close
Connect with us

Hi, what are you looking for?

သတင်း

ဇီးကုန်းမြို့တွင် အရက်ဆိုင်ထိုင်နေသော ရဲတပ်ကြပ်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ပေါ်တွင် အရက်ဆိုင်ထိုင်နေသော ရဲတပ်ကြပ်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ပစ်ခတ်ပြီးနောက် ရဲဘော်များ ဆုတ်ခွာလာစဥ်။

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ပေါ်တွင် အရက်ဆိုင်ထိုင်နေသော ရဲတပ်ကြပ်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၈ရက် ညနေ ၅နာရီခန့်က ဇီးကုန်းမြို့ရှိ အရက်ဆိုင်၌ အရက်သောက်နေသော ရဲတပ်ကြပ် ချင်းလေး(ခ)ခွါကြီး(ခ)ရန်ရှင်းခွါတို့အဖွဲ့အား တော်လှန်ရေးအဖွဲ့များက ဝင်ရောက်ပစ်ခတ်ရာ ရဲတပ်ကြပ်ကြီးရန်ရှင်းခွာဆိုသူ သေဆုံးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

“ဇီးကုန်းမြို့လယ်ခေါင်မှာဖြစ်တာပါ။ တပ်ကြပ်ရန်ရှင်းခွါ ဗိုက်ပွင့်ထွက်ပြီးသေတယ်။”ဟု KBU-တောလေး ပကဖခရိုင်လှုပ်ရှားအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးအား KBU-တောလေး ပကဖခရိုင်လှုပ်ရှားအဖွဲ့နှင့် တော်လှန်ရေးညီ‌နောင်များပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၂၇ နှင့် ၂၈ ရက်ကလည်း အာဏာသိမ်းစစ်တပ်၏ ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်မှုနှင့် ပစ်ခတ်သတ်ဖြတ်မှုကြောင့် နှစ်ရက်အတွင်း ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံပြည်သူ ၇ ဦး သေဆုံးခဲ့သည်။

ထို့အပြင် စက်တင်ဘာ ၂၉ရက်ကလည်း ကန့်ဘလူမြို့နယ်၊ ပင့်သာတိုက်နယ်အတွင်းရှိ ကျေးရွာနှစ်ရွာအား စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းနှင့် နေအိမ် ၄လုံး ပျက်စီးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး သေနတ်၂လက်နှင့် ခဲယမ်းများဖြင့် အလင်းဝင်လာကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

သတင်း

ဆောမြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီးတစ်ဦးသည် စက်ကလေးခေါ် MA-2တစ်လက် ယူဆောင်လာပြီး ဂန့်ဂေါခရိုင်၊ အမှတ်(၃)တပ်ရင်းထံအလင်းဝင်လာကြောင်း အဆိုပါတပ်ရင်းက ထုတ်ပြန်ထားသည်။

သတင်း

အဆိုပါ ရဲတပ်ကြပ်ကြီး ဇော်မင်းဦးသည် ပရိုဘောက်စ်ယာဥ်ဖြင့် ပြည်သူများနှင့်ရောနှော၍ အသွင်ယူလိုက်ပါလာခြင်းဖြစ်ပြီး ဖမ်းဆီးရမိချိန်တွင် ၎င်း၏ယူနီဖောင်းအား ပြန်လည်ဝတ်စဥ် စေ၍ စစ်ဆေးမေးမြန်းမှုများလုပ် ဆောင်ခဲ့သည်ဟု ဆိုသည်။

သတင်း

မြေကိုက်ခံရသူ ၆၁ ဦးမှာ အမျိုးသား ၄၅ ဦးနဲ့အမျိုးသမီး ၁၆ ဦးဖြစ်ပြီး သေဆုံး သူ ၅ ဦးဟာ ဆေးကုသမှု အချိန်မီမရလိုက်လို့ ဖြစ်တယ်လို့အဲဒီအဖွဲ့ကဆိုပါတယ်။