ဇန်နဝါရီ-၁၅၊၂၀၂၆။People’s Spring
အီရန်ကို တိုက်ခိုက်တော့မယ်လို့ ကောလာဟလတွေပျံ့နှံ့နေချိန်မှာပဲအမေရိကန်ဟာအရှေ့အ
လယ်ပိုင်း ဒေသတွင်းမှာရှိတဲ့စစ်စခန်းတွေက တပ်
ဖွဲ့ဝင် တချို့ကို ရုပ်သိမ်းပြီး ရွှေ့ပြောင်းနေစေခဲ့ပါတယ်။
တကယ်လို့အမေရိကန်ကသာအီရန်ကိုရန်လို တိုက်
ခိုက်လာမယ်ဆိုရင် အရှေ့အလယ်ပိုင်း အိမ်နီးချင်း နိုင်ငံတွေမှာ ဖြန့်ကျက်ထားတဲ့ အမေရိကန် စစ်စခန်းတွေကို ပစ်မှတ်ထား လက်တုံ့ပြန်မယ်လို့ အီရန် ထိပ်တန်း အရာရှိ တစ်ဦးက သတိပေးခဲ့တဲ့နောက် အမေရိကန်က ဒေသတွင်းမှာ ဖြန့်ကျက်ထားတဲ့ စစ်သည်တချို့ကို လျှော့ချခဲ့တာ ဖြစ်ပါတယ်။
အီရန်မှာအစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေအရှိန်မြင့်တက်လာနေပြီး အာဏာပိုင်တွေရဲ့ အင်အားသုံး ဖြိုခွင်းမှုကြောင့် ဆန္ဒပြ ပြည်သူ ၂၆၀၀ နီးပါး သေဆုံးခဲ့ရပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဆန္ဒပြ အီရန် ပြည်သူတွေကို ကယ်
တင်ဖို့အတွက် အီရန်ကို တိုက်ခိုက်လာနိုင်တယ်လို့ သတိပေးထားပြီး နှစ်နိုင်ငံကြား တင်းမာမှုတွေ အမြင့်ဆုံးကို ရောက်ရှိနေပါတယ်။

Public Service Announcement
ဇန်နဝါရီ ၁၄ ရက်နေ့ ညပိုင်းမှာတော့ အမေရိကန်ရဲ့ နာမည်မဖော်တဲ့ စစ်ဘက် အရာရှိ တစ်ဦးက ကာတာ အပါအဝင် ဒေသတွင်းမှာရှိတဲ့ မဟာဗျူဟာမြောက် စစ်စခန်းတချို့ရဲ့ တပ်ဖွဲ့ဝင်တွေဟာ ဒေသတွင်း တင်းမာမှုတွေကြောင့် ကြိုတင် သတိထား တုံ့ပြန်မှုအဖြစ် စတင် ထွက်ခွာနေတယ်လို့ ပြောကြားခဲ့ပါတယ်။
လက်ရှိ ဖြစ်ပျက်ပြောင်းလဲနေတဲ့အခြေအနေ အားလုံးက အမေရိကန်ရဲ့ တိုက်ခိုက်မှုဟာ အချိန်မရွေး ဖြစ်ပေါ်လာတော့မယ်ဆိုတာကိုညွှန်ပြနေကြောင်း၊ တခြားတစ်ဖက်မှာလည်းအမေရိကန်အစိုးရ အနေနဲ့ ဘယ်လို စစ်ဆင်ရေး အခင်းအကျင်းကို အသုံးပြုမလဲ ဆိုတာကို မသိနိုင်ကြောင်း၊ မှန်းဆရ ခက်ခဲလွန်းတာကိုကအမေရိကန်ရဲ့မဟာဗျူဟာအစိတ်အပိုင်းတစ်ခု ဖြစ်နိုင်ကြောင်း အနောက်နိုင်ငံ တစ်ခုရဲ့ စစ်ရေး သုတေသီ တစ်ဦးက ပြောကြားခဲ့ပါတယ်။
အိမ်ဖြူတော်မှာတော့ ထရမ့်က သူဟာအီရန်ရဲ့ လက်ရှိ အကျပ်အတည်းနဲ့ ပတ်သက်လို့ အမေရိကန် ပါဝင်ကိုင်တွယ်မယ့် ကိစ္စမှာ စောင့်ကြည့်ပြီးမှ ဆုံးဖြတ်မယ်ဆိုတဲ့ သဘောမျိုး မတင်မကျ မှတ်ချက်ပေးထားဆဲ ဖြစ်ပါတယ်။ နောက်ပြီး အီရန် အစိုးရကဆန္ဒပြသူတွေကိုပစ်မှတ်ထားသတ်ဖြတ်မှုတွေလျော့ကျသွားပြီလို့သူသိရှိထားကြောင်း၊ လောလောဆယ်မှာ အီရန်က ပြည်သူတွေကိုအုံနဲ့ကျင်းနဲ့ သတ်ဖြတ်မယ့် ကိစ္စတွေ မရှိဘူးလို့ ယုံ
