close
Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့ကို သက်ရောက်စေတဲ့ငလျင်လှုပ်မှု ခပ်စိပ်စိပ်ဖြစ်​လာ

နေပြည်တော်နဲ ရန်ကုန်မြို့မှာ ယမန်​​နေ့ညကငလျင် ၂ကြိမ်လှုပ်ခတ်ပြီးတဲ့နောက် ဒီနေ့မနက်အ​စောပိုင်းမှာလည်း ရန်ကုန်မြို့နဲ့ မိုင် ​လေးဆယ်​ကျော်​ပဲ​ဝေးတဲ့ ညောင်တုန်းမြို့ကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄ဒဿမ၅အဆင့်ငလျင် လှုပ်ခတ်ခဲ့တာမှာရန်ကုန်ကသိသိသာသာခံစားရပါတယ်။

(၂၀၂၅ ​အောက်တိုဘာ ၁၇ ရက်ညမှာ ရန်ကုန်မှာငလျင်လှုပ်လို့ ပြည်သူ​တွေလမ်း​ပေါ်ထွက်တိမ်း​ရှောင်စဥ် ။ဓါတ်ပုံ-Zwe Yan Naung's FB)

ဇန်နဝါရီ-၂၀၊၂၀၂၆။ရွှေပြည်စိုး/People’s Spring

နေပြည်တော်နဲ ရန်ကုန်မြို့မှာ ယမန်​​နေ့ညကငလျင် ၂ကြိမ်လှုပ်ခတ်ပြီးတဲ့နောက် ဒီနေ့မနက်အ​စောပိုင်းမှာလည်း ရန်ကုန်မြို့နဲ့ မိုင် ​လေးဆယ်​ကျော်​ပဲ​ဝေးတဲ့ ညောင်တုန်းမြို့ကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄ဒဿမ၅အဆင့်ငလျင် လှုပ်ခတ်ခဲ့တာမှာရန်ကုန်ကသိသိသာသာခံစားရပါတယ်။

ဇန်နဝါရီလ ၂၀ ရက် မနက် ‌‌၁နာရီ ၂၆မိနစ်မှာဧရာဝတီတိုင်း၊ ညောင်တုန်းမြို့အနီး၊ မြေ
အောက်အနက် ၁၀ ကီလိုမီတာ(၆မ်ိုင်ခန့်)ကိုဗဟိုပြုပြီး လှုပ်ရှားသွားတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူမှုရေးရာ၊ လုပ်သားနှင့် လူသားချင်းစာနာထောက်ထောက်ထားရေးဝန်ကြီးဌာန(MoSLHA)ကသတင်းထုတ်ပြန်ထားပါတယ်။

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့ဟာ ရန်ကုန်တိုင်းနဲ့ဆက်စပ်နေပြီး ရန်ကုန်မြို့က မြို့နယ်အများစုမှာလည်း ငလျင်လှုပ်ရှားမှုသိသိသာသာခံစားခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

“ မနက် ၁နာရီကျော်က လှုပ်တာက ညကလှုပ်တာထက်တောင် ပြင်းတယ်။တော်တော် ခါသွားတယ်”
လို့မှော်ဘီမြို့မှာနေထိုင်သူတစ်ဦးကပြောပါတယ်။

ပြည်သူတဦးကလည်း” ကုတင်ကို ဆွဲခါနေလို့ထပြေးရ အိပ်ပျော်နေတာ လန့်နိုး” လို့ ငလျင်လှုပ်တဲ့အ​ပေါ်မှတ်ချက်ပြုပါတယ် ။

ဇန်နဝါရီလည ၁၀နာရီကျော်ကလည်း ရန်ကုန်
တိုင်း၊ တိုက်ကြီးမြို့နယ်ကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄ဒဿမ၅ အဆင့်ငလျင် လှုပ်ရှားခဲ့လို့ ရန်ကုန်မြို့ကအထပ်မြင့်အဆောက်အအုံတွေ ငလျင်ကို ခံစားခဲ့ရပါတယ်။ ငလျင်သိသိသာသာလှုပ်ရှားခဲ့တာ​ကြောင့် ရန်ကုန်မြို့ အထပ်မြင့်တိုက်ကပြည်သူ​အချို့ တိုက်​ပေါ်ကဆင်း​ပြေးခဲ့ကြပါတယ် ။

“ ရှစ်လွှာမှာ နေတာမို့လား မသိ ငလျင်လှုပ်တာ သေချာသိလိုက်တယ်။ တိုက်တစ်ခုလုံးကို လှုပ်ရမ်းသွားသလိုပဲ ဘုရားစင်က မီးဆို ရမ်းပြီးတော့ကို လှုပ်သွားတာပါ။ လှုပ်တာတော့ တချက်ထဲပါပဲ” လို့ စမ်းချောင်းမြို့နယ်နေ ပြည်သူတစ်ဦးက ဇန်နဝါရီ ၁၉ ညကလှုပ်ခဲ့တဲ့ငလျင်လှုပ်ခဲ့ပုံကိုပြောပါတယ်။

