close
Connect with us

Hi, what are you looking for?

သတင်း

ကော်မရှင်ယူပြီး ဘဏ်အကောင့် ပေးသုံးခဲ့တဲ့စင်ကာပူနိုင်ငံသား မြန်မာ အမျိုးသမီးမှာ ပြစ်မှုထင်ရှားကြောင်း တရားရုံး ဆုံးဖြတ်

စင်ကာပူ​ဒေါ်လာ သန်း ရာနဲ့ချီတဲ့ ငွေကြေးလွှဲပြောင်းမှုတွေအတွက် ကိုယ်ပိုင် ဘဏ်အကောင့်တွေ အသုံးပြုခွင့် ပေးခဲ့တဲ့ စင်ကာပူ နိုင်ငံသား မြန်မာ အမျိုးသမီး တစ်ဦးဟာ တရားရုံး ပြစ်ဒဏ် စီရင်မှုကို စောင့်ဆိုင်းနေရပြီ ဖြစ်ပါတယ်။

■၂ နှစ် အတွင်း​ဒေါ်လာ သန်း ၇၀၀ ​ကျော်လက်ခံ

လွှဲ​ပြောင်း​ပေးခဲ့​ပေမယ့် ​​ငွေ​တွေဘယ်ကဝင်တာလဲမသိဟု ဒေါ်ဇင်နွယ်ညွန့် တရားရုံးတွင်ထွက်ဆို

People’s Spring

စင်ကာပူ​ဒေါ်လာ သန်းရာနဲ့ချီတဲ့ ငွေကြေးလွှဲပြောင်းမှုတွေအတွက် ကိုယ်ပိုင် ဘဏ်အကောင့်တွေ အသုံးပြုခွင့် ပေးခဲ့တဲ့ စင်ကာပူ နိုင်ငံသား မြန်မာ အမျိုးသမီး တစ်ဦးဟာ တရားရုံး ပြစ်ဒဏ် စီရင်မှုကို စောင့်ဆိုင်းနေရပြီ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အသက် ၅၈ နှစ်အရွယ် ဒေါ်ဇင်နွယ်ညွန့်ဟာ မြန်မာ အမျိုးသား တစ်ဦးနဲ့အတူ ပူးပေါင်းပြီး စင်ကာပူမှာ လိုင်စင်မရှိဘဲ ငွေပေးချေခြင်းဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းတစ်ခု လုပ်ကိုင်ခဲ့တယ်ဆိုတဲ့ စွဲချက် နှစ်ခုအတွက် အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ မတ်လ ၅ ရက်နေ့ တရားရုံး ဆုံးဖြတ်ချက်အပြီး ဒေါ်ဇင်နွယ်ညွန့်အတွက် စီရင်ချက်ကိုတော့ ဧပြီ ၁ ရက်နေ့မှာ ချမှတ်သွားမှာပါ။

Unioneလို့ ခေါ်တဲ့ လက္ကား အရောင်းဌာန တစ်ခုနဲ့ ညှိနှိုင်းပြီးတဲ့နောက် ဒေါ်ဇင်နွယ်ညွန့်ဟာ သူ့ရဲ့ လုပ်ငန်းဆိုင်ရာ ဘဏ်အကောင့် သုံးခုကို ငွေကြေးလွှဲပြောင်း ပေးချေမှုတွေမှာ အသုံးပြုဖို့ ခွင့်ပြုပေးခဲ့ပါတယ်။ အဲဒီ အတွက် ကော်မရှင်အဖြစ် စင်ကာပူဒေါ်လာ ၁၇,၀၀၀ ကျော် ရရှိခဲ့ကြောင်း သိရပါတယ်။

သူနဲ့အတူ အလုပ်တွဲလုပ်ခဲ့ပြီး ခင်ပွန်းဖြစ်သူရဲ့ ငယ်သူငယ်ချင်းဆိုတဲ့ ဦးဉာဏ်ဝင်းကလည်း အလားတူ ကော်မရှင်က​နေ စင်ကာပူဒေါ်လာ ၁၁၀,၀၀၀ ကျော် ရရှိခဲ့တယ်လို့ ဆိုပါတယ်။ စင်ကာပူမှာ အမြဲတမ်း နေထိုင်ခွင့် ရထားသူ ဦးဉာဏ်ဝင်းဟာလည်း ဒေါ်ဇင်နွယ်ညွန့်လို တူညီတဲ့ စွပ်စွဲချက်တွေအတွက် ပြစ်မှုထင်ရှားကြောင်း တရားရုံးက အစောပိုင်းမှာ ဆုံးဖြတ်ထားပြီး ဧပြီ ၂၄ ရက်နေ့ စီရင်ချက်ကို စောင့်ဆိုင်းနေရတာပါ။