ကြည်ထားကြောင်း ထရမ့်က ပြောပါတယ်။
သတင်းထောက်တွေက အဲဒီသတင်းအချက်အလက်ကို သူဘယ်လိုသိလဲလို့ မေးတဲ့အခါ ထရမ့်က အီရန်ကို ရည်ညွှန်းပြီး တခြားတစ်ဖက်မှာရှိတဲ့ အရမ်းအရေးပါတဲ့ သတင်းရင်းမြစ်တွေဆီက ရခဲ့တာလို့ ပြန်ဖြေသွားပါတယ်။အမေရိကန်က စတင် တိုက်ခိုက်လာနိုင်ခြေကို လျှော့လျှော့ပေါ့ပေါ့ သဘောမျိုး ပြောခဲ့ပေမယ့် အီရန်ကို စစ်ရေးအရ ကိုင်တွယ်မယ့် ဖြစ်နိုင်ခြေကိုလည်း ထရမ့်က မငြင်းခဲ့ပါဘူး။
ဘာတွေ ဖြစ်ပျက်နေဦးမလဲ ဆိုတာကို စောင့်ကြည့်သွားမယ်လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့အီရန်ဖက်ကအရမ်းကောင်းမွန်တဲ့ သဘောထား ရပ်တည်ချက်တွေ ပြသလာတာကိုမြင်တွေ့ထားတယ်လို့ သူက ဆိုပါတယ်။
ဥရောပ စစ်ဘက် အရာရှိတွေကတော့ အီရန်မှာ အမေရိကန်ရဲ့ စစ်ရေးအရ စွက်ဖက်မှုတွေဟာ ၂၄ နာရီလောက်အတွင်း စတင်လာနိုင်တယ်လို့ သုံးသပ်ခဲ့ပါတယ်။ကာတာမှာအခြေစိုက်ထားပြီး အရှေ့အလယ်ပိုင်း ဒေသတစ်ခုလုံးမှာ အမေရိကန်ရဲ့ အကြီးဆုံး စစ်စခန်းဖြစ်တဲ့ အယ်လ်ယူဒိဒ် လေတပ်စခန်းမှာလည်း အမေရိကန် တပ်ဖွဲ့ဝင်တွေ ရုပ်သိမ်း လျှော့ချနေတယ် ဆိုတာကိုကာတာ အစိုးရက အတည်ပြုခဲ့ပါတယ်။
အမေရိကန်က အီရန်ကို တိုက်ခိုက်လာနိုင်တယ်ဆိုတဲ့ ကောလာဟလတွေနဲ့အတူ ဗြိတိန်ဟာလည်း ကာတာက လေတပ်စခန်း တစ်ခုမှာ ဖြန့်ကျက်ထားတဲ့ တပ်ဖွဲ့ဝင် တချို့ကို ရွှေ့ပြောင်းနေစေပါတယ်။ ဒါပေမဲ့ ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ဒီကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။
အီရန်မှာ ရီယယ်ငွေတန်ဖိုး စံချိန်တင် ကျဆင်းမှုကို မကျေနပ်လို့ စျေးသည်တွေ၊ ကုန်သည်တွေ ဦးဆောင်ပြီး ဒီဇင်ဘာ ၂၈ ရက်နေ့က စတင်ဆန္ဒပြခဲ့ရာက နောက်တော့ ဘာသာရေး အခြေပြု အုပ်စိုးတဲ့အစိုးရကိုဆန့်ကျင်တဲ့လှုပ်ရှားမှုကြီးအဖြစ် ပြောင်းလဲလာခဲ့ပါတယ်။ အီရန် အာဏာပိုင်တွေက အဲဒီ ဆန္ဒပြပွဲတွေကို အကြမ်းဖက် နှိမ်နင်းခဲ့တဲ့နောက်အခြေအနေတွေပိုပြီးရှုပ်ထွေးလာခဲ့သလို လူထုရဲ့အုံကြွဖီဆန်မှုကလည်းတစ်နိုင်ငံလုံး အတိုင်းအတာထိပျံ့နှံ့လာခဲ့ပါတယ်။
ကိုးကား-Reuters
















































