close
Connect with us

Hi, what are you looking for?

သတင်း

အမြန်လမ်းမှာ နွားထိုးကြီး PDFက လမ်းပိုင်းစစ်ဆေးမှုလုပ်ပြီး ခရီးသည်တွေနဲ့ တွေ့ဆုံ

နွားထိုးကြီးPDFက ယခုလိုစစ်ဆေးမှုတွေပြုလုပ်အပြီးမှာ စစ်ကောင်စီတပ်တချို့နဲ့ပြည်သူ့စစ်တွေအဲဒီနေရာကိုရောက်လာသေးတယ်လို့ ပြည်သူတွေဆီကသိရပါတယ်။

(ခရီးသွားကားတွေကို နွားထိုးကြီး PDFက စစ်ဆေးနေစဥ် ဓာတ်ပုံ-File Video)
(ခရီးသွားကားတွေကို နွားထိုးကြီး PDFက စစ်ဆေးနေစဥ် ဓာတ်ပုံ-File Video)

နေ့သစ်/People’s Spring

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးပေါ်က မိုင်တိုင်(၃၁၈)မှာ ခရီးသွားကားတွေကို နွားထိုးကြီး PDFက လမ်းပိုင်းစစ်ဆေးမှု ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဒီကနေ့ (ဒီဇင်ဘာ ၂၃ ရက်) မနက် ၁၀ နာရီခွဲခန့်က နွားထိုးကြီးမြို့နယ်နဲ့ မိတ္ထီလာမြို့နယ်ကြားက မိုင်တိုင်(၃၁၈)မှာ Natogyi People Defence Forceက​ နယ်မြေစိုးမိုးရေးလုပ်ဆောင်ခဲ့ပြီး ခရီးသွားယာဉ်တွေကို စစ်ဆေးတာ၊ ခရီးသည်တွေနဲ့ တွေ့ဆုံတာတွေ လိုအပ်တဲ့အသိပညာပေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

(ခရီးသွားကားတွေကို နွားထိုးကြီး PDFက စစ်ဆေးနေစဥ် ဓာတ်ပုံ-File Video)
(ခရီးသွားကားတွေကို နွားထိုးကြီး PDFက စစ်ဆေးနေစဥ် ဓာတ်ပုံ-File Video)

ပြည်သူတွေအနေနဲ့ ရန်ကုန် -မန္တလေး အမြန်လမ်းမကြီးပေါ်ကို မလိုအပ်ဘဲ ခရီးမသွားကြဖို့၊ည အချိန်မတော် မထွက်ကြဖို့နဲ့ တိုက်ပွဲနဲ့တိုးရင် ရှေ့ဆက်မမောင်းဘဲ နီးစပ်ရာ လုံခြုံတဲ့ နေရာတွေမှာ နေထိုင်ကြဖို့ နွားထိုးကြီး PDFက သတိပေးပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်က ဒီနေ့မနက်၁၀နာရီခွဲမှာ နွားထိုးကြီး PDFက ရန်ကုန်-မန္တလေးအမြန်လမ်းမိုင်တိုင်၃၁၈/၆၈ဖာလုံမှာ ကားတွေကို စစ်ဆေးပြီး ယာဥ်ငယ်တစီးကို ဇီးတောဆည်ဘောင်ဘက်ကို ခေါ်သွားတယ်လို့ ရေးသားဖော်ပြထားကြပါတယ်။

(ခရီးသွားကားတွေကို နွားထိုးကြီး PDFက စစ်ဆေးနေစဥ် ဓာတ်ပုံ-File Video)
(ခရီးသွားကားတွေကို နွားထိုးကြီး PDFက စစ်ဆေးနေစဥ် ဓာတ်ပုံ-File Video)

ဒီကိစ္စနဲ့ပတ်သက်ပြီး နွားထိုးကြီးမြို့နယ်က တာဝန်ရှိသူတွေကိုမေးမြန်းကြည့်ရာမှာ အမြန်လမ်းပေါ်ကို လုံခြုံရေးအရ တော်လှန်ရေးတပ်တွေက စစ်ဆေးခဲ့တာမှန်ကန်ပြီး အိမ်စီးကားတစီးပေါ်မှာ ပြောက်ကျားအင်္ကျီတွေ့တာမို့ ကားပေါ်ပါလာတဲ့သူတွေကို အောက်ခဏဆင်းခိုင်းကာ ယာယီစစ်ဆေးမှုပြုလုပ်ပေးပြီးပြန်လွှတ်ပေးလိုက်တာလို့ ဆိုပါတယ်။

“တပ်ရင်းတစ်ခုက ခ​ဏတင် စစ်လိုက်တာပါ။ဖမ်းတယ်ဆိုတာမဟုတ်ပါဘူး။ပြီးတော့ စစ်တဲ့ကားကပြည်သူတွေကားမို့အေးအေးဆေးဆေးပြန်လွှတ်လိုက်တာပါ”လို့ နွားထိုးကြီးမြို့နယ်၊ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

(ခရီးသွားကားတွေကို နွားထိုးကြီး PDFက စစ်ဆေးနေစဥ် ဓာတ်ပုံ-File Video)
(ခရီးသွားကားတွေကို နွားထိုးကြီး PDFက စစ်ဆေးနေစဥ် ဓာတ်ပုံ-File Video)

နွားထိုးကြီးPDFက ယခုလိုစစ်ဆေးမှုတွေပြုလုပ်အပြီးမှာ စစ်ကောင်စီတပ်တချို့နဲ့ပြည်သူ့စစ်တွေအဲဒီနေရာကိုရောက်လာသေးတယ်လို့ ပြည်သူတွေဆီကသိရပါတယ်။

တော်လှန်ရေးကာလ ၄ နှစ်ပြည့်တော့မှာမို့ ပြည်သူတွေအနေနဲ့ စည်းကမ်းလိုက်နာပြီး တော်လှန်ရေးမှာ ပါဝင်ပေးကြဖို့ နွားထိုးကြီး PDFက မေတ္တာရပ်ခံထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်ကလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၊ မိုင်တိုင်(၃၁၉)က စစ်ဆေးရေးဂိတ်ကို နွားထိုးကြီး PDFက တိုက်ခိုက်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မတ္တရာမြို့နယ်အတွင်းရှိ အခြားသော နေရာများသို့လည်း ဆက်လက်ထိုးစစ်ဆင်နေကြောင်း မန္တလေး PDFက အသိပေးသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ ရဲဘော်၂ဦး ကျဆုံးကာ ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ဟု အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သားများထံမှ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများမှာ MA1 သေနတ် ၃ လက်၊ G - 3သေနတ် ၂လက်၊ တိုက်မိုင်း၊ နင်းမိုင်းများ၊ ခဲယမ်းများနှင့် စစ်သုံးပစ္စည်းများပါဝင်သည်။

သတင်း

တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီမှ ၃၀ ဦးခန့်ထိခိုက်မှုရှိခဲ့ပြီး ၁၂ဦးသေဆုံးကြောင်း ပူး ပေါင်းတပ်ဖွဲ့တွင်ပါဝင်သည့် တပ်ရင်း(၉၀၁)မှ တပ်ရင်းမှူးက ပြောသည်။