Unione က အသုံးပြုတဲ့ ဒေါ်ဇင်နွယ်ညွန့်ရဲ့ ဘဏ်အကောင့်တွေဟာ ၂၀၂၀ ကနေ ၂၀၂၁ ခုနှစ်အတွင်းမှာ စင်ကာပူဒေါ်လာ ၇၁၁ သန်းထိ လက်ခံ လွှဲ​ပြောင်း​​ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒေါ်ဇင်နွယ်ညွန့်ကတော့ အဲဒီ ငွေကြေးတွေ ဘယ်ကနေ ဝင်ရောက်လာသလဲ ဆိုတာကို မသိကြောင်း တရားရုံးမှာ ထွက်ဆိုထားခဲ့ပါတယ်။

အခုကိစ္စဟာ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လတုန်းက ကျားဖြန့် ဂိုဏ်းတွေရဲ့ ရင်းနှီးမြှုပ်နှံမှု မက်လုံးပေး ထောင်ချောက်မှာ သားကောင်ဖြစ်ပြီး ဩစတြေးလျ နိုင်ငံသား တစ်ယောက်က အမေရိကန်ဒေါ်လာ ၁.၈ သန်း လွှဲပြောင်းပေးခဲ့တဲ့ ဖြစ်စဉ်အပြီးမှာ စင်ကာပူ အာဏာပိုင်တွေရဲ့ အာရုံစိုက်ခြင်းကို ခံလာရတာ ဖြစ်ပါတယ်။ အဲဒီ ငွေကြေးတွေဟာ စင်ကာပူမှာ ရှိနေတဲ့ ကုမ္ပဏီ တချို့ရဲ့ ဘဏ်အကောင့်တွေထဲ ခွဲဝေ ရောက်ရှိသွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ ကုမ္ပဏီ အကောင့်တွေထဲက ၃ ခုဟာ နောက်ကျတော့ Unione က အသုံးပြုနေတဲ့ ဘဏ်အကောင့် တစ်ခုစီဒေါ်လာ ၄၈၀၀၀ ကျော်လောက်ကို ထပ်ဆင့် လွှဲပြောင်းပေးခဲ့တာကို​တွေ့ရှိခဲ့တာပါ။

အခုလို ကော်မရှင်ပေးပြီး ဘဏ်အကောင့် ငှားသုံးတဲ့ ကိစ္စဟာ ၂၀၁၉ ခုနှစ်တုန်းက မြန်မာနိုင်ငံမှာရှိတဲ့ ကိုဖိလစ်ဆိုတဲ့ အမျိုးသား တစ်ဦးနဲ့ ဦးဉာဏ်ဝင်းတို့ကြား ချိတ်ဆက်မိရာက စတင်ခဲ့တာလို့ ဆိုပါတယ်။ နောက်တော့ ဦးဉာဏ်ဝင်းက ဒေါ်ဇင်နွယ်ညွန့်ရဲ့ ခင်ပွန်းနဲ့ တိုင်ပင် ဆွေးနွေးခဲ့ပါတယ်။

ဒါပေမဲ့ ဒေါ်ဇင်နွယ်ညွန့်ရဲ့ အမျိုးသားက အချိန်ပြည့် အလုပ်တစ်ခု ရှိနေခဲ့တာကြောင့် အဲဒီကိစ္စကို ဇနီးသည်နဲ့ ညှိနှိုင်းဖို့ပဲ ပြောခဲ့ပါတယ်။ နောက်တော့ လုပ်ငန်းသုံး ဘဏ်အကောင့်တွေကို ဦးဉာဏ်ဝင်းရဲ့ ထိန်းချုပ်မှုအောက်မှာထားပြီး ကော်မရှင်ကို ခွဲယူဖို့ ဒေါ်ဇင်နွယ်ညွန့်နဲ့ သဘောတူခဲ့ကြပါတယ်။

