“တော်လှန်ရေးခံယူချက်ကတော့PSLF/TNLAသည် စစ်အာဏာရှင် ကျဆုံးတဲ့အထိ အမြဲ အတူ တည်ရှိမှာ ဖြစ်ပါတယ်။” -TNLAပြောရေးဆိုခွင့်ရှိသူ
ဇွန်-၅၊၂၀၂၅။ရဲခေါင်၊ထားမြတ်/ People’s Spring
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)အနေဖြင့်ပြည်သူနှင့်အတူရပ်တည်နေကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ထပ်မံ အသိပေးပြီး အကယ်၍ စစ်ကောင်စီနှင့်တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာပါကလည်း ယခင်ဆွေးနွေးမှုအတိုင်း ရပ်တည်ဆွေးနွေးသွားမည်ဟု ပြောကြားသည်။
PSLF/TNLAက လက်ရှိ စစ်ရေး ၊နိုင်ငံရေးဆိုင်ရာများနှင့်ပတ်သက်၍ဇွန်လ ၅ရက်၌ သတင်းစာ ရှင်းလင်းပွဲဲတွင်အထက်ပါအတိုင်း ထပ်မံအသိပေးပြောကြားခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံဆွေးနွေးရေးလုပ်ဆောင်ရာ၌ ပြည်သူလူထုအ

Public Service Announcement
တွက် ဦးတည် ပြီးဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုတွင် ရောက်သည့်နေရာမှာ ချက်ချင်း အပစ်ရပ်ရန် ထိုးစစ်၊တိုက်ခိုက်မှုများရပ်ရန် နှင့် လူထု စားဝတ်နေရေး ဖြေရှင်းနိုင်ရေး ဖြတ်သန်းသွားလာမှုများ ပြုလုပ်ခွင့်ရရန် အချက်များကိုသာ TNLA ဘက်က ဆွေးနွေးခဲ့ဟုပြောပြသည်။
“ဆက်လက်ပြီးတော့မှတကယ်လို့တွေ့ဆုံမှု ဖြစ်လာတယ်ဆိုရင်လည်း ဒီအချက်ကိုပဲ အခြေခံပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု လွေးယေဦးက ပြောကြားသည်။
ထိုအချက်များမှာလည်းလူထု၏အခက်အခဲ အကြပ်အတည်း ကျော်လွှားနိုင်ရန် အတွက်သာဖြစ်ဟုဆိုသည်။
တရုတ်အစိုးရ၏စီစဉ်မှုဖြင့် TNLA နှင့်စစ်ကောင်စီ တို့သည် ဧပြီလကုန်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ရာ TNLAက အထက်ပါအတိုင်းရပ်တည်ဆွေးနွေးခဲ့သော်လည်း စစ်ကောင်စီက TNLA သိမ်းပိုက်နယ်မြေများမှ ဆုတ်ခွာပေးရန် တောင်းဆိုခဲ့ရာ ဆွေးနွေးပွဲ မအောင်မြင်ခဲ့ဟု TNLA ကထုတ်ပြန်သည်။
ဩဂုတ်လတွင်ထပ်မံတွေ့ဆုံရန်စီစဉ်ထားကြောင်းလည်း TNLAက အသိပေးပြီးTNLA အဖွဲ့၏ရပ်တည်ချက်ကိုလည်း ယခုသတင်းစာရှင်းလင်းပွဲ၌ ထပ်မံ ပြောခဲ့သည်။
“တော်လှန်ရေးခံယူချက်ကတော့PSLF/TNLAသည် စစ်အာဏာရှင် ကျဆုံးတဲ့အထိ အမြဲ အတူ တည်ရှိမှာ ဖြစ်ပါတယ်။ ကျမတို့ မျှော်မှန်းချက်ကလည်း မြန်မာနိုင်ငံ တဝှမ်းလုံးမှာ စစ်အာဏာရှင် ဖိနှိပ်မှု စစ်အာဏာရှင် အုပ်ချုပ်မှု စနစ်ကနေကင်းဝေးပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်မှာ ဖြစ်ပါတယ်” ဟု လွေးယေဦးက ပြောသည်။
လက်ရှိကာလမှာတော်လှန်ရေးကာလဖြစ်၍ သူ့အရွေ့နှင့်ညသူသွားနေသည်ဟုလည်း ၎င်းက ဆက်ပြောပြသည်။
လက်ရှိတွင် စစ်ကောင်စီက အပစ်ရပ်ကြေညာထားသော်လည်း နောင်ချိုမြို့နယ်ကို ရပ်စောက်ကျောက်ဂူဘက်မှ တဆင့် စစ်အင်အားဖြည့်တင်းမှု၊ လေကြောင်းမှ လက်နက်ခဲယမ်းဖြည့်တင်းမှု ၊ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေဟု TNLAကပြောသည်။
နောင်ချိုတွင်လည်း တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု၊လက်နက်ကြီးပစ်ခတ်မှုများရှိနေ၍ လူထုများ၏ လုံခြုံရေးအတွက် လုံခြုံရေးဆိုင်ရာ လမ်းညွှန်ချက်များ လိုက်နာဆောင်ရွက်ရန် လုံခြုံရေးသတိရှိရန် စစ်ရေးသတိအမြဲရှိရန် TNLA ပြောရေးဆိုခွင့်ရှိသူကတိုက်တွန်းသည်။
