မြိုထဲက မီးပွိင့် ဓာတ်တိုင်ကို တင့်ကားက ဝင်တိုက်ခဲ့တဲ့ ဖြစ်ရပ်ဟာ စက်ချွတ်ယွင်းမှု ပြဿနာကြောင့်လို စင်ကာပူ စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။
ဇူလိုင် ၅ ရက်နေ့က စင်ကာပူ အမျိုးသားနေ့ အကြိုအဖြစ် လမ်းပိတ်ပြီး ပြုလုပ်တဲ့ သရုပ်ပြ ချီတက်ပွဲ အစီအစဉ်မှာ ပါဝင်တဲ့ တင့်ကားတစ်စီးဟာ လမ်းဘေးက မီးပွိင့် ဓာတ်တိုင်ကို ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်မှာ ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။
ဇူလိုင် ၈ ရက်နေ့မှာတော့ ကာကွယ်ရေး ဝန်ကြီးဌာနက အဲဒီကိစ္စနဲ့ ပတ်သက်လို ပိုမိုတိကျတဲ့ စုံစမ်းစစ်ဆေးမှု ရလဒ်တွေကို ကြေညာခဲ့ပြီး တင့်ကားရဲ့ ဘရိတ်နဲ့ စတီယာရင်ဆီ ဓာတ်အားပိုလွှတ်တဲ့ စနစ်မှာ ခဏတာ ပြတ်တောက်မှုဖြစ်လို ထိန်းချုပ်မှု လွတ်သွားခဲ့တာလို ရှင်းပြထားပါတယ်။
ဂျာမနီလုပ် Leopard 2SG တင့်ကားမှာ အမှားအယွင်း ဖြစ်ခဲ့တာနဲ့ ပတ်သက်လို ပိုပြီး တိကျတဲ့ အချက်အလက်တွေကိုတော့ လုံခြုံရေး ရှုထောင့်ကနေ ဆန်းစစ်ပြီးရင် ဆက်လက် ထုတ်ပြန်ပေးသွားမယ်လို ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

Public Service Announcement
နော့သ်ဘရစ်ဂျ် လမ်းနားက မီးပွိင့် ဓာတ်တိုင်ကို တင့်ကားက ဝင်တိုက်မိတဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ ရောက်ရှိလာခဲ့ပါတယ်။
စင်ကာပူ စစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်မှူးကြီး ဒေးဗစ်ကွက်ခ်က အခုဖြစ်ရပ်မှာ ထိခိုက်ပျက်စီးမှု ကြီးကြီးမားမား မရှိခဲ့ပေမယ့် အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း၊ တပ်ဖွဲဝင်တွေနဲ့ ပြည်သူတွေရဲ့ ဘေးကင်း လုံခြုံရေးဟာ စင်ကာပူ စစ်တပ် အမြဲအလေးထားတဲ့ ဦးစားပေး ရည်မှန်းချက်ဖြစ်ကြောင်း ပြောကြားသွားပါတယ်။
တင့်ကားဟာ အရှိန်နဲ့ မောင်းလာခဲ့ပြီး လမ်းကွေ့တစ်နေရာအရောက် ဘရိတ်အုပ်ရင်း ကွေ့ခဲ့ဟန် တူပေမယ့် မအောင်မြင်ဘဲ လမ်းထောင့်က မီးပွိင့် ဓာတ်တိုင်ကို ဝင်တိုက်ခဲ့တာပါ။ ဒါပေမဲ့ တင့်ကားရဲ့ ဘရိတ်စနစ်က ပြန်အလုပ်လုပ်သွားခဲ့ပြီး ရပ်တန့်သွားသလို မောင်းနှင်သူက တင့်ကားကို နောက်ပြန်ဆုတ်သွားခဲ့တာကိုလည်း ဗီဒီယိုထဲမှာ တွေ့ရပါတယ်။ အဲဒီအချိန်က ဓာတ်တိုင်ရဲ့ အနောက်ဖက် ပလက်ဖောင်းပေါ်မှာ စစ်ရေးပြ ချီတက်မှုကို စောင့်ကြည့်နေတဲ့ အရပ်သားတွေလည်း ရှိနေခဲ့ကြပါတယ်။
တန် ၇၀ ဝန်းကျင်လောက် အလေးချိန်ရှိတဲ့ တင့်ကားကြီး ဝင်တိုက်တာ ခံခဲ့ရတဲ့ မီးပွိင့်ဓာတ်တိုင်ကတော့ အောက်ခြေက မူလီကျွတ်ထွက်ပြီး နည်းနည်းယိုင်သွားခဲ့တယ်လို သိရပါတယ်။
ကိုးကား: CNA
