close
Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာသိမ်းကာလ ၃နှစ်ကျော်အတွင်း စစ်တပ်က အရပ်သားနေအိမ် တစ်သိန်းကျော် မီးရှို့ဖျက်ဆီး

Data for Myanmar ၏ ထုတ်ပြန်ချက်တွင် မပါသေးသည့် စက်တင်ဘာ၊ အောက်တိုဘာနှင့် ယခုနိုဝင်ဘာလတွင်လည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်ပြုလုပ်နေသည်။

(၂၀၂၂ နိုဝင်ဘာ ၁၃ ရက်က မီးရှို့ခံခဲ့ရသည့် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ထန်းကြီးရွာရှိ ဒေသခံတစ်ဦးက မီးလောင်ပြင်အား ငေးကြည့်နေစဉ်။ ဓာတ်ပု့ - U Pyay - 96Soldiers)
(၂၀၂၂ နိုဝင်ဘာ ၁၃ ရက်က မီးရှို့ခံခဲ့ရသည့် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ထန်းကြီးရွာရှိ ဒေသခံတစ်ဦးက မီးလောင်ပြင်အား ငေးကြည့်နေစဉ်။ ဓာတ်ပု့ - U Pyay - 96Soldiers)

ဇေအောင်/People’s Spring

စစ်တပ်အာဏာသိမ်းကာလ ၃နှစ်ကျော်အတွင်း စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ် တစ်သိန်းကျော် ပျက်စီးခဲ့ရကြောင်း Data for Myanmar အဖွဲ့က ထုတ်ပြန်သည်။

၂၀၂၁ မေလ ၁ ရက်မှ ၂၀၂၄ သြဂုတ် ၃၁ ရက်အထိ စစ်ကောင်စီတပ်နှင့် ၎င်း၏လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်ပေါင်း ၁၀၁,၄၇၄ လုံး ပျက်စီးခဲ့ကြောင်း Data for Myanmar အဖွဲ့က အသိပေးသည်။

ယင်းအနက် စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ပြီး ၇၃,၃၅၁ လုံး မီးရှို့ဖျက်ဆီးခံရကာ တစ်နိုင်ငံလုံး မီးရှို့ဖျက်ဆီးခံရသည့်အရေအတွက်၏ ၆၉ ရာခိုင်နှုန်းရှိကြောင်း Data for Myanmarက ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်နှင့် ချင်းပြည်နယ်တို့တွင်လည်း အရပ်သားနေအိမ် ၂၆,၈၅၃ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း Data for Myanmar အဖွဲ့က ထပ်မံအသိပေးသည်။

Data for Myanmar ၏ ထုတ်ပြန်ချက်တွင် မပါသေးသည့် စက်တင်ဘာ၊ အောက်တိုဘာနှင့် ယခုနိုဝင်ဘာလတွင်လည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်ပြုလုပ်နေသည်။

အောက်တိုဘာနှင့် နိုဝင်ဘာအတွင်း စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် အိမ်ခြေ ၅၀၀ ကျော်၊ ကန့်ဘလူခရိုင်တွင် အိမ်ခြေပေါင်း ၈၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး အကူအညီများလိုအပ်နေကြောင်း ဒေသတွင်းစစ်ရှောင်ကူညီနေသူများက ပြောသည်။

“သူတို့က သာမန်စစ်ရှောင်ထက်ဆိုးတယ်။ သာမန်စစ်ရှောင်က အိမ်ကျန်တယ်။ သူတို့ကျတော့ မီးပါအရှို့ခံရတော့ အကုန်လုံး ဘာမှကိုမကျန်တော့တာ။”ဟု S&C မီးဘေးစစ်ဘေးပညာရေး ထောက်ပံ့ကူညီရေးအဖွဲ့က ကိုစိုးမိုးအောင်က ပြောသည်။

လက်နက်ကိုင်ခုခံစစ်အားကောင်းသည့်နယ်မြေ၊ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့်မြို့ရွာဒေသများ၊ တော်လှန်ရေးအင်အားစုများကိုထောက်ခံသည့် ကျေးရွာများအား မီးရှို့ဖျက်ဆီးသည့်အပြင် လက်နက်ကြီး၊ လေကြောင်းနှင့် စစ်သင်္ဘောများ၏ ပစ်ခတ်မှုကြောင့်လည်း နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း Data for Myanmarက သုံးသပ်သ​ည်။

စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ၂၀၂၁က နေအိမ်ပေါင်း ၂,၁၁၁လုံး၊ ၂၀၂၂တွင် ၄၆,၈၅၆ လုံး၊ ၂၀၂၃တွင် ၃၁,၄၈၄ လုံး၊ ၂၀၂၄ ခုနှစ် ဇွန်လအထိ နှစ်ဝက်အတွင်း ၁၄,၉၆၂ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း Data for Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် လအိကျေးရွာရှိ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီက ယနေ့(နိုဝင်ဘာ ၁၈ရက်)နေ့လည်ပိုင်းတွင် လေကြောင်း တိုက်ခိုက်ခဲ့သည်။

သတင်း

ည ၁၁ နာရီ ၄၇ မိနစ်အချိန်တွင်ကွတ်ခိုင်မြို့၊ အမှတ် ၃ ရပ်ကွက်နှင့် အမှတ် ၄ ရပ်ကွက်ကြား၊တရုတ်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဘေးရှိ လူနေအိမ်များပေါ်သို့ စစ် ကောင်စီက လေကြောင်းမှ ဗုံးကြဲခြင်းဟု မြို့ခံတစ်ဦးကပြောသည်။

သတင်း

တိုက်ပွဲပြင်းထန်မှုကြောင့် စစ်ကောင်စီတပ်သည် လေကြောင်းပစ်ကူရယူခဲ့ရပြီး နှစ်ဖက်ထိခိုက်မှုအချို့ရှိကာ မြေပြင်အချက်အလက်ကိုမူ လူထုနွေဦးအနေဖြင့် စုံစမ်းဆဲဖြစ်သည်။

သတင်း

ကရင်နီပြည်နယ်သို့ စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ဖြည့်တင်းနေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဒုစစ်ဦးစီးချုပ်မာဝီက ပြောသည်။

Facebook