-People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို စစ်ကောင်စီက နှစ်ရက်ဆက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၁၃ ရက်က ဂျက်ဖိုက်တာဖြင့်ဗုံးကြဲတိုက်ခိုက်မှုတွင် အမျိုးသား လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်သည်။
ယမန်နေ့ (နိုဝင်ဘာ ၁၃ ရက်) ညနေ ၆နာရီခွဲအချိန်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် တရားရုံးနှင့် ရဲစခန်းနောက်ဖက်နေရာကို ပေါင်(၃၀၀)ဗုံး နှစ်လုံးကြဲချတိုက်ခိုက်ခဲ့သည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား လေးဦး ထိခိုက်ဒဏ်ရာရရှိပြီး တရားရုံးအပြင် နေအိမ် သုံးလုံးနှင့် အိမ်စီးကားများလည်း ထိမှန်ပျက်စီးခဲ့သည်ဟု ဆိုသည်။

Public Service Announcement
“အရမ်းဆိုးဆိုးပဲ အဲ့တိုက်မှာ လူတော့ မနေနေဘူး သိရသလောက်။ ဘာမှလည်းလုပ်တဲ့အိမ်မျိုးမဟုတ်ပါဘူး”ဟု နောင်ချိုမြို့ခံ တစ်ဦးက ပြောသည်။
ထိုမတိုင်မီ နိုဝင်ဘာ ၁၂ရက်ကလည်း စစ်ကောင်စီတပ်က နောင်ချိုမြို့မစျေးရပ်ကွက်ရှိ ခရီးသည် စည်ကားနေသည့် လန်းဆန်းလက်ဖက်ရည်ဆိုင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံနှင့် ခရီးသွားပြည်သူ ၁၁ဥိီး သေဆုံးပြီး ၁၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် နေအိမ်(၁၄)လုံး၊ စျေးဆိုင်ခန်း(၁၃)ခန်း ထိခိုက်ပျက်စီးပြီး အိမ်စီးကားနှင့် ခရီးသည်ယာဥ်အပါအဝင် စုစုပေါင်းကား (၇)စီး မီးလောင် ပျက်စီးခဲ့သည်။
