close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်မှာ ဂိမ်းစက် သိမ်းသွားတဲ့ ဖခင်ကို ၁၁ နှစ်သားက ပစ်သတ်

အမေရိကန်မှာ ဂိမ်းစက် သိမ်းသွားတဲ့ ဖခင်ကို အသက် ၁၁ နှစ်အရွယ် သားဖြစ်သူက သေနတ်နဲ့ ပစ်သတ်လိုက်ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Getty Images

အမေရိကန်မှာ ဂိမ်းစက် သိမ်းသွားတဲ့ ဖခင်ကို အသက် ၁၁ နှစ်အရွယ် သားဖြစ်သူက သေနတ်နဲ့ ပစ်သတ်လိုက်ကြောင်း သိရပါတယ်။

ဇန်နဝါရီ ၁၃ ရက်နေ့က ပယ်ဆယ်လ်ဗေးနီးယား ပြည်နယ်၊ ဒွန်ကန်နွန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုရဲ့ သံသယ တရားခံ ကလေးငယ်ဟာ အခုအခါ လူသတ်မှုအတွက် အမှုရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

ဖခင်ဖြစ်သူ အသက် ၄၂ နှစ်အရွယ် ဒေါက်ဂလက်စ် ဒီယက်ဇ်က Nintendo Switch လက်ကိုင် ဂိမ်းစက်လေးကို သိမ်းယူခဲ့တဲ့နောက် သားဖြစ်သူက မကျေနပ်ဘဲ သေနတ်နဲ့ ပစ်ခဲ့တာပါ။ ဒီကိစ္စဟာ အမေရိကန်က နေအိမ်တွေမှာ သေနတ်တွေကို ကလေးတွေ လက်လှမ်းမီနိုင်လောက်တဲ့ နေရာမှာထားခြင်းက ဘယ်လောက် အန္တရာယ် ကြီးသလဲဆိုတာ မြင်သာစေတဲ့ ဥပမာတစ်ခုလည်း ဖြစ်လာပါတယ်။

သတင်းတွေက အမည်ဖော်မပြတဲ့ ကလေးက ဒီယက်ဇ်ကို ပစ်ခတ်ခဲ့တဲ့နောက် ကလေးရဲ့ မိခင်က ရဲတွေဆီ ဖုန်းဆက် အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။ ရဲတွေက သွားရောက် စစ်ဆေးတဲ့ အခါမှာတော့ အခန်းထဲက ကုတင်ပေါ်မှာ သေဆုံးနေတဲ့ ဒီယက်ဇ်ရဲ့ အလောင်းကို ရှာတွေ့ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အခင်းဖြစ်တဲ့ နေ့ဟာ ကလေးရဲ့ မွေးနေ့လည်းဖြစ်ပြီး ‘ဒယ်ဒီ သေသွားပြီ’လို့ မိခင်ဆီ လာပြေးပြီး ပြောခဲ့တယ်လို့ ဆိုပါတယ်။ နေအိမ်ကို ရောက်နေတဲ့ စုံထောက်တွေကလည်း ကလေးက မိခင်ကို ‘ဒယ်ဒီကို သားသတ်လိုက်တာ’လို့ ပြောနေသံကို ကြားခဲ့ကြောင်း သိရပါတယ်။

ကလေးကို စုံထောက်တွေက ချော့မော့ မေးမြန်းတဲ့အခါ သူဟာ တစ်နေကုန် မိဘတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ရှိနေခဲ့ကြောင်း၊ ဒါပေမဲ့ ဖခင်ဖြစ်သူက သူ့ရဲ့ ဂိမ်းစက်ကို သိမ်းယူလိုက်တဲ့ အခါမှာ အရမ်း စိတ်ဆိုးသွားခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။ ဖခင်ဖြစ်သူ အိပ်ပျော်သွားတဲ့ အခါမှာတော့ သူဟာ သူ့ဖခင်ရဲ့ မီးခံသေတ္တာသော့ကို ယူပြီး ဖွင့်ကြည့်ခဲ့ပါတယ်။ အရင်က အဲဒီထဲမှာ ဂိမ်းစက်ကို သိမ်းထားဖူးတာကြောင့် အခုလို လုပ်ခဲ့တာလို့ ကလေးက ပြောပါတယ်။

ဒါပေမဲ့ ဂိမ်းစက်ကို မတွေ့ဘဲ သေနတ်ကိုပဲ ရှာတွေ့ခဲ့တဲ့နောက် ဖခင်ကိုလည်း စိတ်ဆိုးနေဆဲ ဖြစ်တဲ့အတွက် ကျည်ထိုးပြီး ပစ်ခတ်ခဲ့ကြောင်း ထွက်ဆိုထားပါတယ်။ ထွက်ချက်ထဲမှာတော့ ကလေးက သေနတ်ကို အိပ်ရာဘေး ယူသွားပြီး သေဆုံးသူကို အနီးကပ် ပစ်ခတ်ခဲ့တယ်လို့ ပါရှိခဲ့ပါတယ်။

သေနတ်နဲ့ပစ်ရင် ဘာဖြစ်မလဲ ဆိုတာကို သိရဲ့လားလို့ မေးတဲ့အခါမှာတော့ ကလေးက သူဟာ ဂိမ်းစက်ကို ရှာမတွေ့လို့ အရမ်းစိတ်ဆိုးနေပြီး အဲဒီအကြောင်းကိုတော့ မစဉ်းစားမိခဲ့ကြောင်း ဖြေဆိုသွားပါတယ်။ လောလောဆယ် ကလေးငယ်ကို အာမခံ မပေးဘဲ ထိန်းသိမ်းထားပြီး အမှုအတွက် ကနဦး ကြားနာမှုကို ဇန်နဝါရီ ၂၂ ရက်နေ့မှာ ရုံးချိန်း ခေါ်ယူထားကြောင်းလည်း သိရပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရိုကို ဝင်ဖမ်းခဲ့တဲ့ စစ်ဆင်ရေးအတွင်း သေဆုံးခဲ့တဲ့ ကျူးဘား စစ်သား ၃၂ ဦးရဲ့ ရုပ်အလောင်းတွေ ဇာတိနိုင်ငံဆီ ပြန်လည် ရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်ကို တိုက်ခိုက်တော့မယ်လို့ ကောလာဟလတွေပျံ့နှံ့နေချိန်မှာပဲအမေရိကန်ဟာအရှေ့အ လယ်ပိုင်း ဒေသတွင်းမှာရှိတဲ့စစ်စခန်းတွေက တပ် ဖွဲ့ဝင် တချို့ကို ရုပ်သိမ်းပြီး ရွှေ့ပြောင်းနေစေခဲ့ပါတယ်။

သတင်း

အမေရိကန်ဆီ ရွှေ့ပြောင်းဝင်ရောက်ခွင့် ဆိုင်းငံ့ခံရတဲ့ နိုင်ငံတွေ စာရင်းကို ၇၅ ခုထိ တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီ ပေါင်းစည်းဖို့ထက် ဒိန်းမတ် အစိုးရရဲ့ လက်အောက်မှာပဲ ဆက်ရှိနေချင်ကြောင်း ဂရင်းလန် ဝန်ကြီးချုပ်က အတည်ပြု ပြောကြားလိုက်ပါတယ်။

Facebook