close
Connect with us

Hi, what are you looking for?

သတင်း

စစ်တပ် စစ်ကြောင်းတွေ နောင်ချိုနဲ့ ပိုနီးလာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့အနီးမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ပြင်ဦးလွင်ကနေလာတဲ့ စစ်ကြောင်းက အုမ္မခါးရွာအထိရောက်လာပြီး နောင်ချိုမြို့နဲ့ နီးကပ်လာနေပြီလို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။

နောင်ချိုဒေသ တိုက်ပွဲအတွင်း တွေ့ရတဲ့ TNLAရဲဘော်တွေ။ ဓာတ်ပုံ - TNLA

■ပြင်ဦးလွင်ကလာတဲ့ စစ်တပ်စစ်ကြောင်း ရှေ့တိုးလာ

■ကိုးကန့်ရွာကိုလည်း စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်

ဇူလိုင် ၂၊ ၂၀၂၅။ People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့အနီးမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ပြင်ဦးလွင်ကနေလာတဲ့ စစ်ကြောင်းက အုမ္မခါးရွာအထိရောက်လာပြီး နောင်ချိုမြို့နဲ့ နီးကပ်လာနေပြီလို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အခုက မြို့တောင်ဘက်မှာလည်း မျက်ချင်းနုမှာ တိုက်ပွဲတွေချနေတယ်။အခု နောင်ချိုကနေကို လက်နက်ငယ်သံတွေ ကြားနေရတဲ့အထိ ဖြစ်နေပြီ။ ပြင်ဦးလွင်လမ်းပိုင်းကလည်း အုမ္မခါးရောက်

လာတယ်”လို့ နောင်ချိုမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒီကနေ့(ဇွန်လ ၂ရက်)မှာလည်း ညနေ ၄နာရီလောက်ကစပြီး မျက်ချင်းနုရွာမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

နောင်ချိုမြို့နယ်မှာအုမ္မခါး၊ မျက်ချင်းနု၊ လုံစံနဲ့ ကျောက်တောကျေးရွာတို့မှာ စစ်ကောင်စီတပ်နဲ့ ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

ဇူလိုင် ၁ ရက်နေ့က အုမ္မခါးကျေးရွာမှာ စစ်တပ်နဲ့ တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေချိန် စစ်ကောင်စီတပ်က လေကြောင်းကနေဗုံး(၂)လုံးလာကြဲခဲ့တယ်လို့ဖော်ပြထားပါတယ်။ အုမ္မခါးရွာဟာ ပြင်ဦးလွင် – နောင်ချို-လားရှိုးလမ်း

ပိုင်းပေါ်မှာရှိပြီးနောင်ချိုမြို့နဲ့ (၈)မိုင်ကွာဝေးပါတယ်။

အုမ္မခါးမရောက်မီပြီးခဲ့တဲ့အပတ်ကရေမောင်းတန်း

ကျေးရွာမှာ တိုက်ပွဲတွေ ဖြစ်နေခဲ့တာပါ။

ဒါ့အပြင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်း

မရှိတဲ့ နောင်လင်ကျေးရွာကိုလည်း လက်နက်ကြီး (၃၅)လုံး၊ ဒရုန်းနဲ့ ဗုံး (၂၃)လုံး၊နားမုံနဲ့ ရွှေပြည်ညွှန့်ကျေးရွာကိုလည်း လက်နက်ကြီး(၄)လုံး၊ ကျောက်ကြမ်းကျေးရွာလည်း လက်နက်ကြီး (၂) လုံးနဲ့ ကသဲမျှောင်ကျေးရွာလည်း လက်နက်ကြီး (၂)လုံးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထပ်မံ‌ဖော်ပြထားပါတယ်။

ရွှေပြည်ညွှန့်ကျေးရွာဟာကိုးကန့်လူမျိုးတွေ စုဝေးနေတဲ့ ရွာဖြစ်ပါတယ်။ ၁၉၉၃မှာ ကိုးကန့်တပ်ဖွဲ့ဝင်အချင်းချင်းပြဿနာဖြစ်ပြီး နောက်ဆက်တွဲအဖြစ် နဝတအစိုးရရဲ့ဗိုလ်ချုပ်ခင်ညွှန့်က ဖုန်ကြားရှင် ရဲ့ တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကိုခေါ်ယူပြီး နောင်ချိုမြို့တောင်ဘက်မှာ နေရာချပေးပြီး ရွှေပြည်ညွှန့်ကျေးရွာလို့ အမည်ပေးခဲ့တာပါ။ ၂၀၁၄ သန်းခေါင်စာရင်းအရ ‌ရွှေပြည်ညွှန့်ကျေးရွာမှာ လူဦးရေ ၄၆၀၀ကျော် နေထိုင်ပါတယ်။

