close
Connect with us

Hi, what are you looking for?

သတင်း

လျှပ်စစ်ကား(EV)အားသွင်းခ တိုးမြှင့်ကောက်ခံမည်ဟုဆို

လျှပ်စစ်ကား(EV) အားသွင်းခတိုးမြှင့်ကောက်ခံရန် စစ်ကောင်စီ၏ လျှပ်စစ်သုံးယာဥ်ပြေးဆွဲ အသုံးပြုရေးနှင့် အခြေခံ အဆောက်အအုံများအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီက ကြေညာသည်။

စစ်ခေါင်းဆောင် သမီးပိုင်ဆိုင်သော ရန်ကုန်မြို့ရှိ EV Charging station များအားတွေ့ရစဥ်။ ဓါတ်ပုံ-CJ

ရဲခေါင်/People’s Spring

လျှပ်စစ်ကား(EV) အားသွင်းခတိုးမြှင့်ကောက်ခံရန် စစ်ကောင်စီ၏ လျှပ်စစ်သုံးယာဥ်ပြေးဆွဲ အသုံးပြုရေးနှင့် အခြေခံ အဆောက်အအုံများအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီက ကြေညာသည်။

အောက်တိုဘာ ၁၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်စာအရ လျှပ်စစ်ဓာတ်အားခနှုန်းထားများနှင့်အညီ လျှပ်စစ်သုံးယာဥ် အားသွင်းခကိုလည်းသင့်လျော်သည့် နှုန်းထားဖြင့် ပြင်ဆင်တိုးမြှင့်ကောက်ခံနိုင်ရေးအတွက် တွက်ချက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

Charging Station တည်ဆောက်နေသော ကုမ္ပဏီများနှင့် EV Taxi ပြေးဆွဲနေသော ကုမ္ပဏီများပါဝင်သည့် လျှပ်စစ်သုံးယာဥ် အားသွင်းခနှုန်းထားများ ပြင်ဆင်သတ်မှတ်နိုင်ရေးညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ ၁၁ ရက်က ပြုလုပ်ခဲ့ကြောင်း အသိပေးသည်။

EV ခရီးသည်တင်ယာဥ်နှင့် EV Taxi များအတွက် အားသွင်းခနှုန်းထားကို တစ်ယူနစ် ၇၀၀ ကျပ် နှင့် ကိုယ်ပိုင် EV ယာဥ်များအတွက် တစ်ယူနစ် ၇၅၀ကျပ် သတ်မှတ်ကြောင်း ဖော်ပြသည်။

“မီတာခ စတက်မယ်လို့ ကြေညာပြီးတဲ့နောက်မှာ စစ်ခေါင်းဆောင် သားနဲ့ သမီး ရဲ့ EV Charging Station တွေမှာအရင် တစ်ယူနစ် ၄၀၀ ကျပ် ကနေ ၁၀၀၀ ဖြစ်သွားတယ်။နောက်တစ်ခု က EV ယာဥ်အရောင်း အဝယ်အပေါ်ရိုက်ခက်မှု ဖြစ်သွားတယ်။အဲဒါကြောင့် တရားဝင်သတ်မှတ်ပေးဖို့ တောင်းဆိုလို့ ပြန်ပြီး ဆွေးနွေးကြတာ”ဟု မော်တော်ယာဥ် ဝယ်ရောင်းပြုလုပ်နေသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စစ်ခေါင်ဆောင်လက်ထက် ပြည်ပမှ မော်တော်ယာဥ်တင်သွင်းမှု ပိတ်လိုက်သော်လည်း လျှပ်စစ်ကား (EV)ကို အထူးကုန်စည်အဖြစ်သတ်မှတ်ကာ ၎င်း၏ သား သမီးများနှင့် ဆက်စပ်သူများကို တင်သွင်းခွင့်ပေး ခဲ့သည်။

