close
Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမြို့နယ် ကျေးရွာ ၃ရွာကို စစ်တပ် မီးရှို့ဖျက်ဆီး၊ ဒေသခံတစ်ဦး မီးရှို့သတ်ဖြတ်ခံရ

နိုဝင်ဘာ ၈ ရက်ကလည်း စစ်ကောင်စီတပ်က ဘအင်းသရက်တောရွာအား မီးရှို့ဖျက်ဆီးပြီး အမျိုးသား၂ ဦးအား သတ်ဖြတ်ကာ ၃ ဦးအား ဖမ်းဆီးသွားသည်။

(စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့သည့် ကျောင်းကုန်းရွာအား တွေ့ရစဥ်။ဓာတ်ပုံ-ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)
(စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့သည့် ကျောင်းကုန်းရွာအား တွေ့ရစဥ်။ဓာတ်ပုံ-ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၃ရွာ ထပ်မံ မီးရှို့ဖျက်ဆီးခံရပြီး နေအိမ် ၁၃ဝ ကျော်ပျက်စီကာ ဒေသခံပြည်သူတစ်ဦးလည်း မီးရှို့သတ်ဖြတ်ခံရကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၉ ရက်က အင်အား ၁၂၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ကန့်ဘလူမြို့နယ် ဇီးကုန်းတိုက်နယ်အတွင်းရှိ ကျောင်းကုန်း၊ဖိုလ်ကုန်း နှင့် သပြေသာကျေးရွာတို့အား မီးရှို့ဖျက်ဆီးခဲ့ရာ ကျောင်းကုန်းရွာ နေအိမ် ၄၃ လုံး၊ဖိုလ်ကုန်းရွာမှ နေအိမ် ၂၃ လုံးနှင့် သပြေသာရွာရှိ နေအိမ် ၆၇ လုံး စုစုပေါင်း နေအိမ် ၁၃၃လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

(စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့သည့် ကျောင်းကုန်းရွာအား တွေ့ရစဥ်။ဓာတ်ပုံ-ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)
(စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့သည့် ကျောင်းကုန်းရွာအား တွေ့ရစဥ်။ဓာတ်ပုံ-ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)

ထို့အပြင် သပြေသာကျေးရွာ၌ မီးရှို့သတ်ခံရသည့် ရုပ်အလောင်းတစ်လောင်းတွေ့ရှိခဲ့ရပြီး အခြားပြည်သူတစ်ဦးလည်း ဖမ်းဆီးခံထားရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“မီးရှို့အသတ်ခံရတာက ကျားလားမလား အတိအကျမသိရသေးဘူး။”ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်သည် ကန့်ဘလူခရိုင်တွင်း လှည့်လည်စစ်ကြောင်းထိုးမီးရှို့နေသည်မှာ နှစ်ပတ်နီးပါး ရှိလာပြီဖြစ်ပြီး ဒေသခံပြည်သူ ၈၀၀၀ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

(စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့သည့် ကျောင်းကုန်းရွာအား တွေ့ရစဥ်။ဓာတ်ပုံ-ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)
(စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့သည့် ကျောင်းကုန်းရွာအား တွေ့ရစဥ်။ဓာတ်ပုံ-ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)

နိုဝင်ဘာ ၈ ရက်ကလည်း စစ်ကောင်စီတပ်က ဘအင်းသရက်တောရွာအား မီးရှို့ဖျက်ဆီးပြီး အမျိုးသား၂ ဦးအား သတ်ဖြတ်ကာ ၃ ဦးအား ဖမ်းဆီးသွားသည်။

စစ်ကောင်စီတပ်သ​ည် ကန့်ဘလူမြို့နယ်တွင် နိုဝင်ဘာလဆန်းပိုင်းအတွင်း နေအိမ် ၈၀၀ နီးပါး မီးရှို့ဖျက်ဆီးပြီး ကျေးရွာ ၃ ရွာမှ ဒေသခံပြည်သူ ၉၂ ဦးအား ဖမ်းဆီးသွားကာ ယနေ့အထိ လွတ်မြောက်လာခြင်းမရှိသေးပေ။

ထို့အပြင် အောက်တိုဘာ ၂၈ ရက်က ကာဘိုးကျေးရွာမှ စစ်တပ်ဂိတ်တိုက်ခိုက်ခံရကာ စစ်သား ၃ ဦးသေဆုံးခဲ့ပြီးနောက် ကျေးရွာများ စစ်ကြောင်းထိုးမီးရှို့မှုများ ပြုလုပ်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဘအင်းသရက်တောရွာသည် ၂၀၂၃ ဇန်နဝါရီ ၃၀ ရက်ကလည်း စစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ် ၃၃ လုံး ပြာကျခဲ့သေးသည်။

သတင်း

၂၀၂၄ ဇန်နဝါရီ ၃၁ရက်တွင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ဘုံသဘောထားရပ်တည်ချက်အား ထုတ်ပြန်ကြေညာခဲ့ရာ နိုင်ငံရေး ဦးတည်ချက် ၆ရပ်ကို ဖော်ပြခဲ့သည်။

သတင်း

လေကြောင်းတိုက်ခိုက်မှုကြောင့် အိုင်းမကျေးရွာရှိ နေအိမ် ၆ လုံးခန့်လည်း ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

ပထမတစ်ကြိမ် လေကြောင်းပစ်ခတ်ခံရပြီးနောက် ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်ခဲ့၍ လူထိခိုက်မှုမရှိခဲ့ခြင်းဟု ဒေသခံများက ပြောသည်။