close
Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဒဏ်သင့် ပြည်သူတွေဆီ ရိက္ခာဖြန့်ဖြူးပေးဖို့ ယူရိုငါးသန်းကို WFP ကတဆင့် EU ထောက်ပံ့

ငလျင်ဒဏ်သင့်ဒေသက မြန်မာလူထုအတွက် စားနပ်ရိက္ခာ ထောက်ပံ့ဖို့ ဥရောပသမဂ္ဂ (EU) က ရန်ပုံငွေ ယူရို ၅ သန်းကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အဖွဲ့ကြီး (WFP) ကတဆင့် ပေးအပ်သွားမယ်လို့ သိရပါတယ်။

ဓာတ်ပုံ - WFP Myanmar

ဇွန် – ၅ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

ငလျင်ဒဏ်သင့်ဒေသက မြန်မာလူထုအတွက် စားနပ်ရိက္ခာ ထောက်ပံ့ဖို့ ဥရောပသမဂ္ဂ (EU) က ရန်ပုံငွေ ယူရို ၅ သန်းကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အဖွဲ့ကြီး (WFP) ကတဆင့် ပေးအပ်သွားမယ်လို့ သိရပါတယ်။

ဥရောပသမဂ္ဂ က ပေးလာတဲ့ အဲဒီ ရန်ပုံငွေ နဲ့ ငလျင်ဘေးဒဏ်အဆိုးရွားဆုံး ခံစားခဲ့ရသူတွေအတွက် စားနပ်ရိက္ခာ ဒါမှမဟုတ် ရိက္ခာ ဝယ်ဖို့ ငွေသားအကူအညီပေးအပ်သွားမယ်လို့ WFP က ဆိုပါတယ်။

ဒါအပြင် ကလေးတွေနဲ့မိခင်တွေအတွက်ပါ အထူးအာဟာရ အထောက်အပံ့တွေပေးအပ်သွားမယ်လို့ ဇွန်လ ၄ ရက်မှာ WFP က သတင်းထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

အထောက်အပံ့အကူအညီလိုအပ်နေသူတွေထံ တိုက်ရိုက်ပေးအပ်သွားမှာဖြစ်ပြီး ဒေသခံ မိတ်ဖက်တွေ၊ အစိုးရ မဟုတ်တဲ့ NGO တွေနဲ့ လက်တွဲဆောင်ရွက်မယ်လို့ WFP က အသိပေးပါတယ်။

မန္တလေး တိုင်း ဆီ မကြာသေးခင်က EU နဲ့ WFP က တာဝန်ရှိသူတွေ ကွင်းဆင်းလေ့လာရာမှာ ငလျင်ဒဏ်သင့် ပြည်သူတွေ ​ရင်ဆိုင်နေရတဲ့အခက်အခဲတွေ ကိုတွေ့ရပြီးနောက် အခုလို ရန်ပုံငွေ ရရှိလာတာလို့ WFP က ဆိုပါတယ်။

WFP ဟာ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်တောင်ပိုင်း၊ နေပြည်တော်အပါအဝင် ငလျင်ဒဏ်သင့် ဒေသတွေက လူဦးရေလေးသိန်းခန့်ဆီ အရေးပေါ် စားနပ်ရိက္ခာ အကူအညီတွေ ပေးအပ်နိုင်ခဲ့တယ်လို့သိရပါတယ်။

ဒါအပြင် လက်ရှိ ဇွန်လဆန်းကစတင်ပြီး နှစ်လတာကာလအတွင်း လူဦးရေ တစ်သိန်းခွဲ ခန့်ကို ထောက်ပံ့ ကူညီပေးသွားမယ်လို့လည်းသိရပါတယ်။

ရန်ပုံငွေမလုံလောက်မှုကြောင့် WFP ဟာ မြန်မာနိုင်ငံက လူဦးရေတစ်သန်းကျော်အတွက် စားနပ်ရိက္ခာ အထောက်အပံ့တွေကို ပြီးခဲ့တဲ့ ဧပြီလကတည်း က ဖြတ်တောက်ခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ငလျင်သင့်ဒေသတွေမှာ စစ်ကောင်စီက စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ရာ စာသင်ဆောင်တွေ မလုံလောက်လို့ ကျောင်းသူ ၊ကျောင်းသားတွေ နှစ်သုတ်ခွဲပြီး ကျောင်းတက်နေရပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့တွင် မြေအနက် တစ်မိုင်ကျော်ကို ဗဟိုပြု၍ ရစ်ချ်တာစကေး ၄ ဒသမ ၅အဆင့်ရှိ ငလျင် ယနေ့ နေ့လည်ပိုင်း၌ လှုပ်ရှားသွားပြီး အလွန်ပြင်းထန်ကြောင်း ဒေသခံများကပြောသည်။

ဆောင်းပါး

မန္တလေးမြို့တ​​​နေရာက ဘုန်းကြီးကျောင်းဝင်းတဝင်းထဲမှာရှိတဲ့ ယာယီတဲအိမ်လေးထဲကနေ အသက် လေးဆယ်အရွယ် မဖြူ(အမည်လွှဲ)တယောက် ခပ်လှမ်းလှမ်းက ပြိုလုလု အဆောက်အအုံတခုကို လှမ်းငေးပြီး ကြည့်နေတယ်။ အဲဒီအဆောက်အအုံကတော့ မဖြူတို့နေခဲ့တဲ့ သုံးထပ် တိုက်လေးဖြစ်ပြီး ပြီးခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးမှာ နောက်ကျွံကျကာ ပျက်စီးသွားခဲ့တာပါ။

ဆောင်းပါး

မတ်လက ငလျင်ကြီးလှုပ်ခတ်အပြီး တစ်လကျော်ပိတ်ထားခဲ့ရသည့် စတိုးဆိုင်အား ပြန်ဖွင့်ရန်ပြင်ဆင်သည့်အခါ မငယ်လေးတစ်ယောက် အကြပ်ရိုက်နေသည်။

Facebook