ဇွန်-၂၃၊၂၀၂၅။ရှိန်း/People’s Spring
မုံရွာအကျဉ်းထောင်ကနေပြောင်းရွှေ့ထားတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို အိုးဘိုထောင် အဝင်ဝမှာ ရိုက်နှက်ကာယခုအချိန်အထိသီးသန့်ခွဲထားတယ်လို့စုံစမ်းသိရပါတယ်။
မုံရွာထောင်ကနေဇွန်လ ၁၂ ရက်နေ့က နိုင်ငံ ရေးအကျဉ်းသူ ၇၀ ခန့် အိုးဘို အကျဉ်းထောင်၊အမျိုးသမီး ယာယီအ ဆောင်ကို ရောက်လာတယ်လို့ သိရပါတယ်။
အမျိုးသမီးနိုင်ငံ ရေးအကျဉ်းသူ တွေထဲကတချို့ဟာမုံရွာ- မန္တလေးတစ်လမ်းလုံးမှာ ကြိုးတုပ်ခံထားခဲ့ရသလို ၊ရိုက်နှက်နှိပ်စက်ခံလာရသူတွေလည်းပါတယ်တယ်လို့သိရပါတယ်။

Public Service Announcement
နိုင်ငံရေးအကျဉ်းသူတွေကိုအဆောင် ၃ ရဲ့ အပေါ်ထပ်မှာ သီးသန့်ခွဲထားတယ်လို့ အိုးဘိုအကျဉ်းထောင် နဲ့ နီးစပ်သူအချို့ကပြောပါတယ်။
အိုးဘိုထောင်အမျိုးသမီးအဆောင်မှာလူဦးရေများပြားနေပြီးဝမ်းလျှောရောဂါ နဲ့အရေပြားရောဂါတွေလည်းဖြစ်နေတယ်လို့ အကျဉ်းသူတဦးရဲ့ မိသားစုဝင်က ပြောပါတယ်။
ထောင် ပြောင်းစဉ်ပါလာတဲ့ အမျိုးသားနိုင်ငံရေးအကျဉ်းသားတွေကိုလည်း ထောင်အဝင်ဝမှာရိုက်နှက်နှိပ်စက်ခဲ့သလို သီးသန့်ခွဲထားဆဲဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသူတဦးရဲ့ မိသားစုဝင်က ပြောပါတယ်။
မြန်မာနိုင်ငံလုံး ဆိုင်ရာနိုင်ငံ ရေး အကျဉ်းသားများကွန်ယက် (PPNM)ရဲ့ရဲ့ထုတ်ပြန်ချက်မှာ တော့ ဇွန်လ၁၂ ရက်နေ့က မုံရွာ ထောက်က နေ နိုင်ငံ ရေးအကျဉ်းသားတွေ နဲ့ တခြားအကျဥ်းသားစုစုပေါင်း ၂၀၀ ခန့်ကို မန္တလေး အိုးဘို ထောင်ကို ပို့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကုန်တင်ကား(၅)စီးပေါ်မှာ ခန့်မှန်း အမျိုးသားအကျဥ်းသား (၁၅၀)ဦးဝန်းကျင်ပါပြီး ကုန်တင်ကားတစ်စီးပေည်မှာ အမျိုးသမီးအကျဥ်းသူတွေ ပါဝင်တာလို့သိရပါတယ် ။ အိုးဘိုထောင်ဗူးဝ အဝင်မှာ ထောင်ပြောင်းရွှေ့ရောက်လာသူ အားလုံးနီးပါးအား အကျဉ်းဦးစီးဝန်ထမ်းတွေ နဲ့ရဲတွေက ရောဘာတုတ်၊သစ်သားတုတ်နဲ့ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြတာပါ ။ မုံရွာထောင်က ပြောင်းရွေ့လာတဲ့ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် အပါအဝင် နိုင်ငံရေးအကျဉ်းသားအနည်းဆုံး(၅၀)ဦးလောက်ဟာ ဦးခေါင်း၊လက်နဲ့ နောက်ကျောတွေမှာထိရှနှင့် ပေါက်ပြဲ ဒဏ်ရာတွေရရှိခဲ့ကြပြီး အသက်ရှင်သန်ပိုင်ခွင့်များပင် ခြိမ်းခြောက်ခံရတယ်လို့ PPNM ကထုတ်ပြန်ပါတယ် ။
အရိုက်ခံရတဲ့ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်နဲ့ ကိုမာန်ဇာမြေမွန်တို့ကို ဆေးကုသခွင့်မပေးဘဲ သံခြေကျဉ်းခတ်ပြီး တိုက်ပိတ်ထားတယ်လို့ စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစုက ဇွန် ၁၅ ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။