ဒါ့အပြင် နေပြည်​​တော်ဇမ္ဗူသီရိမြို့အနီးမှာ အင်
အား ရစ်ခ်တာစကေး ၃ အဆင့်ရှိ ငလျင်တစ်ခု မနေ့က ညက လှုပ်ရှားခဲ့ပါတယ်။နေပြည်တော်၊ တိုက်ကြီးနဲ့ ညောင်တုန်းမြို့မှာ လှုပ်ခဲ့တဲ့ငလျင်သုံးကြိမ်စလုံး မြေအောက်အနက် ၁၀ ကီလိုမီတာ(၆မ်ိုင်ခန့်)ကိုဗဟိုပြုတဲ့ ဇောက်တိမ်ငလျင်တွေ ဖြစ်ပါတယ်။​ဇောက်တိမ်ငလျင်​တွေက ​မြေပြင်နဲ့ပ်ုနီးကပ်တာ​ကြောင့် ​မြေ​အောက်အနက်မှာလှုပ်တဲ့ ​ဇောက်နက်ငလျင်​တွေထက် ဖျက်အားပိုပြင်းပါတယ်၊

ရန်ကုန်နဲ့ ဧရာဝတီတိုင်းဆက်စပ်မြို့နယ်တချို့မှာ ၂၀၂၅ မတ်လအစောပိုင်းက ရစ်ခ်တာစကေး ၄နဲ့ ၅ပတ်ဝန်းကျင် ငလျင်တွေ မကြာခဏလှုပ်ခဲ့ဖူးပါတယ်။၂၀၂၅ မတ်လ ၅ရက်က ညောင်တုန်းမြို့အနီးကို ဗဟိုပြုပြီး ရစ်ခ်စတာစကေး စကေး ၅ ဒသမ ၁ အဆင့်ငလျင်လှုပ်ခဲ့ပါတယ်။ ညောင်တုန်းမြို့အနီးက မအူပင်မြို့မှာ အဆောက်အဉီတချို့ ပျက်စီးခဲ့ပါတယ်။

ရန်ကုန်နဲ့ဧရာဝတီတိုင်းဟာဒေးဒရဲပြတ်ရွှေ့ကြောင့်လည်း ငလျင်လှုပ်ရှားနိုင်သလို ရန်ကုန်မြစ်ဝအနီးရှိ ပြတ်ရွေ့တွေကြောင့်လည်း ငလျင်လှုပ်နိုင်တယ်
လို့ ဘူမိပညာရှင်​တွေက​ပြောထားပါတယ်။ပဲခူးမြို့အနီးက စစ်ကိုင်းပြတ်ရွေ့ရဲ့တောင်ဘက်စွန်းပိုင်းလှုပ်ရှားပါကလည်း ရန်ကုန်မြို့မှာ ငလျင် လှုပ်စေပါတယ်။

စစ်ကိုင်းပြတ်ရွေ့ တောင်ဘက်အပိုင်းဟာ ပဲခူးငလျင်အဖြစ် ၁၉၃၀ ခုနှစ်ကအင်အားပြင်း လှုပ်ခတ်ခဲ့ဖူးပါတယ်။ယင်းငလျင်ကြောင့် ရန်ကုန်မြို့မှာ အဆောက်အအုံအချို့ ပြိုကျပျက်စီးခဲ့ပြီး လူ ၅၀ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။ စစ်ကိုင်းပြတ်ရွေ့က ၂၀၂၅ မတ်လ ၂၈ရက်မှာ မန္တလေးနဲ့စစ်ကိုင်းမြို့ကိုဗဟိုပြုပြီးရစ်ခ်တာစကေး၇ဒဿ
မ၇နဲ့ လှုပ်ပြီးနောက်ပိုင်း နောက်ဆက်တွင်းငလျင်တွေ အကြိမ်ရာချီလှုပ်ရှားနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ ဒီက​​နေ့ (ဇန်နဝါရီ ၁၉) ညပိုင်းမှာ ငလျင်တစ်ခု လှုပ်ခတ်သွားပြီးမြို့နယ်အများစုကပြည်သူ​တွေသိသိသာသာခံစားလိုက်ရကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။

နိုင်ငံတကာ

ပြင်းအား မဂ္ဂနီကျု ၆.၅ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်မှုကြောင့် မက္ကဆီကို အလယ်ပိုင်းနဲ့ တောင်ပိုင်း ဒေသတွေမှာ ထိခိုက်ပျက်စီးမှုတချို့ ဖြစ်ပေါ်ခဲ့ပါတယ်။

သတင်း

ဖျက်အားပြင်း ဧရာမ ငလျင်ကြီးတစ်ခု လှုပ်ခတ်နိုင်ခြေကို ရှားရှားပါးပါး ကြိုတင် သတိပေးထားမှုကို ဂျပန်က ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ကမ်းလွန်ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။