close
Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်မြို့ပြင်သပြေကုန်းရွာဘုန်းကြီးကျောင်းတွင်တပ်စွဲထား​သော စစ်စခန်းကို ကရင်နီတပ်​ပေါင်းစုတိုက်ခိုက်

စစ်ကူစစ်​ကြောင်းကိုပါဖြတ်​တောက်တိုက်ခိုက်ပြီး ​သေနတ် ၈ လက်ရရှိ

စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့် ကရင်နီတပ်​ပေါင်းစုကို​တွေ့ရစဥ်။ဓါတ်ပုံ-KNDF ဗျူဟာ(၂)

ဇွန်-၅၊၂၀၂၅။ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့၊သပြေကုန်းရွာဘုန်းကြီးကျောင်း၀န်းအတွင်းရှိ စစ်ကောင်စီ တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ ၂၀ ဦးထက်မနည်းသေပြီး လက်နက် ရှစ် လက်ရရှိကြောင်း KNDF ဗျူဟာ (၂) က ယနေ့(ဇွန်လ ၅ ရက်)တွင်ထုတ်ပြန်သည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဗျူဟာအမှတ်-၂ တပ်ရင်းများနှင့် မဟာမိတ်တပ်ပေါင်းစုတို့သည် သပြေကုန်းရွာဘုန်းကြီးကျောင်း၀န်းအတွင်း အခိုင်အမာတပ်စွဲထားသော စစ်ကောင်စီတပ်စခန်းအား ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းဟုသိရသည်။

စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့် ကရင်နီတပ်​ပေါင်းစုကို​တွေ့ရစဥ်။ဓါတ်ပုံ-KNDF ဗျူဟာ(၂)

စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်စဉ်စစ်ကူစစ်ကြောင်းအားကြားဖြတ်တိုက်ခိုက်ရာ MA-1 ငါးလက်၊ AK-47 တစ်လက်၊ MA-4 တစ်လက်၊ RPG တစ်လက် နှင့် အခြားလက်နက်ခဲယမ်းများ သိမ်းယူရရှိခဲ့ကြောင်း​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး မဟာမိတ်ပူးပေါင်းတပ်ဘက်မှ ရဲဘော်နှစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဖော်ပြသည်။

“ဒီလ ၃ ရက်နေ့က တိုက်ပွဲပါ။တိုက်တာက လွိုင်ကော်မြို့ပြင်ကစကစ စခန်းကို။အဲဒီအချိန် လွိုင်ကော်မြို့ ကနေ စကစ စစ်ကူတက်လာတာကိုပါထပ်တိုက်နိုင်ခဲ့တဲ့ မျိုးလို့သိရတယ်”ဟု ကရင်နီစစ်​ရေးသတင်းရင်း မြစ်က လူထုနွေဦးသို့ပြောသည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီစခန်းသည် လွိိုင်ကော်-မိုးဗြဲလမ်းခွဲအနီးရှိကာ ဆီဆိုင်မြို့သို့သွားသည်လမ်းပိုင်းပေါ်တွင်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီသည် မိုးဗြဲ-လွိုင်ကော် လမ်းပိုင်းကို ထိန်းချုပ်နိုင်ရန် မိုးဗြဲ မြို့ကို ထိုးစစ်ဆင်​နေသည် မှာငါးလကျော် နေပြီဖြစ်ပြီး တော်လှန်ရေးတပ်ပေါင်းစုက ခုခံကာကွယ်နိုင်နေဆဲ ဖြစ်သည်။

လက်ရှိ ကရင်နီပြည်နယ်တွင် ဘောလခဲ နှင့် ဖားဆောင်းမြို့နယ်တို့တွင်လည်း တိုက်ပွဲ ဖြစ်ပွားမှုများရှိကာ ကရင်နီတပ်ပေါင်းစုက စစ်တပ်၏ ကာကင်းစခန်းအချို့ကိုသိမ်းပိုက်ရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောက်ဘက် ၊ ဒေါနတောင်တန်းအရှေ့ခြမ်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ ကနဲလေး စခန်းအပါအဝင် တပ်စခန်း ၄ ခုကို KNU တပ်မဟာ (၆) ဦးစီးတဲ့ ပူးပေါင်းတပ်က တိုက်ခိုက်နေပြီလို့ ကရင်စစ်ရေးသတင်းရင်းမြစ်ထံကသိရပါတယ်။

သတင်း

ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်း တစ်ခုကို မေလ ၂၀ ရက်နေ့မှာ ကရင် လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေက သိမ်းယူနိုင်ခဲ့ကြောင်း ထိုင်းသတင်းဌာန Enquirerက ဖော်ပြသွားခဲ့ပါတယ်။

သတင်း

တိုက်ခိုက်မှု ၂၄၃ ခုထဲမှာ ၁၇၁ ကြိမ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေဖြစ်

သတင်း

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့မရဲစခန်းကို ယနေ့(ဧပြီ ၂၀) ညတွင် တိုက်ခိုက်ခံရပြီး နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Facebook