close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့သူ တောင်ကိုရီးယား သမ္မတဟောင်း နောက်တစ်ကြိမ် အဖမ်းခံရ

အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာတဲ့ ကိစ္စနဲ့ ဆက်စပ်ပြီး အဖမ်းခံရဖူးသလို ရာထူးကိုပါ စွန့်လွှတ်ခဲ့ရတဲ့ သမ္မတဟောင်း ယွန်ဆွတ်ယောကို တောင်ကိုရီးယားက နောက်တစ်ကြိမ် ဖမ်းဆီးလိုက်ပါတယ်။

AP

အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာတဲ့ ကိစ္စနဲ့ ဆက်စပ်ပြီး အဖမ်းခံရဖူးသလို ရာထူးကိုပါ စွန့်လွှတ်ခဲ့ရတဲ့ သမ္မတဟောင်း ယွန်ဆွတ်ယောကို တောင်ကိုရီးယားက နောက်တစ်ကြိမ် ဖမ်းဆီးလိုက်ပါတယ်။

မနှစ်က ဒီဇင်ဘာ ၃ ရက်နေ့တုန်းက ယွန်ဟာ လွှတ်တော်ကို မြောက်ကိုရီးယား သူလျှိုတွေက စိမ့်ဝင်ထိန်းချုပ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ လူထုက ဆန့်ကျင်ပြီး လွှတ်တော်အမတ်တွေက အရေးပေါ် တုံ့ပြန် မဲခွဲမှုနဲ့ အဲဒီအမိန့်ကို ပယ်ချခဲ့တာကြောင့် သက်တမ်း ၆ နာရီကျော် အကြာမှာပဲ ပြန်ရုပ်သိမ်းခဲ့ရပါတယ်။

အဲဒီဖြစ်ရပ်ဟာ တောင်ကိုရီးယား နိုင်ငံရေး ရပ်ဝန်းကို အကြီးအကျယ် လှုပ်ခတ်သွားစေခဲ့သလို နောက်ဆက်တွဲ အရှုပ်အထွေးတွေနဲ့လည်း ကြုံတွေ့စေခဲ့ပါတယ်။ ယွန်ကိုယ်တိုင်လည်း လွှတ်တော်က သူ့ကို စွပ်စွဲပြစ်တင်မှုနဲ့ ကြုံခဲ့ပြီး အခြေခံဥပဒေ ခုံရုံး ဆုံးဖြတ်ချက်အရ ရာထူးကနေ ဖယ်ရှား ခံခဲ့ရပါတယ်။

အဲဒီ ကာလအတွင်း ယွန်ဟာ စုံစမ်းစစ်ဆေးမှုတွေနဲ့ ဆက်စပ်ပြီး အဖမ်းခံခဲ့ရပေမယ့် နောက်ပိုင်းမှာ ပြန်လွတ်လာခဲ့ပါတယ်။ သူ့ရဲ့ အမှုက မပြီးပြတ်သေးတာကြောင့် ယွန်ဟာ သက်သေ အထောက်အထားတွေကို ဖျောက်ဖျက်ပစ်လိုက်နိုင်တယ်လို့ စွပ်စွဲပြီး အစိုးရ ရှေ့နေတွေက နောက်ထပ် ဖမ်းဝရမ်း လျှောက်ထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၉ ရက်နေ့မှာတော့ ဆိုးလ်မြို့တော် ဗဟိုခရိုင် တရားရုံးရဲ့ တရားသူကြီး တစ်ဦးက ယွန်ကို ဖမ်းဆီးနိုင်မယ့် ဝရမ်းကို ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီနေ့က ယွန်ဟာ သူ့ကို ဖမ်းဝရမ်း ထုတ်သင့် မထုတ်သင့် ကြားနာတဲ့ ၇ နာရီကြာ တရားခွင်ကို တက်ရောက်ခဲ့ပါတယ်။ ယွန်က အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာတယ် ဆိုတာဟာ သမ္မတရဲ့ လုပ်ပိုင်ခွင့်ထဲမှာ ပါဝင်တာကြောင့် သူဟာ အခြေခံ ဥပဒေကို ချိုးဖောက်မှု မရှိခဲ့ကြောင်း အခိုင်အမာ ခုခံ ပြောဆိုထားပေမယ့် အစိုးရ ရှေ့နေတွေကတော့ စစ်အုပ်ချုပ်ရေး မကြေညာခင် ပါသင့်ပါထိုက်တဲ့ အစိုးရ အရာရှိတချို့ကို ချန်လှပ်ပြီး ယွန်က အစည်းအဝေးခေါ် အသိပေးခဲ့တဲ့ ကိစ္စကို အဓိက ပစ်မှတ်ထား ထောက်ပြခဲ့ကြပါတယ်။

