close
Connect with us

Hi, what are you looking for?

သတင်း

တောင်ငူ ခလရ(၃၉)တပ်ရင်းကို ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်

ပဲခူးတိုင်း၊ တောင်ငူမြို့ လေးမိုင်ရှိ စစ်ကောင်စီ၏ အမှတ်(၃၉)ခြေလျင် တပ်ရင်း (ခလရ-၃၉) ကို ၁၀၇ မမ ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) တာဝန်ရှိသူက ပြောသည်။

စစ်ဆင်ရေးတစခုအတွင်း BWM အဖွဲ့က ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - BWM

ဇူလိုင်-၉၊၂၀၂၅။ သတိုး/ People’s Spring

ပဲခူးတိုင်း၊ တောင်ငူမြို့ လေးမိုင်ရှိ စစ်ကောင်စီ၏ အမှတ်(၃၉)ခြေလျင် တပ်ရင်း (ခလရ-၃၉) ကို ၁၀၇ မမ ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) တာဝန်ရှိသူက ပြောသည်။

“မြေပြင်မဟာမိတ်အဖွဲ့ရဲ့ နယ်မြေစစ်ရေးလိုအပ်ချက်အရ ပစ်ပေးခဲ့တာပါ” ဟု အဆိုပါ စစ်ဆင်ရေးနှင့်ပတ်သက်၍ ‌၎င်းက ပြောသည်။

အ‌ထက်ပါစစ်ဆင်ရေးကို BWMအဖွဲ့သည် ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၂)၊ တပ်ရင်း (၅)နှင့် ပူးပေါင်း၍ Mountain Knights Civilian Defense Force (MKCDF) ၊ Anti-Coup People’s Liberation Force (ACPLF) တို့နှင့်အတူ ခလရ(၃၉)တပ်ရင်းကို ဇူလိုင် ၈ ရက် နေ့လည် ၂ နာရီခွဲခန့်တွင် ၁၀၇ မမရှော့တိုက်ဒုန်းသုံးလုံးဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ခလရ(၃၉)တပ်ရင်းသည် တောင်ပိုင်တိုင်းစစ်ဌာနချုပ်၏ လက်အောက်ခံတပ်ရင်းတစ်ခုဖြစ်ပြီးယင်းနယ်မြေအတွင်း တော်လှန်ရေးလှုပ်ရှားမှုများအဟန့်အတားဖြစ်စေသည့် တပ်စခန်းဖြစ်သောကြောင့် မဟာမိတ်အဖွဲ့ KNLA တပ်မဟာ (၂)၊ တပ်ရင်း (၅)၏ နယ်မြေစစ်ရေးလိုအပ်ချက်အရ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု BWMက ထုတ်ပြန်ထားသည်။

ယင်းတိုက်ခိုက်မှုတွင် ခလရ(၃၉)တပ်ရင်းအတွင်း ရှော့တိုက်ဒုန်းများကျရောက်ပေါက်ကွဲခဲ့သောကြောင့် တပ်ရင်းရိက္ခာဂိုဒေါင် ၊ စက်ပစ္စည်းဂိုဒေါင် ၊ တပ်ရင်း လူပျိုဘားတိုက်များ ပျက်စီးပြီး အရာရှိနှစ်ဦးအပါအဝင် ငါးဦးသေဆုံးကာ ဒဏ်ရာရရှိသူ ခုနစ်ဦးရှိကြောင်း BWM တာဝန်ရှိသူကဆိုသည်။

“ထိခိုက်မှုကတော့ တပ်စီဒီအမ်အသိုင်းအဝိုင်းမှာ ပျံ့နေပြီးသားပါ” ဟု ထိခိုက်မှုစာရင်းနှင့်ပတ်သက်၍ ၎င်းကပြောသည်။

အဆိုပါထိခိုက်မှုစာရင်းနှင့် ပတ်သတ်၍ လူထုနွေဦးအနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။

BWM အဖွဲ့သည် အထက်ပါ မဟာမိတ်များနှင့်အတူ ဇူလိုင် ၈ရက်ကလည်း တောင်ငူလေတပ်စခန်းဌာနချုပ်ကိုလည်း ၁၀၇ မမရှော့တိုက်ဒုန်းများဖြင့် တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ခိုက်ခံရပြီး​နောက် စစ်တပ်က လက်နက်ကြီးအ​သေးများဖြင့်ပြန်ပစ်ခတ်ကာ ၊အနီးဝန်ကျင်း​ကျေးရွာများကို စစ်​ကြောင်းထိုး

သတင်း

စစ်ကိုင်းမြို့အခြေစိုက် စစ်ကောင်စီ၏ အမှတ်(၃၃) ခြေမြန်တပ်မဌာနချုပ်(တပ်မ-၃၃) အား ၁၀၇ မမရှော့တိုက်ဒုန်းသုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors For Myanmar (BWM) အဖွဲ့တာဝန်ရှိသူကပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ‌မြို့ရှိ စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အား ၁၀၇ မမရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM)အဖွဲ့တာဝန်ရှိသူက ပြောသည်။

သတင်း

ကျောင်းသား ၂၀ကျော်သေဆုံးခဲ့ရသည့် စစ်ကောင်စီ၏ အိုးတိန်တွင်းရွာစာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှုကို လက်တုန့်ပြန်သည့်အနေဖြင့် ပဲခူးတိုင်း၊တောင်ငူမြို့ရှ်ိ လေတပ်စခန်းကို ရှော့တိုက်ဒုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar(BWM)အဖွဲ့တာဝန်ရှိသူက ပြောသည်။