close
Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းမြို့တွင်းတိုက်ပွဲ၌ စစ်ကောင်စီမိုင်းစစ်ဆင်ရေးအဓိကတာဝန်ရှိသူကို ဖမ်းမိ

ဒီပဲယင်းမြို့တွင်ယမန်နေ့(အောက်တိုဘာလ ၁၇ ရက်) နံနက်ပိုင်းကဖြစ်ပွားသောတိုက်ပွဲ၌ စစ်ကောင်စီဘက်မှ မိုင်းစစ်ဆင်ရေးအဓိကတာဝန်ရှိသူကို ကာကွယ်ရေးတပ်ဖွဲ့များကဖမ်းမိထားပြီး တစ်ဦးသေဆုံးခဲ့သည်။

PDF များကဖမ်းဆီးထား​သောစစ်သုံ့ပန်းနှင့် ၎င်းထံမှသိမ်းဆည်းရရှိ​သော​​​MA1သေနတ်နှင့်ကျည်။ ဓါတ်ပုံ-အဖြူ​ရောင် DPY

လူအေး/People’s Spring

ဒီပဲယင်းမြို့တွင်ယမန်နေ့(အောက်တိုဘာလ ၁၇ ရက်) နံနက်ပိုင်းကဖြစ်ပွားသောတိုက်ပွဲ၌ စစ်ကောင်စီဘက်မှ မိုင်းစစ်ဆင်ရေးအဓိကတာဝန်ရှိသူကို ကာကွယ်ရေးတပ်ဖွဲ့များကဖမ်းမိထားပြီး တစ်ဦးသေဆုံးခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့က တပ်စွဲထားသည့်နေရာများမှ ပြင်ပသို့ထွက်ခွာလာစဉ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“စစ်ကြောင်းထွက်တာလား။ ပစ္စည်းတွေထွက်ရှာတာလားတော့မသိဘူး။တိုက်ပွဲဖြစ်တော့ ဒဏ်ရာတွေနဲ့ထွက်ပြေးတဲ့သူ သေတယ်။ မိထားတဲ့လူကတော့ မိုင်းစစ်ဆင်ရေးမှာ အရေးပါတဲ့သူတစ်ယောက်ပါ”ဟုပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

အင်အား ၂၀ ခန့်ပါဝင်သော ထိုစစ်ကြောင်းသည် ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။တိုက်ပွဲဖြစ်ပွားပြီးနောက် ညဘက်တွင် စစ်ကောင်စီက လေကြောင်းမှနှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်သွားခဲ့သည်။ သို့သော် အရပ်သားနှင့်ပြည်သူ့ကာကွယ်ရေးရဲဘော်များ ထိခိုက်မှုမရှိခဲ့ပေ။

ဒီပဲယင်းမြို့ကို ပြီးခဲ့သည့် ဩဂုတ်လ ၁၈ ရက်နေ့တွင် ရွှေဘိုခရိုင်အမှတ် (၁) ကွပ်ကဲရေးရုံးကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးပူး ပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သော်လည်း စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ပြီးပြန်လည်ထိန်းချုပ်ခဲ့သည်။ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၈ဦး သေဆုံးပြီး ၁၀ဦး ဒဏ်ရာရကာ Non-CDM ဝန်ထမ်း ၄၀ ဦး၊ အချုပ်သား ၂၀ ဦး၊ ပြည်သူ ၇၂ ဦးအားကယ်တင်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊အမှတ်(၁) စစ်ဒေသက ဩဂုတ်လ ၂၀ရက်၌ သတင်းထုတ်ပြန်သည်။

မြို့အားပြန်လည်ထိန်းချုပ်ပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများမကြာခဏပြုလုပ်နေသည်။ မြေပြင်စစ်ကြောင်းသည် ဒီပဲယင်းမြို့မရဲစခန်း၊ စာသင်ကျောင်းနှင့် ဇွဲစားသောက်ဆိုင်အဆောက်အအုံ၌ တပ်စွဲထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ်(၄)ရှိ နေရာ ကို စစ်ကောင်စီက ယမန်နေ့သီတင်းကျွတ်လပြည့်ညတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးသည်။

သတင်း

သီတင်းကျွတ်လပြည့်နေ့ည ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ နှင့် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားကြောင်း မြို့ခံများက ပြောသည်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံနှင့် နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ဦးနှင့် PDF ရဲဘော် ၅ဦး ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကောင်စီတပ်က မကွေးတိုင်း၊ ထီးလင်းမြို့နယ်ရှိ ညောင်ရွာနှင့် အကြည်ဘန်းကျေးရွာကြား စစ်ကောင်စီက ယမန်နေ့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

Facebook