အမှုအခင်း ဖြစ်ပွားပြီးတဲ့နောက် စစ်ဆေးမေးမြန်းတဲ့အခါ ငွေတွေ ဘယ်ကနေ ဝင်လာတယ် ဆိုတာကို သူတို့နှစ်ယောက်လုံး မသိကြဘူးလို့ အစိုးရ ရှေ့နေတွေက ပြောပါတယ်။ ၂၀၂၀ ဇူလိုင်လတုန်းကဆိုရင် Unione က အသုံးပြုတဲ့ ဘဏ်အကောင့် တစ်ခုမှာ အမေရိကန် ဒေါ်လာ သန်း ၁၅၀ လောက် ထိဝင်လာပြီး ချက်ချင်းဆိုသလို ပြန်ထုတ်သွားခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ဆိုပါတယ်။

နောက်တော့ သက်ဆိုင်ရာဘဏ်က မသင်္ကာစရာ ငွေပမာဏ အများအပြား လွှဲပြောင်းမှုတွေကို တွေ့လာရတဲ့အတွက် ဘဏ်အကောင့်ကို ပိတ်လိုက်ပါတယ်။ အဲဒီအခါ ဒေါ်ဇင်နွယ်ညွန့်ဟာ ဦးဉာဏ်ဝင်းရဲ့ အကြံပေးချက်အတိုင်း တခြားဘဏ် တစ်ခုမှာ လုပ်ငန်းသုံး အကောင့် ထပ်ဖွင့်ခဲ့တာပါ။

တရားရုံး စစ်ချက်တွေမှာတော့ ဒေါ်ဇင်နွယ်ညွန့်၊ ဦးဉာဏ်ဝင်းနဲ့ Unione တို့ အားလုံးဟာ စင်ကာပူ ငွေကြေး အာဏာပိုင် အဖွဲ့အစည်းတွေက တရားဝင် ခွင့်ပြုထားတဲ့ ငွေပေးချေမှု လုပ်ငန်းလိုင်စင်မရှိကြဘူးလို့ ဖော်ထုတ် တွေ့ရှိခဲ့ပါတယ်။

အဲဒီအမှုကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လမှာ စုံစမ်းမှုတွေ စတင်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာတော့ ဒေါ်ဇင်နွယ်ညွန့်နဲ့ ဦးဉာဏ်ဝင်းတို့ဟာ တရားစွဲဆိုခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

ကိုးကား: Straits Times

ဆက်စပ်သတင်းများ

သတင်း

အာဆီယံနိုင်ငံခြားဝန်ကြီးတွေရဲ့ အဓိကစိုးရိမ်ပူပန်မှုမှာ မြန်မာပြည်သူတွေအတွက် ငြိမ်းချမ်းရေး၊ သာယာဝပြောမှုနဲ့ တိုးတက်မှုတို့ ဖြစ်တယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

သတင်း

အာဏာသိမ်းမှုအပြီး စစ်တပ်ရဲ့ ရမ်းကားရက်စက်မှုတွေ၊ အကြမ်းဖက် လုပ်ရပ်တွေကြောင့် အရပ်သား ၅၀၀၀ ကျော် သေဆုံးခဲ့သလို ၃.၃ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးရကြောင်း စက်တင်ဘာလတုန်းက ကုလသမဂ္ဂရဲ့ အစီရင်ခံစာတစ်စောင်အရ သိရပါတယ်။

သတင်း

သုံးလွှာအမြင့် တိုက်ခန်း ပြတင်းပေါက် အပြင်ဖက် ကြောင်လျှောက်လမ်းကို ရောက်နေတဲ့ အသက် ၃ နှစ်အရွယ် ကလေးငယ် တစ်ဦးကို စွန့်စွန့်စားစား ကယ်တယ်ခဲ့တဲ့ မြန်မာနိုင်ငံသားကိုစသူရ​အောင်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ဂျာဟီတို့ကို စင်ကာပူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (SCDF)က လူမှုကယ်ဆယ်ရေး ဂုဏ်ပြုဆုကို​အောက်တိုဘာ ၂၅...

သတင်း

စင်ကာပူရောက် မြန်မာနိုင်ငံသား တစ်ဦးဟာ စည်းကမ်းမဲ့ အမှိုက်ပစ်မှုအတွက် ပြစ်ဒဏ်ကို ရှောင်ရှားဖို့ ဌာနဆိုင်ရာ ဝန်ထမ်း တွေကို လာဘ်ထိုးဖို့ ကြိုးစားမိခဲ့တာကြောင့် ထောင်ဒဏ် ၁၂ ရက် ချမှတ်ခြင်း ခံခဲ့ရပါတယ်။

Facebook