close
Connect with us

Hi, what are you looking for?

သတင်း

ရခိုင်ပြည်နယ်တိုက်ပွဲ တစ်နှစ်တာအတွင်း စစ်ကောင်စီတပ်သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၇၀၀ကျော် သေဆုံး

တောင်ကုတ်မြို့နယ်၊ ရန်ခိုကျေးရွာကို နိုဝင်ဘာ ၁၄ ရက် နံနက် ၃ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ပြီး လက်နက်ကြီးဖြင့်ပစ်ရာ အရပ်သား ၄ ဦးသေဆုံးခဲ့သည်။

(ရခိုင်ပြည်နယ်တိုက်ပွဲ တစ်နှစ်တာအတွင်း စစ်ကောင်စီတပ်​၏ ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ။ ဓာတ်ပုံ - AA)
(ရခိုင်ပြည်နယ်တိုက်ပွဲ တစ်နှစ်တာအတွင်း စစ်ကောင်စီတပ်​၏ ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ။ ဓာတ်ပုံ - AA)

အိမ်သွင်/People’s Spring

ရခိုင်ပြည်နယ်တိုက်ပွဲ တစ်နှစ်တာအတွင်း စစ်ကောင်စီတပ်သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၇၀၀ကျော်သေဆုံးခဲ့ကြောင်း အာရက္ခတပ်တော်(AA)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ယနေ့သတင်း ထုတ်ပြန်သည်။

၂၀၂၃ နိုဝင်ဘာ ၁၃ရက်မှ နိုဝင်ဘာ ၁၃ရက်အထိ အမျိုးသား ၅၁၇ဦးနှင့် အမျိုးသမီး ၂၁၈ဦးစုစုပေါင်း ၇၃၅ဦး စစ်ကောင်စီ​၏ လက်ချက် ကြောင့် သေဆုံးခဲ့ရကြောင်းHDCOက အသိပေးထုတ်ပြန်သည်။

စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ စစ်ကြောင်းထိုးသတ်ဖြတ်မှု၊ စစ်ကျန်လက်နက်နှင့် မြေမြှုပ်မိုင်းများကြောင့် သေဆုံးရခြင်းဖြစ်ပြီး လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အများဆုံးသေဆုံးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

(ရခိုင်ပြည်နယ်တိုက်ပွဲ တစ်နှစ်တာအတွင်း စစ်ကောင်စီတပ်​၏ ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ။ ဓာတ်ပုံ - AA)
(ရခိုင်ပြည်နယ်တိုက်ပွဲ တစ်နှစ်တာအတွင်း စစ်ကောင်စီတပ်​၏ ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ။ ဓာတ်ပုံ – AA)

သေဆုံးသူများတွင် (၁၈)နှစ်အောက် ကလေးသူငယ် ၁၃၂ ဦးပါဝင်သည်ဟု ထပ်မံအသိပေးသည်။ စစ်တွေမြို့နယ်မှ အရပ်သား ၁၀၈ ဦးဖြင့် အများဆုံးသေဆုံးခဲ့ပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ ၃၁ဦးလည်းပါဝင်သည်။

ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူ ၁,၅၆၃ ဦးကြောင်း HDCOက ထုတ်ပြန်ထားသည်။

စစ်ကောင်စီ​၏ လက်ချက်အပြင် တိုက်ပွဲတစ်နှစ်တာအတွင်း ARSA၊ RSO၊ ARA မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များ၏ ဖမ်းဆီးသတ်ဖြတ်မှုနှင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၂၂ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၅ဦးရှိကြောင်း HDCO က ထုတ်ပြန်ထားသည်။

အထက်ပါစာရင်းသည် နိုဝင်ဘာ ၁၃ရက်အထိစာရင်းဖြစ်ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေကာ အရပ်သားသေဆုံးမှုများလည်း ဆက်ရှိနေသည်။

(ရခိုင်ပြည်နယ်တိုက်ပွဲ တစ်နှစ်တာအတွင်း စစ်ကောင်စီတပ်​၏ ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ။ ဓာတ်ပုံ - AA)
(ရခိုင်ပြည်နယ်တိုက်ပွဲ တစ်နှစ်တာအတွင်း စစ်ကောင်စီတပ်​၏ ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ။ ဓာတ်ပုံ – AA)

တောင်ကုတ်မြို့နယ်၊ ရန်ခိုကျေးရွာကို နိုဝင်ဘာ ၁၄ ရက် နံနက် ၃ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ပြီး လက်နက်ကြီးဖြင့်ပစ်ရာ အရပ်သား ၄ ဦးသေဆုံးခဲ့သည်။

လူသေဆုံးမှုများအပြင် ရခိုင်ပြည်နယ် တစ်နှစ်တာတိုက်ပွဲများအတွင်း စစ်ကောင်စီက တံတား၂၈စင်းနှင့် ဘာသာရေးဆိုင်ရာအဆောက်အအုံများအပါအဝင် အဆောက်အအုံ ၁၅၀ကျော် ဖျက်ဆီးခဲ့ကြောင်း AAက ထုတ်ပြန်ထားသည်။

လက်ရှိတွင် AAက မြို့ ၁၂မြို့များကို ထိန်းချုပ် ထားပြီး အမ်း၊ မောင်တော၊ ဂွ၊ တောင်ကုတ်မြို့နယ်တို့မှ စစ်ကောင်စီစခန်းများကို ထိုးစစ် ဆင်တိုက်ခိုက်နေသည်ဟု AAက ထုတ်ပြန် ထားသည်။

ဆက်စပ်သတင်းများ

Facebook