close
Connect with us

Hi, what are you looking for?

သတင်း

ပဲခူးတိုင်းအရှေ့ခြမ်းမှာ KNU နဲ့ စစ်ကောင်စီတပ် ခြောက်လအတွင်းတိုက်ပွဲ ၃၀၀ ဖြစ်ပွား

ပဲခူးတိုင်းအရှေ့ခြမ်း ၊ညောင်လေးပင်ခရိုင်ထဲမှာ KNU တပ်မဟာ (၃) နဲ့ စစ်ကောင်စီတပ်တို့ကြား အခုနှစ် ခြောက်လ တာ အတွင်း တိုက်ပွဲပေါင်း ၃၀၀ ဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့ ခလယ်လွီခရိုင်( ညောင်လေးပင်) က သတင်းထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - KNU

ဇူလိုင် – ၁၅ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ပဲခူးတိုင်းအရှေ့ခြမ်း ၊ညောင်လေးပင်ခရိုင်ထဲမှာ KNU တပ်မဟာ (၃) နဲ့ စစ်ကောင်စီတပ်တို့ကြား အခုနှစ် ခြောက်လ တာ အတွင်း တိုက်ပွဲပေါင်း ၃၀၀ ဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့ ခလယ်လွီခရိုင်( ညောင်လေးပင်) က သတင်းထုတ်ပြန်ပါတယ်။

ညောင်လေးပင်ခရိုင်ထဲမှာ KNU တပ်မဟာ ( ၃) စစ်ရေးလှုပ်ရှားပြီး အခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဇွန်လ ၃၀ ရက်အထိ တိုက်ပွဲကြီး ၊ငယ် ၃၀၀ ဖြစ်ပွားတာလို့ဆိုပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ၂၄၂ ဦး သေဆုံးပြီး ၁၈၉ ဦး ထိခိုက်ဒဏ်ရာရကာ ၇ ဦးလက်နက်ချသလို ၂၅ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းမိတယ်လို့ KNU က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လက်နက်ခဲယမ်းအနေနဲ့ဆိုရင်လည်း လက်နက်မျိုးစုံ ၂၀၀ ကျော် သိမ်း ဆည်း ရမိတယ်လို့ ဖော်ပြပါတယ်။

People’s Spring အနေနဲ့တော့ စစ်ကောင်စီတပ်ရဲ့ ထိခိုက် ၊ကျဆုံးမှု အခြေအနေကိုသီးခြားအတည်မပြုနိုင်ပါဘူး။

စစ်ကောင်စီတပ်ကလည်း ပဲခူးတိုင်းအရှေ့ခြမ်း ညောင်လေးပင်ခရိုင်ထဲက တိုက်ပွဲတွေမှာအသေအပျောက်ကို ထုတ်ပြန်တာမရှိပါဘူး။

အခုနှစ် ခြောက်လတာကာလအတွင်း ညောင်လေးပင်ခရိုင်ထဲက တိုက်ပွဲတွေမှာ KNU ဘက်ကလည်း ၄၄ ဦး ကျဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က အသိပေးထားပါတယ်။

ပဲခူးတိုင်းအရှေ့ခြမ်း ၊ညောင်လေးပင်ခရိုင်ထဲက ရွှေကျင် ၊ ကျောက်ကြီး ၊ ကျောက်တံခါးမြို့တွေမှာ ပြီးခဲ့တဲ့ ကာလတွေအတွင်း တိုက်ပွဲတွေ ဖြစ်ထားခဲ့ပါတယ်။

ဒါအပြင် ရန်ကုန် – မန္တလေး လမ်းဟောင်းဖြတ်သန်းသွားတဲ့ ပဲခူးတိုင်းထဲက ဖြူး ၊ ရေတာရှည် ၊ ပဲနွယ်ကုန်း ၊ ကျောက်တံခါးမြို့တွေက စစ်ကောင်စီတပ်ရဲ့ ဂိတ်စခန်းတွေကိုလည်း KNU နဲ့ PDF တွေက စီးနင်းတိုက်ခိုက်ခဲ့တာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ် ၊မော်ချီးဒေသကို စစ်ကောင်စီက ယနေ့(ဇူလိုင် ၁၅ ရက်) နံနက် ၁ နာရီခန့်တွင် လေကြောင်းမှ ထပ်မံတိုက်ခိုက်ရာ အရပ်သား ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သတင်း

မိုးဗြဲ-လွိုင်​ကော်လမ်းကို စစ်​ကောင်စီက ထိန်းချုပ်နိုင်ပြီဟုသတင်းအမှာဖြန့်ထားပြီ ယာဥ်လိုင်းများကို ဖိအား​ပေးဖြတ်သန်းခိုင်း​နေ

သတင်း

မြန်မာနိုင်ငံမှာ ဖမ်းဆီး အကျဉ်းချ ခံထားရပြီး အငြင်းပွားစရာ အခြေအနေတွေ ရှိနေတဲ့ အင်ဒိုနီးရှား ဖက်ရှင်ဒီဇိုင်နာတစ်ဦး လွတ်မြောက်ရေးအတွက် စစ်ရေးအရ စွက်ဖက်တာတွေ လုပ်မှာ မဟုတ်ကြောင်း အင်ဒိုနီးရှား အစိုးရက ပြောကြားခဲ့ပါတယ်။

ဆောင်းပါး

အညာတနေရာက ရွာတရွာမှာ ရွာသူရွာသားတွေ မြေကျင်းနက်နက်တူးနေကြတယ်။ ထွက်လာတဲ့မြေသားတွေကို မိန်းမသားတွေပါမကျန် ချွေးသံတရွှဲရွှဲနဲ့ သယ်ကြဖို့ကြတယ်။ ဒီအချိန်ဒီကာလ အညာမှာ အာစီတိုက်ဆောက်မလို့ ဖောင်ဒေးရှင်းကန်တူးတာတော့ မဟုတ်ပါဘူး။ စာသင်တာကိုတောင် လေကြောင်းနဲ့တိုက်ခိုက်၊ အသက်တွေရင်းပြီး ပညာသင်နေရတဲ့ အညာက ကလေးငယ်တွေအတွက် မြေအောက်စာသင်ကျောင်းကို စတင်ဆောက်လုပ်နေကြတာပါ။