ကရင်ပြည်နယ်၊ ဖာပွန်မြို့ရှိ မြို့နယ်တရားရုံးအပါအဝင် စစ်ကောင်စီလက်အောက်ခံ ရုံးဌာန လေးခုကို တော်လှန်ရေးအင်အားစုများက ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှ်ိသည်။
ဖာပွန်မြို့နယ် တရားရုံး၊ လူဝင်မှုကြီးကြပ်ရေးရုံး၊ မြို့နယ်စာရင်းစစ်ရုံးနှင့် မြို့နယ်အခွန်ရုံးတို့ကိုဩဂုတ် ၁၁ရက် ညတွင် ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဟု ဖာပွန်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။




“ည ၁၁နာရီလောက်မှာ ပေါက်ကွဲသံတွေ ဆက်တိုက်ကြားတာ။ ရုံးတွေက လူမနေရဲကြလို့ မနေကြဘူးလို့လည်း ကြားတယ်။NonCDM ဝန်ထမ်းတွေကတော့ တော်တော်လေး ကြောက်နေကြတယ်” ဟု ဖာပွန်မြို့ခံတစ်ဦးက ပြောသည်။
သို့သော် တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုကို မသိရသေးပေ။
ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ (၅)က စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများအနေဖြင့်ရာထူးမှ အမြန်ဆုံးနှုတ်ထွက်ရန်နှင့် လိုက်နာခြင်းမရှိပါကအရေးယူသွားမည်ဟုဩဂုတ် ၈ရက်တွင် ထုတ်ပြန်ခဲ့သည်။ထုတ်ပြန်ပြီး သုံးရက်အကြာတွင် စစ်ကောင်စီလက်အောက်ခံရုံးဌာနများ တိုက်ခိုက်ခံရခြင်းဖြစ်သည်။အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်၍ KNUက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