“စျေးကွက်ထဲ ၂,၀၀၀ လောက်တော့ ရောက်နေပြီ။စာချုပ် ချုပ်ထားတွေအရ ဆိုရင်တော့ သောင်းဂဏန်း ရှိတယ်။အထူးသဖြင့်တော့ အောင်ပြည့်စုံ ကိုင်ထားတဲ့ BYD EV နဲ့ ခင်သီရိသက်မွန်တို့ရဲ့ MG EV က အများဆုံးပဲ။ဒါလည်း သူတို့အုပ်စုက အခွင့်ထူးခံဖြစ်နေတာကို။ပိုက်ဆံရှိတိုင်း ရွေးချယ်ခွင့်မရှိတော့ဘူး”ဟု မော်တော် ကားစျေးကွက်ကျွမ်းကျင်သူတစ်ဦးက လူထုနွေဦးသို့ ပြောထားသည်။

ပို့ကုန်ရငွေရှိပါက နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ (FESC)၏ ခွင့်ပြုချက် စောင့်စရာမလိုဘဲ အထူးအခွင့်အရေးအဖြစ် EVကို တင်သွင်းနိုင်သည်။

“ဒီကားတွေ အားသွင်းခဈေးတက်လည်း ဘာမှမထူးခြားဘူး။ လူတစုနဲ့ပဲသက်ဆိုင်တာ”ဟု အသက်(၂၆)နှစ်အရွယ် လူငယ်တစ်ဦးက ပြောသည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် ကြပ်တည်းနေသည့် အခြေခံလူထု၏ အဓိကလိုအပ်ချက်များကိုမူ အဆင့်ဆင့်သောမူဝါဒများဖြင့် ဖြတ် တောက်ထားပြီး အောက်တိုဘာ ၁ ရက်ကစ၍ ဆေးဝါးအပါအဝင် ပြည်ပသွင်းကုန်များအတွက် စစ်ကောင်စီက ဒေါ်လာရောင်းမပေးတော့ဘဲ ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာများကို လုပ်ငန်းရှင်များက ဝယ်ယူတင်သွင်းရမည်ဟု ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်တွင် ဂိုထောင်တစ်ခုတွင်ရပ်ထားသည့် လျှပ်စစ်ကား(EV) မီးလောင်ခဲ့သည်။

သတင်း

အာဏာသိမ်းခေါင်ဆောင်း မင်းအောင်လှိုင်သမီးလုပ်ကိုင်ခွင့်ရ နေသည့် လျှပ်စစ်ကား(EV) Charging Station များတွင် အားသွင်းခ နှစ်ဆခွဲဈေးတက်သွားကြောင်း မော်တော်ကားစျေးကွက်မှ သိရသည်။

နိုင်ငံတကာ

တခြား စမတ်ဖုန်း ကုမ္ပဏီ တစ်ခုဖြစ်တဲ့ တရုတ်ရဲ့ Xiaomiကတော့ စျေးကွက်ထဲ တင်ပို့ရောင်းချမယ့် ကုမ္ပဏီရဲ့ ပထမဆုံး လျှပ်စစ်ကား SU7ကို မကြာသေးခင်က တရားဝင် ထုတ်ပြန် ပြသခဲ့ပါတယ်။

သတင်း

သတိုး/People’s Spring ရန်ကုန်တိုင်း ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၌ လျှပ်စစ်ကားတစ်စီး အားသွင်းထားစဉ် မီးလောင်မှုဖြစ်ခဲ့ကြောင်း ဒေသခံပြည်သူတစ်ဦးက ပြောသည်။ အောက်တိုဘာ ၅ ရက် ည ၁၁နာရီခန့်တွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် (၃၁)ရပ်ကွက် သခင်ဗစိန်လမ်း၌ မီးလောင်မှုဖြစ်ခဲ့ခြင်းဖြစ်သည်။ “ကားမီးလောင်တာ အားသွင်းရင်းထပေါက်တာ။ တစ်စီးလုံးကုန်ရော”ဟု ယင်းမီးလောင်ကို မျက်မြင်တွေ့ရှိခဲ့သူက Live...

Facebook