ဇွန်လ ၁ရက်ကလည်း သုံးဆယ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး (၁၁)လုံး ကြဲချတိုက်ခိုက်လို့ ဒေသခံပြည်သူ သုံးဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေ ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့ လိုအပ်ပြီး လေကြောင်းရန်က ကာကွယ်နိုင်ဖို့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

စစ်ကောင်စီဟာ TNLA သိမ်းယူထားတဲ့ နောင်ချိုမြို့ကိုပြန်သိမ်းဖို့ ထိုးစစ်ဆင်​နေတာမှာ နောင်ချိုမြို့နဲ့ ၄ မိုင်ကျော်သာသာပဲဝေးတော့တဲ့ မျက်ချင်းနုရွာနဲ့ နောင်ဩရွာကို ဇွန်လ ၃၀ရက်မှာ သိမ်းယူလာနိုင်ပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက မျက်ချင်းနုရွာနဲ့ နောင်သြရွာတို့မှာ TNLA နဲ့ စစ်တပ်ကြားတိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး အခုတော့ TNLAက အဲဒီရွာတွေကိုလက်လွှတ်ပေးလိုက်ရတာပါ။နောင်ချိုဒေသတိုက်ပွဲတွေနဲ့ပတ်သက်ပြီး TNLAထံ People’s Spring ငဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ဆုံးရှုံးထားတဲ့ နောင်ချိုမြို့ဆီကို စစ်ကြောင်းသုံးကြောင်းနဲ့အပြင်းအထန် ထိုးစစ်ဆင်​​နေတာ​ကြောင့် တိုက်ပွဲ​တွေ နေ့စဥ်ပြင်းထန်​ခဲ့ပါတယ်။TNLA ဦး​ဆောင်တဲ့ ပူး​ပေါင်းတပ်​တွေဟာ ​နောင်ချိုမြို့ကို ၂၀၂၄ ဇွန် ၂၅ ရက်​နေ့မှာစတင်တဲ့ ၁၀၂၇ စစ်ဆင်​ရေး ဒုတိယလှိုင်း စတဲ့​နေ့မှာပဲ သိမ်းပိုက်ခဲ့တာပါ။ ​တောင်းခမ်းရွာအနီးက အ​မြောက်တပ်ရင်း​တွေမှ အပ ​နောင်ချိုမြို့နယ်ထဲက ကျန်စစ်တပ်စခန်း​တွေအားလုံးကို ၂၀၂၄ ဇူလိုင် ၁၀ ရက်မှာ အပြီးသတ် သိမ်းပိုက်ခဲ့တာဖြစ်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

သီးကျစ်ကျေးရွာသို့ ခရီးတစ်ထောက်ရောက်ရှိနေသော CNDF တပ်ဖွဲဝင်များအား CDF ဟွာလ်ငိုရမ်ကဝိုင်းရံပိတ်ဆို့ပြီးစတင်ပစ်ခတ်ရာမှတိုက်ပွဲဖြစ်ဟုCNDF အသိ​ပေး

သတင်း

တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်က သုံးဆယ်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံး (၁၁)လုံး ကြဲချတိုက်ခိုက်လို့ ဒေသခံပြည်သူ သုံးဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မတော်(TNLA)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်က ဇွန် ၃၀ မှာမျက်ချင်းနု နဲ့ နောင်ဩရွာကိုသိမ်းပိုက်ခဲ့တယ်လို့ ​ဒေသခံအချို့​ပြော

သတင်း

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ကန့်ဒေါင့်ရွာနယ်မြေရဲစခန်းကို ပြန်သိမ်းဖို့ စစ်တပ်ကစစ်ကြောင်းထိုးလာတဲ့အတွက်​တော်လှန်​ရေးအဖွဲ့​တွေကတိုက်ခိုက်ရာမှာ စစ်တပ်ပြန်ဆုတ်​သွားတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLAရဲ့ပြောရေးဆိုခွင့်ရှိသူ ရဲဘော်နီနီကျော်က ပြောပါတယ်။