မန္တလေး တိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ရဲ့ ရှေ့နေ ဖြစ်သူ ဒေါ်ရွက်နုအောင်ကို အကြမ်းဖက်အားပေးမှု နဲ့ စစ်ကောင်စီရဲ့ အိုးဘိုထောင်တွင်း တရားရုံးမှာ ဒီနေ့ ထောင်ဒဏ် ၁၅ နှစ်ချလိုက်ပါတယ်။
ရှေ့နေ ဒေါ်ရွက်နုအောင်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ၊NLD မန္တလေးတိုင်း ဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြတို့ဘက်က လိုက်ပါဆောင်ရွက်ပေးတဲ့ရှေ့နေဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဧပြီလကုန်ပိုင်းက အိုးဘိုထောင်တွင်း တရားရုံး ချိန်းကနေအပြန်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။
အဲဒီနောက် စစ်ဆေးပြီး PDF ကိုငွေကြေးထောက်ပံ့တယ်ဆိုကာ အကြမ်းဖက်ပုဒ်မ ၅၀ (ည) နဲ့ တရားစွဲပြီးအိုးဘိုထောင်ကိုပို့ခဲ့ပါတယ်။
၇ လကျော်အကြာမှာတော့ ထောင်ဒဏ် ၁၅ နှစ်ချလိုက်တာပါ။
ဒေါ်ရွက်နုအောင်ဟာ လူသိများတဲ့ ဗစ်တိုရီးယားအမှုမှာ နစ်နာသူကလေးငယ်ဘက်က လိုက်ပါဆောင်ရွက်ပေးတဲ့ရှေ့နေလည်းဖြစ်ပါတယ်။
