close
Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က လေကြောင်းကနေ ဗုံးကြဲပြီး လက်နက်ကြီးနဲ့ပါ ပစ်ခတ်လို့ မတ္တရာနယ်မှာ ကလေးငယ်အပါအဝင် ၂ဦးသေဆုံး၊ ၁၇ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ဝေါရွာသစ်ကျေးရွာကို စစ်တပ်က လေကြောင်းနဲ့ကော လက်နက်ကြီးနဲ့ပါ တိုက်ခိုက်လို့ ကလေးတစ်ဦး အပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး နို့စို့ကလေး အပါအဝင် ၁၇ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ်ထိခိုက်ပျက်စီးမှုများကို တွေ့ရစဥ်။ ဓာတ်ပုံ-MDY PDF

ဇူလိုင်-၃၊ ၂၀၂၅။ မေရီ/People’s Spring

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ဝေါရွာသစ်ကျေးရွာကို စစ်တပ်က လေကြောင်းနဲ့ကော လက်နက်ကြီးနဲ့ပါ တိုက်ခိုက်လို့ ကလေးတစ်ဦး အပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး နို့စို့ကလေး အပါအဝင် ၁၇ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့ ဇူလိုင် (၃)ရက် ညနေ (၃) နာရီခန့်က စစ်ကောင်စီဟာ မတ္တရာမြို့နယ်၊ ဝေါရွာသစ်ကျေးရွာကို တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ အကြောင်းမဲ့လေကြောင်းတိုက်ခိုက်လို့ (၆)နှစ်အရွယ် ကလေးငယ်တစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး နို့စို့အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေး PDFနဲ့ ဒေသတွင်းသတင်းရင်းမြစ်တွေက အသိပေးပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ပြီးမကြာခင် ဝေါရွာသစ်ကိုပဲ မတ္တရာမြို့ပေါ်ကနေ လက်နက်ကြီးတွေနဲ့ ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အသက်(၇၅)နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး ၁၀ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေး PDFက ထပ်မံ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ မတ္တရာမြို့နယ် မြောက်ခြမ်းမှာ ရှိတဲ့ ဝေါရွာ အနီးတစ်ဝိုက်ကို Jet Fighterနဲ့ လေကြောင်းတိုက်ခိုက်အပြီး မိနစ်၂၀အကြာမှာ လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်ခဲ့တာဖြစ်ကြောင်း Voice Of Mandalay ကလည်း အသိပေးပါတယ်။

စစ်ကောင်စီဟာ မတ္တရာမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွါးခြင်းမရှိတဲ့ ကျေးရွာတွေကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ပေါ်ပေါ်ထင်ထင် ကျူးလွန်နေကြောင်း၊ စစ်ကောင်စီဟာ အရပ်သားတွေအပေါ် အဆင်အခြင်မဲ့ ဦးတည်တိုက်ခိုက်မှုတွေ မကြာခဏကျူးလွန်နေလို့ မတ္တရာမြို့နယ်က ဒေသခံအများစုဟာ စစ်ဘေးလွတ်ရာဒေသတွေကို ပြောင်းရွှေ့နေထိုင်နေရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း ၊ချောက်မြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုဒေသတော်လှန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ရာ ထိခိုက်မှုရှိပြီး ပြန်ဆုတ်သွားတယ်လို့ ချောက်မြို့နယ်တော်လှန်ရေးတပ် (CRA)ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်သို့ဝင်ပေါက်ဖြစ်​သောမိုးဗြဲမြို့ ၏မြို့ပေါ်ရပ်ကွက်များကိုစစ်ကောင်စီတပ်က ထိုး​ဖောက်ဝင်​ရောက်တပ်စွဲနိုင်ခဲ့ပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွား​နေ​ကြောင်းကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ၏ပြောရေးဆိုခွင့်ရှိသူ သာအယ်စိုးကပြောသည်။

သတင်း

တရုတ်အကူအညီဖြင့် လားရှိုးမြို့ကို ပြန်ရပြီးနောက် တဖြည်းဖြည်း အင်အားဖြည့်နေသည့် စစ်ကောင်စီတပ်က လားရှိုးမြို့အဝင် ခလရ(၄၁) အနီးရှိ ၄၁ ဂိတ်တွင် လက်နက်ကြီးများတပ်ဆင်လိုက်သည်။

သတင်း

​တိုက်​လေယာဥ်ဟာ FTC-2000G အမျိုးအစား ဖြစ်ပြီး ၊​လေယာဥ်ပျက်အနီးအ​လောင်း ၂ ​လောင်း​တွေ့