မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ ရှေ့နေ ဖြစ်သူ ဒေါ်ရွက်နုအောင်ကို စစ်ကောင်စီက ဒီဇင်ဘာလ ၂၈ ရက်မှာ အပြီးသတ်အမိန့်ချဖို့ရှိနေပါတယ်။
PDF ထောက်ပံ့ရေးလုပ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ရှေ့နေ ဒေါ်ရွက်နုအောင်ကို အိုးဘိုထောင် ရုံးချိန်းကအပြန်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာပါ။
အဲဒီနောက် ထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်တသက်အထိ ချလို့ရတဲ့ အကြမ်းဖက်ပုဒ်မ ၅၀ (ည)နဲ့ တရားစွဲပါတယ်။
ရှေ့နေဒေါ်ရွက်နုအောင်ဟာ အာဏာသိမ်းမှုအပြီး စစ်တပ်က ဖမ်းဆီးတရားစွဲထားတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အပါအဝင် မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြတို့ဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ရှေ့နေဖြစ်ပါတယ်။
မန္တလေးတိုင်း NLD ဗဟိုအလုပ်အမှုဆောင်တစ်ဦးလည်းဖြစ်သလို နာမည်ကျော် ဗစ်တိုရီးယားအမှုမှာ နစ်နာသူကလေးငယ်ဘက်က လိုက်ပါဆောင်ရွက်ပေးခဲ့သူလည်းဖြစ်ပါတယ်။
