လူထိခိုက်မှုရှိဟုဆို
ရဲခေါင်/People’s Spring
“လအိရွာ အစပ်နား လေယာဉ်ကြဲသွားပါတယ်။ခုလဲ ၂စီးနဲ့ ပတ်နေပါတယ်။သတိထားကြပါဗျာ။အရင် ဘန်ကောက်စစ်ရှောင် နေရာဟောင်းကိုပဲပြန်ကြဲတာပါ”ဟု ဖယ်ခုံအခြေစိုက်စစ်ရှောင်ကူညီနေသူက ပြောသည်။
ဘန်ကောက်စစ်ရှောင်စခန်းသည် ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက် ညပိုင်းကလည်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးငယ်များနှင့် အရပ်သားပြည်သူ ၁၀ ဦးအထိ သေဆုံးခဲ့ရသည်။

Public Service Announcement
ယခုတစ်ကြိမ်တိုက်ခိုက်ခံရမှုတွင်လည်း လူထိခိုက်မှုရှိပြီး အသေးစိတ်အခြေအနေကို စစ်ရှောင်ကူညီသူများက စုံစမ်းနေဆဲ ဖြစ်သည်။
“ပြည်သူ ထိခိုက်မှုရှိတယ်လို့ပဲ ကနဦးသိရပါသေးတယ်”ဟု ဖယ်ခုံမြို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။
တိုက်ပွဲ ဖြစ်ပွားသည့်နေရာမဟုတ်ဘဲ လူထုအပေါ်ပစ် မှတ်ထားသည့် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်ပေါ်ကျူး လွန်သည်ရာဇဝတ်မှုဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)၏ ဦးဗညားက မှတ်ချက်ပြုသည်။
ယခု နိုဝင်ဘာဒုတိယပတ်အထိ ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းဖြင့် တိုက်ခိုက်မှုတို့ကြောင့် (၈)နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သားပြည်သူ (၆) ဥးသေဆုံးခဲ့ရပြီး (၅) ဦး ဒဏ်ရာရထားသည်။
