close
Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့တွင် ​ပေါက်ကွဲသံအချို့ထွက်​ပေါ်၊ စစ်​ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်​ရေးမှူး​သေနတ်ဖြင့်ပစ်ခံရ

မြန်မာ-ထိုင်းနယ်စပ်မြဝတီမြို့တွင်ယ​နေ့ည၌ပေါက်ကွဲသံအချို့ကြားရကြောင်း ဒေသခံများက ပြောသည်။

မြဝတီမြို့ နှင့်အနီးဝန်းကျင်ကို Google Earth တွင်​တွေ့ရပုံ

ဇွန်-၄၊၂၀၂၅။ရဲခေါင်/People’s Spring

မြန်မာ-ထိုင်းနယ်စပ်မြဝတီမြို့တွင်ယ​နေ့ည၌ပေါက်ကွဲသံအချို့ကြားရကြောင်း ဒေသခံများက ပြောသည်။

ယနေ့(ဇွန်လ ၄ ရက်) ည ၉ နာရီခွဲခန့်ကစ၍ သုံးကြိမ်ထက်မနည်း ပေါက်ကွဲသံများကြားရခြင်းဟု ​ဒေသခံတဦးက​ပြောသည်။

“၉ နာရီခွဲလောက်က သုံးချက်လောက်ကြားရတာ။မဲကနယ်တိုးချဲ့ကွက်သစ်ထဲကျတယ်လို့ လော လောဆယ်သိရတယ်”ဟု မြဝတီမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

မြဝတီမြို့မှစစ်​ရေးသတင်းရင်းမြစ်တဦးက မြဝတီမြို့ရှိစစ်​ကောင်စီ၏ ခလရ ၂၇၅ တပ်ရင်း ကပစ်ခတ်ခဲ့ခြင်းဟု လူမှုကွန်ယက်တွင်အသိပေး​ရေးသားထားသည်။မြဝတီမြို့ တွင် စစ်တပ်၏ ခလရ (၂၇၅)တပ်ရင်းသာကျန်ရှိ​တော့ပြီး မြဝတီမြို့​တောင်ဘက်ရှိ နယ်စပ်မှစစ်တပ်စခန်းများကို​တော်လှန်​ရေးတပ်များကဆက်တိုက်သိမ်းပိုက်​နေရာထိုင်းဘက်ထွက်​ပြေး​သောစစ်သားများမှာ ခလရ (၂၇၅)သို့​ရောက်​နေကြသည်​။ထိုင်းစစ်တပ်က မြဝတီမြို့မှတဆင့်ပြန်လွှဲရာ ခလရ (၂၇၅)တွင်စုမိ​နေပြီး ယခင်အင်အားဖြင့်ဆိုရင် အင်အားရာချီရှိ​နေ​ကြောင်း သိရသည်။

“မြစန္ဒီရွာဘက်ကို ၁၂၀ မမနဲ့ ပစ်တာ။အနှေးနဲ့အမြန် ပြန်ဖြစ်ကြတော့မယ်ထင်တယ်”ဟု ၎င်းက ပြောသည်။

အခြား မြဝတီမြို့ခံနှစ်ဦးကလည်း ပေါက်ကွဲသံအချို့ကြားရသည်ဟု​ပြောသည်။

“လကုန်ရက်ကတော့ လက်နက်ကြီးနဲ့ ပစ်ကြတာ မှန်တယ်။အခုည ဖြစ်စဥ်ကတော့ မသိရသေးဘူး။ဘယ်နားမှာ ဖြစ်တာ မနက်မှ အ​သေးစိတ်ကြားရမယ်ထင်တယ်”ဟု မြဝတီ မြို့ခံတစ်ဦးက ပြောသည်။

မေလ၃၁ရက်ညပိုင်းကလည်း ခလရ (၂၇၅)တပ်ရင်းကို တော်လှန်ရေးတပ်များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောထားသည်။

