close
Connect with us

Hi, what are you looking for?

သတင်း

မြစ်ကြီးနား – ရွှေဘိုလမ်းပိုင်းတွင် ခရီးသည်တင်ယာဉ်တစ်စီးအား စစ်တပ်က ဒရုန်းဖြင့် တိုက်ခိုက်၍ ယာဥ်ပေါ်ပါ ဘုန်းကြီးတစ်ပါးအပါအဝင် လေးဦးသေဆုံး၊ ၁၀ဦး ဒဏ်ရာရ

ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံ ပြည်သူ ၁၃၀ ခန့်မှာလည်း ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

(ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံရသည့် ခရီးသည်တင်ကားအား တွေ့ရစဥ်။ဓာတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)
(ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံရသည့် ခရီးသည်တင်ကားအား တွေ့ရစဥ်။ဓာတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မြစ်ကြီးနား – ရွှေဘိုလမ်းပိုင်း၌ စစ်တပ်က ခရီးသည်တင်ယာဉ်တစ်စီးအား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ရာ ယာဥ်ပေါ်ပါ ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူပြီး ခရီးသည် သုံးဦးသေဆုံးကြောင်း သတင်းရရှိသည်။

ယနေ့(နိုဝင်ဘာ ၁၈ ရက်) နံနက် ၇နာရီခွဲခန့်မှ ၈ နာရီ မိနစ် ၂၀ခန့်အတွင်း ကန့်ဘလူမြို့နယ် တောင်ခြမ်းရှိဝဇီးကုန်းသကြားစက်အထိုင်ချစခန်းမှ စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများက ဗုံးသီး ၅လုံးအား နှစ်ကြိမ်ခွဲချ တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်)က ပြောသည်။

အဆိုပါ ဗုံးသီးများမှာ ငွေတိုးမန်း ခရီးသည်တင် ယာဉ်ဘေးတည့်တည့်ကျပြီး ယာဉ်ပေါ်ပါလာသည့် ခရီးသည် ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူခဲ့ကြောင်း၊ ထို့အပြင် အမျိုးသား၂ ဦး၊အမျိုးသမီး တစ်ဦးတို့လည်း သေဆုံးခဲ့​ပြီး အခြားခရီးသွားပြည်သူ ၁၀ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အထက်ပါအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

“လမ်းပေါ်ကိုချတာ။ အဲဒီမှာခရီးသွားတွေထိတာ။ ဘုန်းကြီးတစ်ပါးနဲ့ ပြည်သူ သုံးဦးသေဆုံးတယ်။ ကားနှစ်စီးပျက်စီးတယ်။”ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့၏ တာဝန်ရှိသူကပြောသည်။

စစ်ကောင်စီတပ်နှင့် သင်္ကန်းဝတ်ပျူခေါင်းဆောင် ဝါသဝ၏ပျူများသည် ကန့်ဘလူနှင့် ကျွန်းလှမြို့နယ်တို့တွင် ပြည်သူပိုင်နေအိမ်များအား စစ်ကြောင်းထိုးမီးရှို့ပြီး ပြည်သူများသတ်ဖြတ် ခြင်း၊ ကျေးရွာများအားပစ်မှတ်ထားပြီး ဒရုန်းဖြင့် ဗုံးသီးချခြင်း၊ပျူသင်တန်းတက်ရန် ပြည်သူများအားအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်းများကို လုပ်ဆောင်နေသည်မှာ ၂ ပတ်ကျော်ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။

ထို့အပြင် ၎င်းတို့ ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံ ပြည်သူ ၁၃၀ ခန့်မှာလည်း ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

နိုဝင်ဘာ ၁၆ နှင့် ၁၇ရက်ကလည်း ကန့်ဘလူမြို့နယ်၊အလယ်ခုံရွာနှင့် ကျွန်းလှမြို့နယ် ရွာကုန်းကြီးနှင့် လိပ်ဆင်းတောင်ရွာတို့အား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် နှစ်ရက်ဆက်လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသားတစ်ဦးသေဆုံးပြီး နေအိမ် ၉လုံးနှင့် ကား ၈စီးပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်မူလောဝ်၏ ရုပ်အလောင်းကိုမူ စစ်ကောင်စီနှင့် PNO စစ်ကြောင်းများရှိနေသဖြင့် သွားရောက် သယ်ယူခြင်းမပြုနိုင်သေးကြောင်း သိရသည်။

သတင်း

ဒေသခံပြည်သူ ငါးထောင်ခန့်မှာ အရေးပေါ် ရိက္ခာလိုအပ်ချက်များဖြင့် စစ်ရှောင် နေကြရသည်ဟု ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူများက အသိပေးသည်။

သတင်း

မုံရွာမြို့ပေါ်တွင် စစ်ကောင်စီတပ်က လူငယ်၊ လူရွယ်များအား စစ်မှုထမ်းရန် ဖမ်းဆီးနေပြီး နေဝင်ပြီဆိုသည်နှင့်တပြိုင်နက် နေအိမ်အတွင်း၌သာ နေထိုင်နေရကြောင်း မြို့ခံများက ပြောသည်။

သတင်း

ရုံးစည်ကြီးရဲစခန်းရှိ စစ်အုပ်စုမှာ ​တောင်သာ - မိတ္ထီလာလမ်းပေါ်၌ ဂိတ်ဖွင့်၍ ဖြတ်သန်းသွားလာသောပြည်သူများအား စစ်ဆေးငွေတောင်းလေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

Facebook