ယွန်ဟာ အစောပိုင်းတုန်းက တရားခွင်မှာ ရှိနေခဲ့ပေမယ့် စီရင်ချက် မချခင်မှာ သူ့ကို ဆိုးလ်က အချုပ်ခန်းတစ်ခုထဲ လွှဲပြောင်းထားပြီး နောက်ဆုံး ဆုံးဖြတ်ချက်ကို အဲဒီနေရာကနေ စောင့်ဆိုင်းခဲ့ရပါတယ်။ နောက်တော့ တရားသူကြီးက ဖမ်းဝရမ်းကို ခွင့်ပြုပေးလိုက်တာကြောင့် သူ့ကို ရဲတွေ့ ဖမ်းဆီးခဲ့ပါတယ်။

ယွန်ဟာ ရာထူးကနေ ဆိုင်းငံ့ခံထားရချိန် အတောအတွင်း အဖမ်းမခံဘဲ သမ္မတ အိမ်တော်ကို ပိတ်ဆို့ထားပြီး ခိုအောင်းနေခဲ့ရာက ဇန်နဝါရီလမှာတော့ အလျှော့ပေးပြီး ပထမအကြိမ် အဖမ်းခံခဲ့ပါတယ်။ နှစ်လအကြာမှာ သူက ပြန်လွတ်လာပေမယ့် နိုင်ငံတော် ပုန်ကန်မှုလို စွပ်စွဲချက်တွေကနေတော့ မလွတ်မြောက်သေးပါဘူး။

သူဟာ ပြစ်မှုထင်ရှားရင်တော့ ထောင်ဒဏ်တစ်သက်နဲ့ သေဒဏ်လိုမျိုး အမြင့်ဆုံး ပြစ်ဒဏ်တွေကိုတောင် ကြုံရနိုင်ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အစိုးရ ရှေ့နေတွေက ယွန်ဟာ စစ်အုပ်ချုပ်ရေး မကြေညာခင်မှာ မြောက်ကိုရီးယား ပိုင်နက်ဖက်ကို စစ်သုံးဒရုန်းတွေ ပျံသန်းစေပြီး ရည်ရွယ်ချက်ရှိရှိ ရန်စခဲ့သလို သူ့ရဲ့ စစ်အုပ်ချုပ်ရေး ကြေညာမှုက မှန်ကန်ပါတယ်လို့ အကြောင်းပြချက် ပေးနိုင်အောင် ကြံစည်ထားခဲ့ကြောင်း အထောက်အထားတွေ တွေ့ရှိထားတယ်လို့လည်း ပြောကြားသွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရာထူးက ဖယ်ရှားခံရတဲ့ တောင်ကိုရီးယား သမ္မတ(ဟောင်း) ယွန်ဆွတ်ယောဟာ ဧပြီ ၁၁ ရက်နေ့မှာ သမ္မတ အိမ်တော်ကနေ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့တဲ့ ကိစ္စနဲ့ ဆက်စပ်ပြီး တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယောကို တောင်ကိုရီးယား တရားရုံးတစ်ခုက ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။

နိုင်ငံတကာ

အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့ချိန်တုန်းက တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယောဟာ သူကိုယ်စားပြုရာ အာဏာရ ပါတီ ခေါင်းဆောင်ကိုပါ ဖမ်းဆီးဖို့ ညွှန်ကြားခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တစ်နိုင်ငံလုံးကို အလန့်တကြား ဖြစ်သွားစေခဲ့တဲ့ အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့တဲ့ တောင်ကိုရီးယား သမ္မတကို ပါတီကနေ နုတ်ထွက်ပေးဖို့ လက်ရှိ အာဏာရ ပါတီက တောင်းဆိုလိုက်ပါတယ်။