close
Connect with us

Hi, what are you looking for?

သတင်း

ဗန်မော် – မိုးမောက်ကြားတွင် ယနေ့ တိုက်ပွဲဆက်ပြင်းထန်

စစ်ကောင်စီဘက်က မြေပြင်၊ဝေဟင် ထိုးစစ်အရှိန်မြှင့်လုပ်ဆောင်နေသော်လည်း မိုးမောက်မြို့နှင့် ခမရ(၄၃၇)တပ်ရင်းကို KIAက ထိန်းချုပ်ထားဆဲဖြစ်သည်ဟု ပြောသည်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်အချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်အချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဗန်းမော် – မိုးမောက်မြို့နယ်ကြား (၇)မိုင် အောင်မြေကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်အကြား ယနေ့ (နိုဝင်ဘာ ၁၈ရက်)တွင် တိုက်ပွဲပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဗန်းမော်မြို့မှ စစ်ကောင်စီတပ်များက တင့်ကားများအသုံးပြုပြီး မိုးမောက်မြို့နယ်ဘက် ထိုးစစ်ဆင်နေ၍ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီး ယနေ့တွင် နှစ်ဖက် လက်နက်ကြီးအပြန်အလှန် ပစ်ခတ်နေသည်ဟု သတင်းရင်းမြစ်က ပြောသည်။

“စကစက မိုးမောက်ကို ပြန်လိုချင်တာကတကြောင်း ဗန်းမော်မြို့မကျရှူံးစေရေးအတွက် KIA တပ်ဖွဲ့များရှိနေတဲ့ (၇) မိုင်အောင်မြေကျေးရွာကို ထိုးစစ်ဆင်နေတယ်လို့မြင်ပါတယ်”ဟု သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ နိုဝင်ဘာ ၁၇ရက်ကလည်း တစ်နေကုန် နီးပါး တိုက်ပွဲအလွန်ပြင်းထန်ခဲ့သည်ဟု အခြား သတင်းရင်းမြစ်တစ်ဦးက အောင်မြေကျေးရွာ တိုက်ပွဲ အခြေအနေကို ပြောပြသည်။

စစ်ကောင်စီဘက်က မြေပြင်၊ဝေဟင် ထိုးစစ်အရှိန်မြှင့်လုပ်ဆောင်နေသော်လည်း မိုးမောက်မြို့နှင့် ခမရ(၄၃၇)တပ်ရင်းကို KIAက ထိန်းချုပ်ထားဆဲဖြစ်သည်ဟု ပြောသည်။

KIAသည် ဗန်းမော်မြို့ လုံခြုံရေးအတွက် အရေးပါသည့် ခမရ(၄၃၇)တပ်ရင်းကို ယခုနှစ် ဩဂုတ်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သည် မတ္ထရာမြို့နယ်အနောက် ခြမ်းအား နိုဝင်ဘာ ၉ ရက်ကစတင်ကာစစ်ကြောင်းထိုးခဲ့ပြီး တော်လှန်ရေးအဖွဲ့များနှင့်တိုက်ပွဲများဖြစ်ပွားနေသည်။

သတင်း

တရုတ်စီမံကိန်များရှိရာကျောက်ဖြူမြို့တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) စစ်ရေးအခြေအနေ စတင်တင်းမာနေပြီး KBZ အပါအဝင် ပုဂ္ဂလိကဘဏ်များအားလုံး ပိတ်သွားပြီဟု မြို့ခံအချို့ကပြောသည်။

သတင်း

စစ်ဆင်ရေးအတွင်း BNRAမှ ရဲဘော် ၉ ဦးကျဆုံးပြီး BNRA ရဲဘော် ၁၀ဦးနှင့် GZAမှ ရဲဘော် တစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ထပ်မံ အသိပေးသည်။

သတင်း

ချင်းညီနောင်သည် နိုဝင်ဘာ ၉ရက်ကစ၍ မင်းတပ်နှင့် ဖလမ်းမြို့အခြေစိုက် စစ်ကောင်စီတပ်များကို တိုက်ခိုက်နေကြောင်း အသိပေးထားသော်လည်း စစ်ရေး အခြေအနေ အသေးစိတ်ကို ထုတ်ပြန်ခြင်းမရှိသေးပေ။