ဇူလိုင်-၁၆၊၂၀၂၅၊ရှိန်း/People Spring
မကွေးတိုင်း၊ပေါက်မြို့နယ်က နယ်သတ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရကာ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ဇူလိုင် ၁၅ ရက် ညနေ၄နာရီလောက်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ နယ်သတ်ကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့လို့ အသက်(၄၀)ဝန်းကျင် အမျိုးသမီးတစ်ဦး သေဆုံးပြီး အသက်(၃၀) အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ တွေရခဲ့တာလို့ သိရပါတယ်။

“တိုက်ပွဲ မရှိပါဘူး။ထုံးစံအတိုင်း သပ်သပ်လာကြဲသွားတာပေါ့။ရွာထဲတည့်တည့်ကြဲသွားတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
နယ်သတ်ကျေးရွာဟာ မြိုင်နဲ့ ပေါက်မြို့နယ်အစပ်က ကျေးရွာဖြစ်ပြီး ရေနံမှော်တွေ အနီးမှာရှိတဲ့ ကျေးရွာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ၂၄ ရက်ကလည်း နယ်သတ်ကျေးရွာနဲ့ ဆုံကုန်းကျေးရွာ အနီးတဝိုက်ကိုပဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ ဒေသခံ နှစ်ဦးထိခိုက်ဒဏ်ရာရကာ နေအိမ်၂လုံးပျက်စီးခဲ့ပါသေးတယ်။