ထို့အပြင် ဇွန်လ ၄ ရက်နေ့လယ်ပိုင်းတွင် မြဝတီမြို့၏ စစ်ကောင်စီခန့် (၇) ရပ်ကွက် အုပ်ချုပ်ရေးမှူးလှဝင်း ​သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားပြီဟု​ဒေသတွင်းသတင်းဌာနအချို့က​ပြောသည်။သို့​သော် မည်သူ ၊မည်သည့်အဖွဲ့အစည်းက​ပစ်ခတ်သည်ကိုမူမသိရ​သေး​ပေ။

KNU ဦိးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များက၂၀၂၄ ဧပြီလဆန်းပိုင်းင မြဝတီမြို့နယ် သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီ၏ ခမရ(၃၅၅)၊ ခမရ(၃၅၆)၊ ခမရ (၃၅၇) အပါအဝင် သင်္ဃန်းညီနောင်ဗျူဟာကို တိုက် ခိုက်သိမ်းပိုက်ခဲ့သည်။မြဝတီမြို့အဝင်ရှိိ ခလရ(၂၇၅)ကိုပါ ခတ္တသိမ်းပိုက်ခဲ့သည်။

သို့သော် စစ်ကောင်စီ၏ထောင်ချောက်အတွင်းမကျရန် မြဝတီမြို့မှ ယာယီဆုတ်ခွာခဲ့ကြောင်း ယမန်နှစ်ဧပြီလနောက်ဆုံးပတ်တွင်KNU ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတာနီးက ရှင်းလင်းထားသည်။ ကရင်နယ် ခြားစောင့်တပ် BGF အကူအညီဖြင့် ခလရ ၂၇၅ ၌ စစ်ကောင်စီက ပြန်လည်တပ်စွဲ နိုင်ခဲ့သည်။

မြဝတီမြို့​တောင်ဘက်ပိုင်းရှိ မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်မှဘလယ်ဒို၊ ကနဲလေး၊ ရွှေအေးမြိုင် ၊ ဘုရင့်နောင်၊ မော်ခီးနှင့် သေ့ဘောဘိုးစသော စစ်ကောင်စီစခန်းများကို KNLA ဦး​ဆောင်​သောပူး​ပေါင်းတပ်များကဆက်တိုက်သိမ်းပိုက်လျှက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းသပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေကဒီကနေ့(ဇွန်လ ၄)မှာစစ်အာဏာရှင်စနစ်ကိုဆန့်ကျင်​ကြောင်းနဲ့ စစ်ကောင်စီကို ILO ပုဒ်မ ၃၃ အရအရေးယူနိုင်ရေးတောင်းဆိုတဲ့ဆန္ဒပြပွဲတွေသပိတ်အဖွဲ့တွေကပြုလုပ်ခဲ့ကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ပုဂံမြို့သစ်၊ဂန့်ဂါရပ်ကွက်မှာ စစ်ကောင်စီလက်အောက်ခံ ပျူ​စောထီးခေါင်းဆောင် အပါအဝင် လူ ၉ ဦး​သေဆုံးခဲ့တဲ့ ပစ်​ခေတ်မှုနဲ့ ပတ်သက်ပြီး ပစ်ခတ်ခဲ့တဲ့ထနောင်းမြေစစ်ကြောင်း နဲ့ စစ်​​ကောင်စီဘက်က​ပြောဆိုမှု​တွေ နှစ်ဘက်ကွဲလွဲ​နေပါတယ်။

အတွေးအမြင်

ဟိုးတစ်ချိန်က ရန်ကုန်ကို “အရှေ့တိုင်းရဲ့” (Pearl of East) လို့ခေါ်ခဲ့ကြတယ်လို့ဖတ်ဖူးပါတယ်။ တချို့ကလည်း “အာရှတိုက်ရဲ့ပဲရစ်” (Paris of the East) လို့တောင်ညွှန်းခဲ့ကြပါသတဲ့။

သတင်း

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၃)မှာ စစ်ကောင်စီကို ILO ပုဒ်မ ၃၃ အရ အရေးယူနိုင်ရေး ​တောင်းဆိုတဲ့ဆန္ဒပြပွဲတွေသပိတ်အဖွဲ့​တွေကပြုလုပ်ခဲ့ကြပါတယ်။

Facebook