မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ ရှေ့နေ ဒေါ်ရွက်နုအောင်အပေါ် အကြမ်းဖက်ပုဒ်မ နဲ့စွဲဆိုထားတဲ့အမှုကို လာမယ့် ရက်သတ္တပတ်ရုံးချိန်းမှာ အပြီးသတ်လျှောက်လဲချက်ပေးပါတော့မယ်။
ရှေ့နေ့ ဒေါ်ရွက်နုအောင်ကိုအနိမ့်ဆုံးထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ် တသက်ထိ ချလို့ရတဲ့အကြမ်းဖက်ပုဒ်မ ၅၀ ည. နဲ့စစ်ကောင်စီက တရားစွဲထားတာပါ။
အဲဒီအမှုကိုအိုးဘိုထောင်တွင်း စစ်ကောင်စီတရားရုံးမှာ စစ်ဆေးနေတာဖြစ်ပြီး လာမယ့် ဒီဇင်ဘာလ၁၃ ရက်နေ့ ရုံးချိန်းမှာအပြီးသတ်လျှောက်လဲချက်ပေးမယ်လို့သိရပါတယ်။
အခုလို တရားစွဲခံထားရတဲ့ ဒေါ်ရွက်နုအောင်ဟာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဖမ်းဆီးထားတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ၊ မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြတို့ ရဲ့အမှုတွေကိုလိုက်ပါဆောင်ရွက်ပေးနေသူရှေ့နေဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီအတွင်းမှာတော့ အိုးဘိုထောင်ရုံးချိန်ကအပြန် မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။
အဲဒီနောက် PDF ကိုထောက်ပံ့တယ်ဆိုပြီး အကြမ်းဖက်ပုဒ်မနဲ့တရားစွဲခဲ့တာလည်းဖြစ်ပါတယ်။
