ဇွန်-၅၊၂၀၂၅။ရဲခေါင်/People’s Spring
(၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံတွင်စစ်အုပ်စု(စစ်ကောင်စီ)ကို အရေးယူရန်ဆုံးဖြတ်ချက်သည် မြန်မာပြည်သူလူထု၏ အောင်ပွဲဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကယနေ့ ညတွင်ထုတ်ပြန်လိုက်သည်။
ယနေ့ (ဇွန်လ ၅ ရက်) တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ ကျင်းပပြုလုပ်လျက်ရှိသည့် ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ တွင် ILO ကစစ်အုပ်စုကို အရေးယူရန်ဆုံးဖြတ်ခြင်းဟု ဖော်ပြသည်။
သမိုင်းတွင်မည့် ဆုံးဖြတ်ချက်တစ်ရပ်ချမှတ်လိုက်ခြင်းသည် မြန်မာပြည်သူလူထုအပေါ် တကမ္ဘာလုံးနှင့် ILO တို့က မျက်ကွယ်ပြုမထားကြောင်းကို မျက်မြင်သက်သေပြခြင်းပင်ဖြစ်ကြောင်းလည်း အသိပေးသည်။

Public Service Announcement
ILO ၏ ဆုံးဖြတ်ချက်သည် မြန်မာပြည်သူလူထု၏ အောင်ပွဲဖြစ်ပြီး မြန်မာပြည်သူလူထုကနှစ်ပေါင်းများစွာ ကြံ့ကြံ့ခံရင်ဆိုင်ပြီး စစ်တပ်၏ သေနတ်ကျည်ဆံများ၊နည်းမျိုးစုံဖြင့် ဖိနှိပ်မှုများ၊အမျိုးသမီးများအ ပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုများ၊ အရပ်သားပြည်သူလူထုနှင့် စာသင်ကျောင်းများ၌ ပညာသင်ကြားနေသည့် ကလေးငယ်များအပေါ် ဗုံးကြဲတိုက်ခိုက်မှုများကြားထဲတွင် ကြံ့ကြံ့ခံ ရင်ဆိုင်ခြင်းမှရရှိခဲ့သည့် ပြည်သူ့အောင်ပွဲဟု ဖော်ပြထားသည်။
မြန်မာပြည်သူများအပေါ်တွင် ဖိနှိပ်သတ်ဖြတ်နေသည့် စစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များကို ကမ္ဘာ့အလယ်တွင်ဖော်ထုတ်ပြသနိုင်ခဲ့ကြာင်း လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနက ပြောသည်။
အခြေခံ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အထူးသဖြင့် ILO ၏ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့် နှင့် စုရုံးခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် ၈၇ နှင့် အဓမ္မအလုပ်ခိုင်း စေခြင်းဆိုင်ရာ ပြ ဋ္ဌာန်းချက်အမှတ် ၂၉ တို့ကို ကျူးလွန်ချိုးဖောက်မှုများကြောင့် ပုဒ်မ ၃၃ (Article 33 ) အရ အရေးယူရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ဟု သိရသည်။
စစ်အုပ်စုကို အရေးယူရေး ဆုံးဖြတ်ချက်ချနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၏ သုံးပွင့်ဆိုင်ကိုယ်စားလှယ် အဖွဲ့ ကိုယ်စား မြန်မာနိုင်ငံအလုပ် သမားတပ်ပေါင်းစု (MLA/CTUM) မှ ဦးမောင်မောင်က ညီလာခံတွင် ကနဦးအဖွင့်အမှာစကားတွင် တိုက် တွန်းခဲ့ကြောင်း အသိပေးသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဒုတိယကိုယ်စားလှယ်၊ အမျိုးသားညီညွတ်ရေးအစိုးရ၏သုံးပွင့်ဆိုင်အဖွဲ့ဝင်၊ အလုပ်သမားကိုယ်စားလှယ်ဒေါ်ဖြိုးစန္ဒာစိုး(MLA/CTUM)က စစ်အုပ်စု၏အခြေခံအလုပ်သမားအခွင့်အရေး၊ လူ့အခွင့် အရေးချိုးဖောက်မှုများ၊အနိုင်ကျင့် ဖိနှိပ်မှု များ၊ အကြမ်းဖက်လုပ်ရပ်များကို ဖွင့်ချခဲ့သည်။
