close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို ILO ပုဒ်မ ၃၃ အရ အရေးယူနိုင်ဖို့ စစ်ကိုင်းတိုင်းမှာ ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းသပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေကဒီကနေ့(ဇွန်လ ၄)မှာစစ်အာဏာရှင်စနစ်ကိုဆန့်ကျင်​ကြောင်းနဲ့ စစ်ကောင်စီကို ILO ပုဒ်မ ၃၃ အရအရေးယူနိုင်ရေးတောင်းဆိုတဲ့ဆန္ဒပြပွဲတွေသပိတ်အဖွဲ့တွေကပြုလုပ်ခဲ့ကြပါတယ်။

ဇွန် ၄၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းသပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေကဒီကနေ့(ဇွန်လ ၄)မှာစစ်အာဏာရှင်စနစ်ကိုဆန့်ကျင်​ကြောင်းနဲ့ စစ်ကောင်စီကို ILO ပုဒ်မ ၃၃ အရအရေးယူနိုင်ရေးတောင်းဆိုတဲ့ဆန္ဒပြပွဲတွေသပိတ်အဖွဲ့တွေကပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသမှာ လူထုသပိတ်က ဦးဆောင်ပြီး ပြည်သူတွေနဲ့အတူ “Vote ILO Article 33 to save LIVES” စာသားကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဒါ့အပြင်ကျင်းပလျက်ရှိတဲ့ ILOအစည်းအဝေးကြီးကနေပြီး လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှုပေါင်းများစွာ ကျူးလွန်နေတဲ့ စစ်ကောင်စီကိုအရေးယူနိုင်ရေးအတွက် “လူ့အသက်တွေကယ်တင်ဖို့ ILO Article 33 ကိုမဲပေးပါ” ဆိုတဲ့ လူထုလှုပ်ရှားမှုကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက ဒီကနေ့မှာ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဆားလင်းကြီးမြို့နယ်ကျေးရွာတစ်ရွာမှာလည်း တော်လှန်ပုန်ကန်ဒေါင်းတို့အားမာန်သပိတ်စစ်ကြောင်းဟာ “တော်လှန်ရေးရဲ့အဆုံးအဖြတ်ဟာလူထုမှတပါးအခြားမရှိ” ၊ “တော်လှန်ပုန်ကန်ဒေါင်းတို့အားမာန်” စာသားတွေနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း ချီတက်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံတော်လှန်ပြည်သူတွေဟာနယ်မြေမငြိမ်သက်မှုကြားထဲကနေ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဓာတ်ပုံ-စစ်ကိုင်းဒေသသပိတ်အင်အားစု၊ လက်ပံတောင်းသပိတ်

ဆက်စပ်သတင်းများ

သတင်း

မြန်မာ-ထိုင်းနယ်စပ်မြဝတီမြို့တွင်ယ​နေ့ည၌ပေါက်ကွဲသံအချို့ကြားရကြောင်း ဒေသခံများက ပြောသည်။

သတင်း

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ပုဂံမြို့သစ်၊ဂန့်ဂါရပ်ကွက်မှာ စစ်ကောင်စီလက်အောက်ခံ ပျူ​စောထီးခေါင်းဆောင် အပါအဝင် လူ ၉ ဦး​သေဆုံးခဲ့တဲ့ ပစ်​ခေတ်မှုနဲ့ ပတ်သက်ပြီး ပစ်ခတ်ခဲ့တဲ့ထနောင်းမြေစစ်ကြောင်း နဲ့ စစ်​​ကောင်စီဘက်က​ပြောဆိုမှု​တွေ နှစ်ဘက်ကွဲလွဲ​နေပါတယ်။

အတွေးအမြင်

ဟိုးတစ်ချိန်က ရန်ကုန်ကို “အရှေ့တိုင်းရဲ့” (Pearl of East) လို့ခေါ်ခဲ့ကြတယ်လို့ဖတ်ဖူးပါတယ်။ တချို့ကလည်း “အာရှတိုက်ရဲ့ပဲရစ်” (Paris of the East) လို့တောင်ညွှန်းခဲ့ကြပါသတဲ့။

သတင်း

စစ်ကောင်စီအပေါ် ထိရောက်စွာ အရေးယူပေးရန် နိုင်ငံတကာအလုပ်သမားညီလာခံမှ အစိုးရအဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များနှင့် အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များက ဆုံးဖြတ်ချက်ချကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ NUG အလုပ်သမားဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။

Facebook