနဲ့ပဲတွေ့တဲ့အနေအထားမို့လေ။ တိုက်ပွဲအပြန်အလှန်ကတော့ မိနစ်အစိတ်(၂၅ မိနစ်)လောက်ကြာတယ်”လို့ Southern YSO PDFရဲ့တာဝန်ခံ ကိုအောင်မောင်းကPeople’s Spring ကိုပြောပါတယ်။

Public Service Announcement
စစ်ကောင်စီတပ်က ခြောက်ဦးသေပြီးသုံးဦးထိ
ခိုက်ကာ သေဆုံးတဲ့အလောင်းတွေကို ဒီကနေ့ (ဇူလိုင် ၁၆ရက်)နေ့လည်ပိုင်းမှာ သုံးဘီးယာဥ်နဲ့ ပခုက္ကူမြို့ကိုသယ်ဆောင်သွားတယ်လို့ အသိပေးပါတယ်။
တိုက်ပွဲကို Southern Yesagyo Local တပ်ပေါင်းစုတွေဖြစ်တဲ့ Southern YSO PDF၊ဒေါင်းညီနောင်ပြည်သူ့အားမာန် PDF၊Yesagyo Revolution Group (YRG) နဲ့ King Cobra တို့ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ပြီးခ့တဲ့ ဇူလိုင် ၅ ရက်ကလည်း စစ်တပ်အထိုင်ချထားတဲ့ ပခုက္ကူမြို့လေဆိပ်ကို Southern Yesagyo Local တပ်ပေါင်းစုလက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။
ဒါ့အပြင် လေယာဉ်ကွင်းအနီးမှာရှိတဲ့ စစ်ကောင်စီ တပ်စွဲထားတဲ့ မြောက်လူးကန်ရွာကိုပါ ၆၀ မမ တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မြောက်လူးကန်ရွာက စစ်သားလေးဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။။ဒဏ်ရာရစစ်သားတွေကိုဇူလိုင် ၅ ရက်မှာ ပခုက္ကူလေယာဥ်ကွင်းကတဆင့် ပခုက္ကူဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ Southern YSO PDF ကပြောပါတယ်။
တိုက်ခိုက်မှုတွေကြောင့် သေဆုံးထိခိုက်မှုနဲ့ထိခိုက်ပျက်စီးမှုတွေကို People’s Spring ကသီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
စစ်ကောင်စီက ပခုက္ကူလေယာဥ်ကွင်းကို စစ်ရေးအတွက်ပြန်အသုံးပြုနိုင်ဖို့ ၂၀၂၄မှာပြန်လည်ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ ပခုက္ကူကနေ ရေစကြိုမြို့ကိုသွားတဲ့လမ်းပိုင်းပေါ် ပန်းတိုင်ချုံနဲ့ စံပြကြီးရွာကြားမှာ လေယာဥ်ကွင်းရှိတာလို့ ပခုက္ကူမြို့ခံစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေကလည်း ပခုက္ကူလေယာဥ်ကွင်းမှာ တပ်စွဲခဲ့တဲ့ စစ်အုပ်စုကို ကာကွယ်ရေးအဖွဲ့တွေက မကြာခဏ ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးပါသေးတယ်။