Article 33 အရ အရေးယူခြင်းသည်လက်စားချေခြင်းမဟုတ်ဘဲ မြန်မာပြည်သူလူထု၏ ဂုဏ်သိက္ခာ၊ တရားမျှတမှု၊ မြန်မာပြည်သူလူထုများ၏ တိုးတက်ရေး၊ ဘဝပြန်လည်တည်ဆောက်ရေးအတွက် ဖြစ်ကြောင်း ဒေါ်ဖြိုးစန္ဒာစိုးကပြောခဲ့သည်။
ညီလာခံသို့ မြန်မာပြည်သူလူထုအား ကိုယ်စားပြုသည့်အမျိုးသားညီညွတ်ရေးအစိုးရ၊အလုပ်သမားဝန်ကြီး ဌာန ဦးဆောင်သည့် အစိုးရ၊ လုပ်ငန်းရှင်၊ အလုပ် သမား ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုများနှင့် အခြေခံအခွင့် အရေးများ ပြန်လည်ရရှိရေး ကြိုးပမ်းဆောင်ရွက်မှုများတွင် ယခုကဲ့သို့ သမိုင်းတွင်မည့် ဆုံးဖြတ်ချက်တစ်ရပ်ချမှတ်လိုက်ခြင်းဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။
မြန်မာပြည်သူလူထုနှင့်အတူ ILO အဖွဲ့ဝင်နိုင်ငံများမှ အစိုးရ၊အလုပ်ရှင်၊အလုပ်သမားကိုယ်စား လှယ်များ၊ နိုင်ငံတကာတွင် ရှိနေသည့် အလုပ်သမားများ၊အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များ၊ခေါင်းဆောင်များက မြန်မာပြည်သူလူထုနှင့်အတူတသားတည်းရပ်တည်ကြောင်းပြသခဲ့ခြင်းဟု NUG ကအသိပေးသည်။
စစ်အုပ်စုကို Article 33 အရ အရေးယူမည့်ကိစ္စကို အဆိုတင်သွင်းသည့်အခါတွင် မြန်မာစစ်အုပ်စုနှင့် တကမ္ဘာလုံးကို နိုင်ထက်စီးနင်းပြု၊ အနိုင်ကျင့်ရန် ကြိုး စားနေသည့် ရုရှား၊ ဘီလာရုစ်၊ လာအို၊ တရုတ်နိုင်ငံတို့က ကန့်ကွက်ခဲ့ကြသည်။
သို့သော် ယခုညီလာခံသို့တက်ရောက်လာကြသည့် အလုပ်ရှင်ကိုယ်စားလှယ်များ၊အလုပ်သမားကိုယ်စားလှယ်များ၊ နိုင်ငံတကာမှတက်ရောက်လာကြသည့် စီးပွားရေးကိုယ်စားလှယ်များမှ မြန်မာလူထုနှင့်အတူ တခဲနက် ထောက်ခံခဲ့ကြောင်းသိရသည်။
Article 33 ဆုံးဖြတ်ချက်အောင်ပွဲသည် တကမ္ဘာလုံးတွင် ရှိနေကြသည့် စစ်အုပ်စုနှင့် စစ်အုပ်စု၏ အပေါင်း ပါများကို လက်နက်ရှိတိုင်း နိုင်ထက်စီးနင်း လုပ် ဆောင်၍ မရကြောင်းကို သက်သေပြနိုင်ခဲ့ကြောင်း ဖော်ပြသည်။
မြန်မာပြည်သူများအတွက် နိုင်ငံတကာထံ အကြိမ် ကြိမ်အကူအညီတောင်းခံခဲ့သော်လည်းတုံ့ပြန်ဆောင် ရွက်မှုနှင့် ပူးပေါင်းပါဝင်မှု နှေးကွေးနေသော်လည်း ဒီမိုကရေစီစနစ်ကို အပြည့်အဝ လက်ခံကျင့်သုံးသည့်ILOသုံးပွင့်ဆိုင်ယန္တရားတွင် တည်ရှိနေသည့် နိုင်ငံ တကာ အစိုးရများ၊ အလုပ်ရှင်များ၊ အလုပ်သမားများ အနေဖြင့် မြန်မာပြည်သူလူထု၏ ဘဝကို မျက်ကွယ်ပြုမထားဘဲ တသားတည်း ရပ်တည်ပြီး စစ်အုပ်စုအနေဖြင့် နိုင်ထက်စီးနင်း ပြုနေမှုများကို မည်သူကမျှ လက်မခံနိုင်ကြောင်းကို ပြတ်ပြတ် သားသား ပြသနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။
ကျင်းပလျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ အလုပ် သမားရေးရာ ညီလာခံသို့ သွားရောက်တိုက်ပွဲဝင်နေသူများတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ် သမားဝန်ကြီးဌာန ဦးဆောင်သည့် သုံးပွင့်ဆိုင်ကိုယ် စားလှယ် အဖွဲ့ဝင် အခွင့်အရေးချိုးဖောက်ခံနေရသည့် အဖိနှိပ်ခံ အလုပ်ရှင် နှင့် အလုပ်သမားကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးတင်ပြခဲ့ကြောင်းသိရသည်။
