ဇွန်-၈၊၂၀၂၅။ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်ကစစ်ကောင်စီလက်အောက်ခံ မြင်းချင်းပျူကျေးရွာကနေ ပျူစောထီးတဦးဟာ လက်နက်ခဲယမ်းတွေ ယူဆောင်လာပြီး ကာကွယ်ရေးအဖွဲ့ထံ အလင်းဝင်လာခဲ့ပါတယ်။
ဇွန်လ (၆)ရက်နေ့ကစစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်၊ မြင်းချင်းကျေးရွာက ပျူလက်နက်ကိုင်တစ်ဦးဟာ G3 (၁)လက်၊ကျည်ဘောက်(၃)ခု၊ G3ကျည် (၉၂)
တောင့်တို့ကိုယူဆောင်ပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
“သူတို့ကကောင်းကောင်းမွန်မွန်နေချင်တယ်။ အကြောက်တရားတွေနဲ့ မရှင်သန်ချင်တော့ဘူးလို့ ပြောပါတယ်။ ကျနော်တို့က အစောကတည်း အလင်းဝင်ဖို့ စည်းရုံးလှုံ့ဆော်ခဲ့တာတွေ အများကြီးရှိပါတယ်။”လို့ရွှေဘိုပကဖတာဝန်ရှိသူတဦးက ပြောပါတယ်။
အလင်းဝင်ရောက်လာသူကိုထိုက်သင့်တဲ့ ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့ပြီး သူနဲ့အတူပါလာတဲ့ မိသားစုဝင်တွေကိုပါ လူ့အခွင့်အရေးနှင့်အညီ စောင့်ရှောက်ထားတယ်လို့ ရွှေဘိုပကဖက အသိပေးပါတယ်။
ရွှေဘိုပကဖထံ အလင်းဝင်ထားတဲ့ စစ်သား၊ ရဲနဲ့ပျူ စုစုပေါင်း(၁၀)ဦးထက်မနည်းရှိကြောင်းသိရပါတယ်။
စစ်အာဏာရှင် အမြစ်ဖြတ်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်နေတာဖြစ်တာကြောင့် စကစတပ်ဖွဲ့ဝင်များ၊ ပျူများအနေဖြင့်လည်း အမြန်ဆုံး အလင်းဝင်ရောက်ဖို့ လိုအပ်နေကြောင်း၊အချိန်မရွေး ဆက်
သွယ်ပြီး အလင်းဝင်ရောက်နိုင်ဖို့ ဖိတ်ခေါ်ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်တွန်းထားပါတယ်။
